ရာဖေးလ်ဗာရန်းပြောပြမယ့် နတ်ဆိုးတို့ရဲ့ အိမ်မက်ပြဇာတ်ရုံအောက် နားခိုခြင်း
Q-မင်းရဲ့ ပြောင်းရွှေ့မှု့အချိန်ကာလအကြောင်းပြောရအောင်၊ မင်းဘယ်အချိန်ကစပြီး မန်ယူနိုက်တဒ် အသင်းကို ပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့ထင်မှတ်ခဲ့တာလည်း?
တယ်။
Unicode
ရာဖေးလ်ဗာရန်းပြောပြမယ့် နတ်ဆိုးတို့ရဲ့ အိမ်မက်ပြဇာတ်ရုံအောက် နားခိုခြင်း
ယူနိုက်တဒ် ရဲ့ ရာဖေးလ်ဗာရန်း ခေါ်ယူမှု့ ခရီးရှည်ကြီး ဟာ ယနေ့မှာတော့ တရားဝင်အဆုံးသတ်ခဲ့ပြီးနောက် သူ့ရဲ့ဆယ်စုနှစ်တစ်ခုကြာ အောင်မြင်ခဲ့ခြင်း တွေရဲ့ နောက်ကွယ်ကအဖြစ်ပျက် တွေအပြင် ယူနိုက်တဒ် ထံပြောင်းရွှေ့ဖို့ စဥ်းစားဆုံးဖြတ်ခဲ့တဲ့ အခြေအနေတွေ နဲ့ပက်သက်လို့ အသင်းနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြန်လည်ရှင်းပြခဲ့ပါတယ်။
ဗာရန်း ရဲ့ အပြောင်းရွှေ့ ဟာ ဆယ်စုနှစ်တစ်ခုအတွင်း အောင်မြင်မှု့အရှိဆုံး ကစားသမားတွေထဲကတစ်ဦးရဲ့ အပြောင်းရွှေ့ဖြစ်တာနဲ့အညီ ဥရောပမီဒီယာထက်မှာလည်း လွှမ်းမိုးမှု့ ရှိခဲ့ပြီး မန်ယူနိုက်တဒ် ကလည်း ဒီအချက်ကို ကောင်းစွာအသုံးချကာ လူမှု့ကွန်ရက်ပေါ်မှာအင်တိုက်အားတိုက် ကြေငြာမှု့တွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
Q- မန်ချက်စတာကနေကြိုဆိုပါတယ် ရာဖေးလ်ဗာရန်းရေ၊ ပထမဦးဆုံး မန်ယူနိုက်တဒ် ကစားသမားတစ်ယောက်အနေနဲ့ ဘယ်လို ခံစားရလည်း ရှင်းပြပေးပါဦး?
Varane – ကျေးဇူးပါပဲ၊ ကျနော့်အနေနဲ့ ဘဝရဲ့နောက်ထပ် အတွေ့ကြုံတွေအသစ်တွေကို ခရီးစဥ်အသစ်တွေနဲ့စတင်ရတော့မှာမလို့ပျော်ရွှင်နေပါတယ်။ကျနော့်ရဲ့အသင်းဟောင်းနဲ့ပက်သက်ရင်လည်း သိပ်ကောင်းတဲ့ အမှတ်တရတွေ ရှိခဲ့သလိုပဲ အခုဒီမှာလည်း အတွေ့ကြုံသစ်တွေနဲ့အတူ နောက်ထပ် စွန့်စားခန်းအသစ်တစ်ခုကို ထပ်မံဖွင့်လှစ်ဖို့ကြိုးစားသွားပါမယ်။
Q-မက်ဒရစ်ကိုရောက်ပြီးသိပ်မကြာခင်ပဲ မင်းစပိန်စကားကိုသင်ယူခဲ့သေးတယ်နော် အခုလည်း မင်းရဲ့ အဂ်လိပ်စကားပြောရော အခြေအနေကောင်းရဲ့လား?
Varane -အမှန်တိုင်းဝန်ခံရရင် ဒီအင်တာဗျူးကို အဂ်လိပ်လိုပဲပြောဆိုဖို့ လုပ်ခဲ့တာ အင်မတန်ခက်ခဲပါတယ် ဒါပေမယ့် ကျနော် ကြိုးစားဦးမှာပါ။ကျနော့်အမြင်မှာတော့ ပရိတ်သတ်တွေနဲ့ပိုမိုနီးကပ်စေဖို့ ကပိုပြီးအရေးကြီးပါတယ် ဘာလို့လည်းဆိုရင် ကျနော်တို့ဟာ တူညီတဲ့ရည်မှန်းချက်တစ်ခုဆီ အတူတကွ သွားရောက်နေတာဖြစ်ပြီး ကျနော့်အသင်းသားတွေနဲ့လည်း ချိတ်ဆက်ရာမှာ သက်သောင့်သက်သာဖြစ်စေဖို့ကအရေးကြီးလို့ပါ။နည်းပြနဲ့ချိတ်ဆက်မှု့အပါဝင် ကျနော့်ရဲ့ လူနေမှု့ဘဝနဲ့ အားကစားသမားဘဝ အတွက်လည်းသိပ်ကိုအရေးပါတဲ့ ဘာသာစကားတစ်ခု ဖြစ်နေတာအမှန်ပါပဲ။
Q-မင်းရဲ့ ပြောင်းရွှေ့မှု့အချိန်ကာလအကြောင်းပြောရအောင်၊ မင်းဘယ်အချိန်ကစပြီး မန်ယူနိုက်တဒ် အသင်းကို ပြောင်းရွှေ့ဖြစ်လိမ့်မယ်လ်ို့ထင်မှတ်ခဲ့တာလည်း?
Varane – လူအတော်များများက ၂၀၁၁ မှာ ကျနော့်ရဲ့ မန်ယူနိုက်တဒ်အသင်းထံအပြောင်းရွှေ့နဲ့ပက်သက်ပြီး ပြောဆိုနေကြတာတွေရှိပါတယ်။ ဟုတ်ပါတယ် ဆာအဲလက်စ်က ကျနော့်အမေအိမ်ထိရောက်ရှိလာတာပါ။တချိန်ထဲမှာပဲ ကျနော့်ကလပ်နဲ့လည်းစကားပြောဆိုခဲ့ပြီး အဲ့ဒီအချိန်တုံးက ကျနော့်စိတ်ထဲမှာ မန်ယူနိုက်တဒ် နဲ့ အတူ ပရီးမီးယားလိဂ်မှာ ကစားရပြီလို့ တကယ်က်ိုထင်မှတ်ခဲ့တဲ့အချိန်ပါပဲ။
Q-လူနေမှု့ဘဝ အတွက်ရော ကစားသမားတစ်ယောက်အနေနဲ့ ရော လက်ရှိအပြောင်းရွှေ့ကိုဘယ်လို ခံစားမိလည်း?
Varane -အကြောင်းအရာအများအပြား ကိုအခြေခံပြီးပြောရရင် လက်ရှိအချိန်ကအကောင်းဆုံး အပြောင်းရွှေ့ပါပဲ အရေးကြီးဆုံးအစိတ်ပိုင်းကတော့ ကျနော့်ဘဝအတွက် နောက်ထပ် စိန်ခေါ်မှု့အသစ် တွေကို မန်ယူနိုက်တဒ် လို ကလပ်အသင်းကြီးမှာတစ်သင်းမှာ ထပ်မံစတင်ခွင့်ရခဲ့တာပါပဲ။ကျနော့် အတွက် ဒီအခွင့်အရေးက တကယ့်ကို အံအားသင့်စေခဲ့တာ အမှန်ပါပဲ ဒါကြောင့်လည်း ကျနော့်အတွက်သာမက ကျနော့်မိသားစုအတွက်ပါ ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တာပါ။သူတို့လည်းကျနော်နဲ့အတူပါလာပါတယ်။ ကျနော့်အတွက်တော့ဘအပြောင်းလဲပြုလုပ်ဖို့ အခြေအနေကောင်းတစ်ရပ်ကိုရောက်နေပြီလို့ ခံစားရပြီဆိုရင် ဒါကမှန်ကန်တဲ့အချိန်ကိုရောက်လာပြီဆိုတာသေချာပါတယ်။
Q-မန်ယူနိုက်တဒ်ရဲ့ အကောင်းဆုံး တွေထဲက ဂန္နဝင်နှစ်ဦးဖြစ်တဲ့ ရီယို နဲ့ ဗီဒစ် တို့ကို မင်း ၂၀၁၃ တုံယကရင်ဆိုင်ခဲ့သေးတယ်နော်၊မင်းရဲ့ငယ်ဘဝမှာရော ယူနိုက်တဒ်ကစားသမားတွေထဲ လေးစားအားကျခဲ့ရသူရှိလား?
Varane – ဒါပေါ့၊ဗီဒစ်နဲ့ ဖာဒီနန် က ဂန္နဝင်တွေပဲလေ။ခရစ်တီယာနို၊ဂစ်နဲ့ ဘက်ခမ်း တို့ ဒီမှာ ကစားခဲ့ကြတာကိုလည်း မှတ်မိပါသေးတယ်။သူတို့က အသင်းရဲ့ ဂန္နဝင်တွေဖြစ်ပြီး ဒီလိုအသင်းမှာ မိသားစုအဖြစ် ပါဝင်ခွင့်ရခဲ့လို့ တကယ်ကို ဂုဏ်ယူမိပါ
တယ်။
Q- အိုလေဂန်နာဆိုးလ်ရှား နဲ့ရော အပြောင်းရွှေ့မလုပ်ခင် ဘာတွေပြောဖြစ်ခဲ့ကြသေးလည်း၊ အသင်းမှာ ဘယ်လိုနေရာတွေနဲ့ အံဝင်မလည်းဆိုတာ ဆွေးနွေးခဲ့ကြသေးလား?
Varane – ဒါပေါ့ ပြောဖြစ်ခဲ့ကြတယ်၊ အသင်းမှာ ရှိနေတဲ့ ကစားဟန် ပြီးတော့ အသင်းရဲ့ နည်းစနစ်တွေအပြင် သူတို့ရဲ့ စိန်ခေါ်နိုင်စွမ်း၊အောင်မြင်လိုမှု့ တွေက ကျနော့်အတွက် သိရှိဖို့ တကယ်ကိုအရေးတကြီး လိုအပ်တယ်လေ။နည်းပြနဲ့စကားပြောပြီးနောက် ကျနော့်အထင် ယခင်ကထက် ပိုမိုအောင်မြင်လိုပြီး အသင်းဟာလည်း အောင်ပွဲဆာလောင်စိတ် ပြင်းပြနေတယ်ဆိုတာ ခံစားမိပါတယ်။သူတို့က အလုပ်ကို ပြင်းပြင်းထန်ထန်ကြိူးစားလုပ်ပြီး အသင်းအတွက် ဆုဖလားရဖို့ ဘာမဆို လုပ်မယ့် သူတွေဆိုတာ သိရှိလာပြီးနောက်ပိုင်း ကျနော့်ကို ပိုပြီးစိတ်ခွန်အား တွေ တိုးလာစေတာအသေချာပါပဲ။
Leave a Reply
Your email address will not be published. Required fields are marked *