ဖိအားေတြမ်ားလာတဲ့ ယူနိက္တဒ္အမႈ႕ေဆာင္ခ်ဳပ္ အဒ္ဝုဒ္ဝဒ္

မန္ယူႏိုက္တဒ္အသင္းရဲ႕ အေျပာင္းေ႐ႊ႕ေပၚလစီ၊စီးပြားေရးအေျခအေန နဲ႔ အသင္းမူဝါဒ ယိမ္းယိုင္မႈ႕ေတြ ေနာက္မွာ အမႈ႕ေဆာင္ခ်ဳပ္ အဒ္ဝုဒ္ဝဒ္ တစ္ေယာက္ အေတာ္ေလး ဖိအားမ်ားလာပါတယ္။ အထူးသျဖင့္ ကာလရွည္ၾကာ ပစ္မွတ္ထားခဲ့တဲ့ ေဂ်ဒန္ဆန္ခ်ိဳ ကို မရရွိေသးတာက ဝုဒ္ဝဒ္အေပၚပဲ အရာအားလုံးပုံက်လာသလို လက္ရွိမွာ ယူႏိုက္တဒ္အမႈ႕ေဆာင္ခ်ဳပ္က မိသားစုလုံၿခဳံေရးကိုပါစိုးရိမ္တဲ့အေနထားေရာက္ေနပါတယ္။ ၿပီးခဲ့တဲ့ဇန္နဝါရီမွာ ဘ႐ူႏိုဖာနန္ဒက္စ္ ေခၚယူေရး ၾကန႔္ၾကာေနလို႔ အိမ္ကိုမီးရႈးမီးပန္းေတြနဲ႔ ပစ္ေပါက္ခံခဲ့ရၿပီးေနာက္ အဒ္ဝုဒ္ဝဒ္က ယခုေႏြရာသီမွာလည္း အလားတူ အျဖစ္ပ်က္မ်ိဳး ျဖစ္ေပၚလာမွာကိုစိုးရိမ္ေနပါတယ္။ လက္ရွိမွာ မိသားစုနဲ႔ပက္သက္တဲ့ အခ်က္လက္ေတြကို လွ်ိဳ႕ဝွက္ထားၿပီး အိမ္ကိုလည္းအေရာင္းစာရင္းတင္ထားတဲ့အထိ အဒ္ဝုဒ္ဝဒ္တစ္ေယာက္ အေတာ္ေလး ေၾကာက္႐ြံေနပါတယ္။

ယူႏိုက္တဒ္က ေဂ်ဒန္ဆန္ခ်ိဳကို ကာလရွည္ၾကာကမ္းလွမ္းေစ့စပ္ေနေပမယ့္ ေခၚယူႏိုင္ျခင္းမရွိတဲ့အျပင္အျခားေသာ ပစ္မွတ္ေတြကိုေျပာင္းလဲေခၚယူတာ မ်ိဳးလည္း မရွိဝာာေၾကာင့္ ပရိတ္သတ္ေတြမက မီဒီယာ ကပါအေတာ္ေလး ဖိအားေပးလာပါတယ္။အထူးသျဖင့္ ယူႏိုက္တဒ္ အသင္းေခါင္းေဆာင္ေတြျဖစ္တဲ့ ဂယ္ရီနဗီးလ္၊အီဗရာ၊ရီယိုဖာဒီနန္၊႐ြိဳင္ကိန္း အျပင္ ဘာဘာေတာဗ့္၊ဖလက္ခ်ာ တို႔ကလည္း အဒ္ဝုဒ္ဝဒ္ ကို ေဝဖန္လာ ၾကလို႔ အသင္းဖက္ကေန သတင္းထုတ္ျပန္ၿပီး ေဝဖန္မႈ႕ေတြကို ျပန္လည္တုံျပန္ေနရပါတယ္။ ယူႏိုက္တဒ္ဟာ ႀကီးမားတဲ့ဝင္ေငြရလမ္းရွိေနသည့္တိူင္ အေႂကြးျပသနာေတြကအျပင္ ဂေလဇာမိသားစု ရဲ႕ ဆိုး႐ြားတဲ့ စီမံခန႔္ခြံမႈ႕ေတြက အသင္းရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ မူဝါဒေတြအေပၚ ထိခိုက္လာၿပီး ဆိုးလ္ရွားရဲ႕လမ္းေၾကာင္းအေပၚမွာပါ ယိမ္းယိုင္မႈ႕ေတြ ရွိလာပါတယ္။

ဆိုးလ္ရွားက ဆန္ခ်ိဳ လို လက္ရွိကမာၻ႔အေကာင္းဆုံး U20 ကစားသမားကိုေခၚယူလိုၿပီး ရရွ္ဖိုဒ့္၊မာစီရယ္၊ဆန္ခ်ိဳ၊ဂရင္းဝုဒ္ တြဲဖက္မႈ႕နဲ႔ဘအနာဂတ္ကို ပုံေဖာ္လိုတာျဖစ္ေပမယ့္အဒ္ဝုဒ္ဝဒ္ကေတာ့ ေငြေၾကး အက်ိဳးျမတ္ကိုပိုမိုတြက္ဆေနပုံရပါတယ္။ ယူႏိုက္တဒ္အေနနဲ႔ ရင္ဘတ္စပြန္ဆာ CHEVROLET နဲ႔လည္း ယခု ရာသီကုန္ရင္ သက္တမ္းကုန္ေတာ့မွာျဖစ္ၿပီး လက္ရွိအထိ ခိုင္မာတဲ့ ရင္ဘတ္စပြန္ဆာရွာေဖြထားျခင္းမရွိေသးသလို ကိုဗစ္စီးပြားေရးအေျခအေနေတြက ယူႏိုက္တဒ္ကို စံခ်ိန္တင္ စာခ်ဳပ္သစ္အတြက္ ‌ဆြဲေခၚႏိုင္ပါ့မလားဆိုတာက သံသယျဖစ္စရာရွိေနပါတယ္။

လက္ရွိဆန္ခ်ိဳ အေျပာင္းအေ႐ႊ႕က ကြင္းတြင္းျပသနာတင္မကပဲ ကြင္းျပင္ပ ျပသနာေတြကိုပါေျဖရွင္းႏိုင္စြမ္းရွိတာကို အဒ္ဝုဒ္ဝဒ္ တစ္ေယာက္နား လည္ဖို႔လိုသလို ပခုံးေပၚကဖိအားေတြက ဒီအေျပာင္းအေ႐ႊ႕ေပၚမူတည္ေနဝာာကိုလည္း နားလည္ထားဖို႔လိုပါလိမ့္မယ္။မဟုတ္ရင္ေတာ့ ဒီရာသီမွာ ပရိတ္သတ္ေတြရဲ႕ေဒါသအျပင္ မီဒီယာရဲ႕ အာ႐ုံအားလုံးက အဒ္ဝုဒ္ဝဒ္အေပၚပဲ က်ေရာက္လာမွာျဖစ္ၿပီးမိသားစု လုံၿခဳံေရးအတြက္ပါ အႏၲာရယ္ရွိလာႏိုင္ပါလိမ့္မယ္။

unicode

မန်ယူနိုက်တဒ်အသင်းရဲ့ အပြောင်းရွှေ့ပေါ်လစီ၊စီးပွားရေးအခြေအနေ နဲ့ အသင်းမူဝါဒ ယိမ်းယိုင်မှု့တွေ နောက်မှာ အမှု့ဆောင်ချုပ် အဒ်ဝုဒ်ဝဒ် တစ်ယောက် အတော်လေး ဖိအားများလာပါတယ်။ အထူးသဖြင့် ကာလရှည်ကြာ ပစ်မှတ်ထားခဲ့တဲ့ ဂျေဒန်ဆန်ချို ကို မရရှိသေးတာက ဝုဒ်ဝဒ်အပေါ်ပဲ အရာအားလုံးပုံကျလာသလို လက်ရှိမှာ ယူနိုက်တဒ်အမှု့ဆောင်ချုပ်က မိသားစုလုံခြုံရေးကိုပါစိုးရိမ်တဲ့အနေထားရောက်နေပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီမှာ ဘရူနိုဖာနန်ဒက်စ် ခေါ်ယူရေး ကြန့်ကြာနေလို့ အိမ်ကိုမီးရှုးမီးပန်းတွေနဲ့ ပစ်ပေါက်ခံခဲ့ရပြီးနောက် အဒ်ဝုဒ်ဝဒ်က ယခုနွေရာသီမှာလည်း အလားတူ အဖြစ်ပျက်မျိုး ဖြစ်ပေါ်လာမှာကိုစိုးရိမ်နေပါတယ်။ လက်ရှိမှာ မိသားစုနဲ့ပက်သက်တဲ့ အချက်လက်တွေကို လျှို့ဝှက်ထားပြီး အိမ်ကိုလည်းအရောင်းစာရင်းတင်ထားတဲ့အထိ အဒ်ဝုဒ်ဝဒ်တစ်ယောက် အတော်လေး ကြောက်ရွံနေပါတယ်။

ယူနိုက်တဒ်က ဂျေဒန်ဆန်ချိုကို ကာလရှည်ကြာကမ်းလှမ်းစေ့စပ်နေပေမယ့် ခေါ်ယူနိုင်ခြင်းမရှိတဲ့အပြင်အခြားသော ပစ်မှတ်တွေကိုပြောင်းလဲခေါ်ယူတာ မျိုးလည်း မရှိဝာာကြောင့် ပရိတ်သတ်တွေမက မီဒီယာ ကပါအတော်လေး ဖိအားပေးလာပါတယ်။အထူးသဖြင့် ယူနိုက်တဒ် အသင်းခေါင်းဆောင်တွေဖြစ်တဲ့ ဂယ်ရီနဗီးလ်၊အီဗရာ၊ရီယိုဖာဒီနန်၊ရွိုင်ကိန်း အပြင် ဘာဘာတောဗ့်၊ဖလက်ချာ တို့ကလည်း အဒ်ဝုဒ်ဝဒ် ကို ဝေဖန်လာ ကြလို့ အသင်းဖက်ကနေ သတင်းထုတ်ပြန်ပြီး ဝေဖန်မှု့တွေကို ပြန်လည်တုံပြန်နေရပါတယ်။ ယူနိုက်တဒ်ဟာ ကြီးမားတဲ့ဝင်ငွေရလမ်းရှိနေသည့်တိူင် အကြွေးပြသနာတွေကအပြင် ဂလေဇာမိသားစု ရဲ့ ဆိုးရွားတဲ့ စီမံခန့်ခွံမှု့တွေက အသင်းရဲ့ အပြောင်းအရွှေ့နဲ့ မူဝါဒတွေအပေါ် ထိခိုက်လာပြီး ဆိုးလ်ရှားရဲ့လမ်းကြောင်းအပေါ်မှာပါ ယိမ်းယိုင်မှု့တွေ ရှိလာပါတယ်။

ဆိုးလ်ရှားက ဆန်ချို လို လက်ရှိကမ္ဘာ့အကောင်းဆုံး U20 ကစားသမားကိုခေါ်ယူလိုပြီး ရရှ်ဖိုဒ့်၊မာစီရယ်၊ဆန်ချို၊ဂရင်းဝုဒ် တွဲဖက်မှု့နဲ့ဘအနာဂတ်ကို ပုံဖော်လိုတာဖြစ်ပေမယ့်အဒ်ဝုဒ်ဝဒ်ကတော့ ငွေကြေး အကျိုးမြတ်ကိုပိုမိုတွက်ဆနေပုံရပါတယ်။ ယူနိုက်တဒ်အနေနဲ့ ရင်ဘတ်စပွန်ဆာ CHEVROLET နဲ့လည်း ယခု ရာသီကုန်ရင် သက်တမ်းကုန်တော့မှာဖြစ်ပြီး လက်ရှိအထိ ခိုင်မာတဲ့ ရင်ဘတ်စပွန်ဆာရှာဖွေထားခြင်းမရှိသေးသလို ကိုဗစ်စီးပွားရေးအခြေအနေတွေက ယူနိုက်တဒ်ကို စံချိန်တင် စာချုပ်သစ်အတွက် ‌ဆွဲခေါ်နိုင်ပါ့မလားဆိုတာက သံသယဖြစ်စရာရှိနေပါတယ်။

လက်ရှိဆန်ချို အပြောင်းအရွှေ့က ကွင်းတွင်းပြသနာတင်မကပဲ ကွင်းပြင်ပ ပြသနာတွေကိုပါဖြေရှင်းနိုင်စွမ်းရှိတာကို အဒ်ဝုဒ်ဝဒ် တစ်ယောက်နား လည်ဖို့လိုသလို ပခုံးပေါ်ကဖိအားတွေက ဒီအပြောင်းအရွှေ့ပေါ်မူတည်နေဝာာကိုလည်း နားလည်ထားဖို့လိုပါလိမ့်မယ်။မဟုတ်ရင်တော့ ဒီရာသီမှာ ပရိတ်သတ်တွေရဲ့ဒေါသအပြင် မီဒီယာရဲ့ အာရုံအားလုံးက အဒ်ဝုဒ်ဝဒ်အပေါ်ပဲ ကျရောက်လာမှာဖြစ်ပြီးမိသားစု လုံခြုံရေးအတွက်ပါ အန္တာရယ်ရှိလာနိုင်ပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *