ဆိုးလ္ရွား အတြက္ ရာဇသံေပးလိုက္တဲ့ ဂေလဇာ

ယူႏိုက္တဒ္ အသင္းရဲ႕ ၿပီးခဲ့တဲ့ ငါးပြဲဆက္ ရလာဒ္ဆိုး႐ြားမႈ႕ေတြေနာက္ အသင္းဘုတ္အဖြဲ႕ အေပၚ ဖိအား ႀကီးႀကီးမားမား က်ေရာက္လာသလို တန္ျပန္ဖိအားအေနနဲ႔ နည္းျပ ဆိုးလ္ရွား ကိုလည္း ဂေလဇာ မိသားစုက ရာဇသံ ေပးပို႔လိုက္တယ္လို႔ ဖဘရီဇီယို႐ိုမာႏို ကဆိုပါတယ္။ ယူႏိုက္တဒ္ အေနနဲ႔ ေနာက္ဆုံး ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ငါးပြဲမွာ ႏွစ္ပြဲသာအႏိုင္ရကာ ႏွစ္ပြဲအေရးနိမ့္ၿပီး တစ္ပြဲ သေရက်ထားတာေၾကာင့္လည္း အေတာ္ေလး ဖိအားမ်ားေနတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ပိုမို ေကာင္းမြန္တဲ့ ရလာဒ္ကို ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ယခုတစ္လ အတြင္း ႏိုင္ငံတကာ ပြဲေတြ ရပ္နားၿပီး ျပန္လည္စတင္ခဲ့တဲ့ နယူးကာဆယ္ နဲ႔ပြဲမွာ (၄-၁) နဲ႔ အႏိုင္ရတာကလြဲရင္ က်န္ပြဲေတြမွာေတာ့ ဝက္စ္ဟမ္း ကို (၁-၂) နဲ႔ အႏိုင္ရၿပီး ဗီလာရီးရဲလ္ ကို (၂-၁) နဲ႔ ခ်န္ပီယံလိဂ္မွာ အႏိုင္ရကာ ကာရာေဘာင္မွာ ဝက္စ္ဟမ္းကို (၀-၁) နဲ႔အေရးနိမ့္သလို လိဂ္မွာလည္း ဗီလာကို (၀-၁)၊အဲဗာတန္ (၁-၁) တို႔ သာ ရလာဒ္ေတြ ရွိခဲ့လို႔ ပိုမိုနစ္နာခဲ့ ရတယ္လို႔ဆိုႏိုင္ပါတယ္။

ယူႏိုက္တဒ္ အတြက္ ယခုလ ဟာ ပြဲက်ပ္ကာလမတိုင္ခင္ ေျခေသြးႏိုင္မယ့္ ဟန္းနီးမြန္း ကာလျဖစ္ေပမယ့္ ဆိုးလ္ရွား ကေတာ့ ေကာင္းမြန္စြာ အသုံးခ်ႏိုင္ျခင္း မရွိပဲ အေတာ္ေလး အားနည္း တဲ့ ကစားဟန္ ေၾကာင့္ နည္းစနစ္ပိုင္းဆိုင္ရာအားနည္းခ်က္တစ္ခုျဖစ္ေနတဲ့အထိ ေဝဖန္ခံခဲ့ရပါတယ္။ ဆိုးလ္ရွား ရဲ႕ အသင္းက မက္-ဖရဒ္ အတြဲကို သာမန္ထက္ ပိုမို အသုံးျပဳကစားတဲ့ အေပၚ ပရိတ္သတ္ေတြက ေဝဖန္ၾကသလို လက္ေတြ႕မွာလည္း ဒီကြင္းလယ္အတြဲက အလုပ္မျဖစ္တာေၾကာင့္ အသင္းရဲ႕ ခံစစ္အေပၚ ႀကီးႀကီးမားမား သက္ေရာက္မႈ႕ ေတြ ျဖစ္လာေစပါတယ္။ ဖရဒ္ နဲ႔ ေတာ္မေနး ႏွစ္ေယာက္လုံး က တိုက္စစ္လိုက္မႈ႕နဲ႔ခံစစ္ ျဖည့္တင္းႏိုင္မႈ႕ေတြမွာ ေအာက္အသင္း ျဖစ္ေနရင္ျပသနာမရွိေပမယ့္ အသာစီးက ေနကစားရမယ့္ အခ်ိန္မွာေတာ့ အေတာ္ေလး ဗ်ာမ်ားကာ ျပသနာတက္တဲ့ ကြင္းလယ္အတြဲလည္းျဖစ္ပါတယ္။ ဒီကြင္းလယ္ေၾကာင့္ပဲ ဆိုးလ္ရွားရဲ႕ အိုးထရဒ့္ဖိုဒ့္ ေန႔ရက္ေတြက တျဖည္းျဖည္း ကုန္ဆုံးလာတာဆိုလည္း မမွားပါဘူး။

ယူႏိုက္တဒ္ အတြက္ အေရွ႕လာမယ့္ ပြဲေတြကေတာ့ ခေယာင္းလမ္း လို႔ ဆိုရႏိုင္ေလာက္ေအာင္ၾကမ္းတမ္းၿပီး ပြဲဆက္မ်ားမယ့္အျပင္ ပြဲက်ပ္လြန္းတာေၾကာင့္ လည္း ဆိုးလ္ရွားအတြက္ ဆက္ေနမလား၊ထြက္သြားရမလားဆိုတာက ရွင္းလင္းစြာအေျဖေပၚလာနိင္တာလည္းျဖစ္ပါတယ္။ ဂေလဇာ အေနနဲ႔ ဆိုးလ္ရွား ကို ယုံၾကည္ထားဆဲ ျဖစ္ေပမယ့္ ပရိတ္သတ္ေတြရဲ႕ ေဝဖန္မႈ႕ ျမင့္တက္လာျခင္း နဲ႔ လူမႈ႕ကြန္ရက္မွာ ပိုမိုျပင္းထန္တဲ့ ဖိအားေတြရင္ဆိုင္လာျခင္း တို႔က ေနာ္ေဝးလ္ တိုက္စစ္မႈးေဟာင္းကို ထုတ္ပယ္ဖို႔ အေၾကာင္းအရင္းေတြ တိုးပြါးလာေစၿပီး ရလာဒ္ ဆိုး႐ြားေနမယ္ဆိုရင္ ထုတ္ပယ္သြားဖို႔ ေစာလွ်င္စြာ စီစဥ္လိမ့္မယ္လို႔လည္း ႐ိုမာႏို ကဆိုပါတယ္။

ယူႏိုက္တဒ္ နည္းျပရာထူးကို ဇီဒန္း၊ကြန္တီ တို႔ အဓိက ေရပန္းစားေနၿပီး အိုင္းယက္စ္ နည္းျပ တန္ဟဂ္ ရလည္း ေရပန္းစား လ်က္ရွိေနပါတယ္။ဆိုးလ္ရွားအတြက္ေတာ့ ေအာက္တိုဘာ (၁၆) ကေန စတင္မယ့္ လက္စတာနဲ႔ ပြဲက စလို႔ လမ္းၾကမ္းကို ေတာနင္း ျဖတ္ေက်ာ္ရမွာျဖစ္ၿပီး ဒီတစ္ႀကိမ္က်ရႈံးခဲ့ရင္ေတာ့ မိုလ္ဒီ က ႀကိဳဆိုပါ၏ ဆိုတဲ့ ဆိုင္းဘုတ္ကိုသာ ျပန္လည္ ျမင္ေတြ႕ရေတာ့မွာလည္းျဖစ္ပါတယ္။

unicode

ယူနိုက်တဒ် အသင်းရဲ့ ပြီးခဲ့တဲ့ ငါးပွဲဆက် ရလာဒ်ဆိုးရွားမှု့တွေနောက် အသင်းဘုတ်အဖွဲ့ အပေါ် ဖိအား ကြီးကြီးမားမား ကျရောက်လာသလို တန်ပြန်ဖိအားအနေနဲ့ နည်းပြ ဆိုးလ်ရှား ကိုလည်း ဂလေဇာ မိသားစုက ရာဇသံ ပေးပို့လိုက်တယ်လို့ ဖဘရီဇီယိုရိုမာနို ကဆိုပါတယ်။ ယူနိုက်တဒ် အနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ငါးပွဲမှာ နှစ်ပွဲသာအနိုင်ရကာ နှစ်ပွဲအရေးနိမ့်ပြီး တစ်ပွဲ သရေကျထားတာကြောင့်လည်း အတော်လေး ဖိအားများနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပိုမို ကောင်းမွန်တဲ့ ရလာဒ်ကို ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ယခုတစ်လ အတွင်း နိုင်ငံတကာ ပွဲတွေ ရပ်နားပြီး ပြန်လည်စတင်ခဲ့တဲ့ နယူးကာဆယ် နဲ့ပွဲမှာ (၄-၁) နဲ့ အနိုင်ရတာကလွဲရင် ကျန်ပွဲတွေမှာတော့ ဝက်စ်ဟမ်း ကို (၁-၂) နဲ့ အနိုင်ရပြီး ဗီလာရီးရဲလ် ကို (၂-၁) နဲ့ ချန်ပီယံလိဂ်မှာ အနိုင်ရကာ ကာရာဘောင်မှာ ဝက်စ်ဟမ်းကို (ဝ-၁) နဲ့အရေးနိမ့်သလို လိဂ်မှာလည်း ဗီလာကို (ဝ-၁)၊အဲဗာတန် (၁-၁) တို့ သာ ရလာဒ်တွေ ရှိခဲ့လို့ ပိုမိုနစ်နာခဲ့ ရတယ်လို့ဆိုနိုင်ပါတယ်။

ယူနိုက်တဒ် အတွက် ယခုလ ဟာ ပွဲကျပ်ကာလမတိုင်ခင် ခြေသွေးနိုင်မယ့် ဟန်းနီးမွန်း ကာလဖြစ်ပေမယ့် ဆိုးလ်ရှား ကတော့ ကောင်းမွန်စွာ အသုံးချနိုင်ခြင်း မရှိပဲ အတော်လေး အားနည်း တဲ့ ကစားဟန် ကြောင့် နည်းစနစ်ပိုင်းဆိုင်ရာအားနည်းချက်တစ်ခုဖြစ်နေတဲ့အထိ ဝေဖန်ခံခဲ့ရပါတယ်။ ဆိုးလ်ရှား ရဲ့ အသင်းက မက်-ဖရဒ် အတွဲကို သာမန်ထက် ပိုမို အသုံးပြုကစားတဲ့ အပေါ် ပရိတ်သတ်တွေက ဝေဖန်ကြသလို လက်တွေ့မှာလည်း ဒီကွင်းလယ်အတွဲက အလုပ်မဖြစ်တာကြောင့် အသင်းရဲ့ ခံစစ်အပေါ် ကြီးကြီးမားမား သက်ရောက်မှု့ တွေ ဖြစ်လာစေပါတယ်။ ဖရဒ် နဲ့ တော်မနေး နှစ်ယောက်လုံး က တိုက်စစ်လိုက်မှု့နဲ့ခံစစ် ဖြည့်တင်းနိုင်မှု့တွေမှာ အောက်အသင်း ဖြစ်နေရင်ပြသနာမရှိပေမယ့် အသာစီးက နေကစားရမယ့် အချိန်မှာတော့ အတော်လေး ဗျာများကာ ပြသနာတက်တဲ့ ကွင်းလယ်အတွဲလည်းဖြစ်ပါတယ်။ ဒီကွင်းလယ်ကြောင့်ပဲ ဆိုးလ်ရှားရဲ့ အိုးထရဒ့်ဖိုဒ့် နေ့ရက်တွေက တဖြည်းဖြည်း ကုန်ဆုံးလာတာဆိုလည်း မမှားပါဘူး။

ယူနိုက်တဒ် အတွက် အရှေ့လာမယ့် ပွဲတွေကတော့ ခယောင်းလမ်း လို့ ဆိုရနိုင်လောက်အောင်ကြမ်းတမ်းပြီး ပွဲဆက်များမယ့်အပြင် ပွဲကျပ်လွန်းတာကြောင့် လည်း ဆိုးလ်ရှားအတွက် ဆက်နေမလား၊ထွက်သွားရမလားဆိုတာက ရှင်းလင်းစွာအဖြေပေါ်လာနိင်တာလည်းဖြစ်ပါတယ်။ ဂလေဇာ အနေနဲ့ ဆိုးလ်ရှား ကို ယုံကြည်ထားဆဲ ဖြစ်ပေမယ့် ပရိတ်သတ်တွေရဲ့ ဝေဖန်မှု့ မြင့်တက်လာခြင်း နဲ့ လူမှု့ကွန်ရက်မှာ ပိုမိုပြင်းထန်တဲ့ ဖိအားတွေရင်ဆိုင်လာခြင်း တို့က နော်ဝေးလ် တိုက်စစ်မှုးဟောင်းကို ထုတ်ပယ်ဖို့ အကြောင်းအရင်းတွေ တိုးပွါးလာစေပြီး ရလာဒ် ဆိုးရွားနေမယ်ဆိုရင် ထုတ်ပယ်သွားဖို့ စောလျှင်စွာ စီစဉ်လိမ့်မယ်လို့လည်း ရိုမာနို ကဆိုပါတယ်။

ယူနိုက်တဒ် နည်းပြရာထူးကို ဇီဒန်း၊ကွန်တီ တို့ အဓိက ရေပန်းစားနေပြီး အိုင်းယက်စ် နည်းပြ တန်ဟဂ် ရလည်း ရေပန်းစား လျက်ရှိနေပါတယ်။ဆိုးလ်ရှားအတွက်တော့ အောက်တိုဘာ (၁၆) ကနေ စတင်မယ့် လက်စတာနဲ့ ပွဲက စလို့ လမ်းကြမ်းကို တောနင်း ဖြတ်ကျော်ရမှာဖြစ်ပြီး ဒီတစ်ကြိမ်ကျရှုံးခဲ့ရင်တော့ မိုလ်ဒီ က ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကိုသာ ပြန်လည် မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *