စပါးနဲ႔ပြဲမွာ အဓိကကစားသမားကို ခ်န္လွပ္ဖို႔ ျပင္ဆင္ေနတဲ့ ဆိုးလ္ရွား

ယူႏိုက္တဒ္အသင္းဟာ ေသာၾကာေန႔မွာ စတင္ယွဥ္ၿပိဳင္ကစားရမယ့္ စပါးအသင္းနဲ႔ ပရီးမီးယားလိဂ္ အဖြဲ႕ပြဲစဥ္မွာ အဓိက ကြင္းလယ္လူ ေပါဂ့္ဘာ ကို အနားေပးထားၿပီး သူမပါတဲ့ လူစာရင္းနဲ႔ ပြဲထြက္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဆိုးလ္ရွား အေနနဲ႔ သူ႔အသင္း ကို ရာသီမရပ္နားခင္က ကစားခဲ့တဲ့ ၁၂ပြဲဆက္ ရႈံးပြဲမရွိ အသင္း လူစာရင္း အတိုင္းပြဲထြက္လိုၿပီး ဒဏ္ရာေၾကာင့္ ကာလရွည္ၾကာ အနားယူခဲ့ရတဲ့ ေပါဂ့္ဘာ နဲ႔ ရရွ္ဖိုဒ့္ တို႔ကို ပြဲ အတြင္း အခ်ိတ္ဆက္ မမိမွာစိုးရိမ္တာေၾကာင့္ အနားေပးလိုေနတယ္လို႔ဆိုပါတယ္။

ယူႏိုက္တဒ္ ဟာ နည္းျပေဟာင္း ဟိုေဆးေမာ္ရင္ဟို ရဲ႕ အသင္းကို ယွဥ္ၿပိဳင္ရမွာ ျဖစ္တာေၾကာင့္ အမွားမခံလိုပဲ လက္က်န္ ပြဲအားလုံးကို အမွတ္ျပည့္ရယူလိုေနပါတယ္။စပါးအသင္းနည္းျပဟိုေဆး ကလည္း ဒီပြဲကို အဓိက ထား ျပင္ဆင္ေနၿပီး သူ႔အသင္းကို ပြဲပန္းမႈ႕ကေန ေရွာင္ရွားႏိုင္ဖို႔ ေလ့က်င့္ေရးေျခစမ္းပြဲေတာင္ ထပ္မကစားေစေတာ့ပဲ ယူႏိုက္တဒ္ နဲ႔ ပြဲကိုသာအာ႐ုံစိုက္ထားတယ္လို႔ဆိုပါတယ္။

ဆိုးလ္ရွား အေနနဲ႔ ယခုပြဲ သာအႏိုင္ရခဲ့တဲ့ ဂြာဒီယိုလာ နဲ႔ ဟိုေဆးေမာ္ရင္ဟို လို လက္ရွိေဘာလုံးကမာၻ ရဲ႕ အေကာင္းဆုံးနည္းျပႏွစ္ေယာက္ကို တစ္ရာသီအတြင္းလိဂ္ႏွစ္ႀကိမ္ဆက္ အႏိုင္ရတဲ့ မွတ္တမ္း ကို ရရွိမွာျဖစ္တာေၾကာင့္ အေတာ္ေလး ဂုဏ္ယူဖြယ္ရာ မွတ္တမ္းတစ္ခုကိုပိုင္ဆိုင္ႏိုင္မွာလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားရဲ႕ အင္တာဗ်ဴးမွာ လည္း သူကိုယ္တိုင္က ကစားသမားအခ်ိဳ႕အေနနဲ႔ ပထမဆုံးပြဲမွာ မကစားရတာမ်ိဳး ျဖစ္လာႏိုင္ေပမယ့္ ဒုတိယ ပြဲမွာေတာ့ ေသခ်ာေပါက္ကစားရမယ္ လို႔ ေျပာဆိုခဲ့ၿပီး အသင္းကို အလွည့္က်စနစ္နဲ႔သာ လည္ပတ္ ကစားေစမယ္လို႔ဆိုပါတယ္။ ၿပိဳင္ပြဲဟာ ေျခာက္ပတ္သာ ၾကာျမင့္မွာျဖစ္ၿပီး လက္က်န္ (၉) ပြဲနဲ႔ FAဖလား (၃) စုစုေပါင္း (၁၂) ပြဲကစားရမွာျဖစ္လို႔ ကစားသမားေတြအေနနဲ႔ ၃ရက္ကို တစ္ပြဲႏႈန္း ကစားရမယ့္အေနထားလည္းျဖစ္ပါတယ္။

unicode

ယူနိုက်တဒ်အသင်းဟာ သောကြာနေ့မှာ စတင်ယှဉ်ပြိုင်ကစားရမယ့် စပါးအသင်းနဲ့ ပရီးမီးယားလိဂ် အဖွဲ့ပွဲစဉ်မှာ အဓိက ကွင်းလယ်လူ ပေါဂ့်ဘာ ကို အနားပေးထားပြီး သူမပါတဲ့ လူစာရင်းနဲ့ ပွဲထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆိုးလ်ရှား အနေနဲ့ သူ့အသင်း ကို ရာသီမရပ်နားခင်က ကစားခဲ့တဲ့ ၁၂ပွဲဆက် ရှုံးပွဲမရှိ အသင်း လူစာရင်း အတိုင်းပွဲထွက်လိုပြီး ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရတဲ့ ပေါဂ့်ဘာ နဲ့ ရရှ်ဖိုဒ့် တို့ကို ပွဲ အတွင်း အချိတ်ဆက် မမိမှာစိုးရိမ်တာကြောင့် အနားပေးလိုနေတယ်လို့ဆိုပါတယ်။

ယူနိုက်တဒ် ဟာ နည်းပြဟောင်း ဟိုဆေးမော်ရင်ဟို ရဲ့ အသင်းကို ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် အမှားမခံလိုပဲ လက်ကျန် ပွဲအားလုံးကို အမှတ်ပြည့်ရယူလိုနေပါတယ်။စပါးအသင်းနည်းပြဟိုဆေး ကလည်း ဒီပွဲကို အဓိက ထား ပြင်ဆင်နေပြီး သူ့အသင်းကို ပွဲပန်းမှု့ကနေ ရှောင်ရှားနိုင်ဖို့ လေ့ကျင့်ရေးခြေစမ်းပွဲတောင် ထပ်မကစားစေတော့ပဲ ယူနိုက်တဒ် နဲ့ ပွဲကိုသာအာရုံစိုက်ထားတယ်လို့ဆိုပါတယ်။

ဆိုးလ်ရှား အနေနဲ့ ယခုပွဲ သာအနိုင်ရခဲ့တဲ့ ဂွာဒီယိုလာ နဲ့ ဟိုဆေးမော်ရင်ဟို လို လက်ရှိဘောလုံးကမ္ဘာ ရဲ့ အကောင်းဆုံးနည်းပြနှစ်ယောက်ကို တစ်ရာသီအတွင်းလိဂ်နှစ်ကြိမ်ဆက် အနိုင်ရတဲ့ မှတ်တမ်း ကို ရရှိမှာဖြစ်တာကြောင့် အတော်လေး ဂုဏ်ယူဖွယ်ရာ မှတ်တမ်းတစ်ခုကိုပိုင်ဆိုင်နိုင်မှာလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့ အင်တာဗျူးမှာ လည်း သူကိုယ်တိုင်က ကစားသမားအချို့အနေနဲ့ ပထမဆုံးပွဲမှာ မကစားရတာမျိုး ဖြစ်လာနိုင်ပေမယ့် ဒုတိယ ပွဲမှာတော့ သေချာပေါက်ကစားရမယ် လို့ ပြောဆိုခဲ့ပြီး အသင်းကို အလှည့်ကျစနစ်နဲ့သာ လည်ပတ် ကစားစေမယ်လို့ဆိုပါတယ်။ ပြိုင်ပွဲဟာ ခြောက်ပတ်သာ ကြာမြင့်မှာဖြစ်ပြီး လက်ကျန် (၉) ပွဲနဲ့ FAဖလား (၃) စုစုပေါင်း (၁၂) ပွဲကစားရမှာဖြစ်လို့ ကစားသမားတွေအနေနဲ့ ၃ရက်ကို တစ်ပွဲနှုန်း ကစားရမယ့်အနေထားလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *