ဟိုေဆးရဲ႕ Mind Game နဲ႔ လည္စင္းခံလိုက္ရတဲ့ဆိုးလ္ရွား (ပြဲၿပီးသုံးသပ္ခ်က္)

မန္ယူႏိုက္တဒ္အတြက္ေတာ့ ၁၉၇၈ ေနာက္ပိုင္း စိတ္ပ်က္စရာအေကာင္းဆုံးခံစစ္မွတ္တမ္းကိုပိုင္ဆိုင္ခဲ့ရတာနဲ႔အတူ ဆိုး႐ြားတဲ့ညေနတစ္ခုကိုပိုင္ဆိုင္ခဲ့ရပါတယ္။ အထူးသ ျဖင့္ ကစားသမားအားလုံးက ပြဲထဲမွာ အာ႐ုံစူးစိုက္မႈ႕မရွိေနသလိူ ဆိုးလ္ရွားရဲ႕နည္းဗ်ဴဟာေတြကလည္း လိဂ္သုံးပြဲရွိလာသည့္တိုင္ အေျခ အေနဆိုး႐ြားေနဆဲပါပဲ။ယူႏိုက္တဒ္ဟာ လင္ဒီေလာဖ့္ေနရာဘိုင္ယီအစားဝင္တာကလြဲရင္ ဘ႐ိုက္တန္နဲ႔ ပရီးမီးယားလိဂ္ပြဲက လူစာရင္းကိုပဲ ျပန္လည္အသုံးျပဳခဲ့ပါတယ္။ ၾကားရက္ ကာရာေဘာင္ပြဲမွာ အသုံးျပဳခဲ့တဲ့ ကစားသမားေတြကို မသုံးပဲလန္းဆန္းေနတဲ့ ကစားသမားေတြကိုအသူံးျပဳခဲ့သည့္တိုင္ ယူႏိုက္တဒ္ ကစားပုံနဲ႔ေျခစြမ္းက ဆိုးဆိုး႐ြား႐ြားကို စုတ္ျပတ္ေနခဲ့ပါတယ္။

ဆိုးလ္ရွားအေနနဲ႔ ဒီပြဲမွာ နည္းဗ်ဴဟာပိုင္းအရအမွားယြင္းေတြရွိေနၿပီး မက္ဂြိဳင္းယားေၾကာင့္မဟုတ္ရင္ေတာင္ ဂိုးေတြ ေပးရႏိုင္တာကိုသတိျပဳရပါမယ္။အထူးသျဖင့္ ဖာနန္ဒက္စ္၊မားကပ္စ္၊ဂရင္းဝုဒ္၊မာစီရယ္တို႔ကို တိုက္စစ္အလြန္အကြၽံလိုက္ပါၿပီး ဖိအားေပးကစားေစတာက စပါး အသင္းအတြက္ ေနရာလြတ္ေတြပိုရေစၿပီး တန္ျပန္တိုက္စစ္နဲ႔ ပြဲအေပၚခ်ဥ္းကပ္ရာမွာ ပိုေကာင္းတဲ့ ဟိုေဆးကို ရႈံးနိမ့္ေစခဲ့တာျဖစ္ပါတယ္။ပြဲအစမွာပဲ ပယ္နတီရရွိလို႔ ဘ႐ူႏို ေၾကာင့္ ဦးေဆာင္ႏိုင္ေပမယ့္ ခ်က္ခ်င္းဆိုသလိုစပါးအသင္းတိုက္စစ္ဆင္တာကို မက္ဂြိဳင္းယားရဲ႕ စုတ္ျပတ္ႏုံခ်ာ လြန္းတဲ့ ေခါင္းတိုက္ရွင္းထုတ္မႈ႕ကေန ေခ်ပဂိုးေပးရၿပီးေနာက္ ဆက္တိုက္ဆိုသလို မက္ဂြိဳင္းယား-ဘိူင္ယီ အတြဲရဲ႕အမွားေတြကေန ဂိုးေတြဆက္တိုက္ခြင့္ျပဳခဲ့ရၿပီး ပထမပိုင္းမွာပဲ (၁-၄) နဲ႔အေရးနိမ့္ခဲ့ပါတယ္။

ယူႏိုက္တ‌ဒ္အတြက္ မာစီရယ္ ရဲ႕အနီကဒ္က မမွ်တဘူးလို႔ဆိုႏိုင္ေပမယ့္ ရႈံးနိမ့္ေနခ်ိန္မွာလည္း ‌အေရွ႕ထိတက္ ဖိအားေပးခိုင္းထားတဲ့ ဆိုးလ္ရွားရဲ႕ဗ်ဴဟာက ဟိုေဆးကို ပြဲအစမွာ ထဲကရႉံးနိမ့္ေနခဲ့ပါၿပီ။အမွန္ေတာ့ ဟိုေဆးက ဆိုးလ္ရွားအသင္းကို တန္ျပန္တိုက္စစ္ကစားမွာ အမွန္တကယ္ေၾကာက္ေပမယ့္ ယူႏိုက္တဒ္တိုက္စစ္ဆင္မွာကိုေတာ့ လုံးဝမေၾကာက္႐ြံတဲ့ သူပါ။ကစားသမားတစ္ေယာက္ခ်င္းစီရဲ႕အားနည္းခ်က္ကိုသိသလို အသင္းလိုက္လႈပ္ရွားတတ္ပုံေတြကိုေသခ်ာနားလည္ထားတဲ့ဟိုေဆးအတြက္ ယူႏိုက္တဒ္ ဘယ္ေနရာမွာ ေနရာလြတ္ေတြရွိေနလည္းဆိုတာ ႏွစ္ခါျပန္ၾကည့္ဖို႔မလိုပါဘူး။

ယူႏိုက္တဒ္အေၾကာင္းေနာေက်ေနတဲ့ ဟိုေဆး အတြက္ ယူႏိုက္တ‌ဒ္ တိုက္စစ္ကစားဖို႔ ဆိုးလ္ရွားကို စိတ္ဓာတ္စစ္ဆင္ေရး ခပ္ပါးပါးသာျပဳလုပ္ခဲ့ရၿပီး ကြၽံဝင္သြားတဲ့ဆိုးလ္ရွားကေတာ့ အခုပြဲရလာဒ္အတိုင္း လည္စင္းေပးလိုက္ရတာပါပဲ။ဆိုးလ္ရွားက ဂိုးျပတ္ရႈံးနိမ့္ေနတဲ့ ဒုတိယပိုင္းမွာေတာင္ အသင္းကို ေနာက္ျပန္အထိုင္မခ်ေစပဲ အေရွ႕တက္တိုက္ခိုင္းတာ အေတာ္ေလးဆိုး႐ြားေစခဲ့ၿပီး ယူႏိုက္တဒ္ေနာက္တန္းရဲ႕ အားနည္းခ်က္ကိုပိုၿပီးေပၚလြင္ေစခဲ့ပါတယ္။ ဘ႐ိုက္တန္နဲ႔ပြဲမွာ အတြင္းဝင္လြန္းခဲ့တဲ့ ဘစ္ဆာကာ ၿပီးေနာက္ ယေန႔ပြဲမွာ ေရွာက ဘယ္ျခမ္းကေန အတြင္းစည္းထဲထိေရာက္ေနလို႔ သုံးဂိုးအထိ ခြင့္ျပဳခဲ့ရတာကလည္းဒီပြဲကိုပိုမိုဆိုး႐ြားသြားေစပါတယ္။ ဆိုးလ္ရွားအေနနဲ႔ ‌ဟိုေဆး ရဲ႕ စကားစစ္ထဲ ကြၽံဝင္သြားၿပီး နည္းဗ်ဴဟာဝါႏု လြန္းတာကို အထင္းသားျမင္ခဲ့ရသလို ယူႏိုက္တဒ္အတြက္ ဆိုး႐ြားလြန္းတဲ့ ရလာဒ္ေတြက ပြဲက်ပ္ကာလအတြက္ ေၾကာက္စရာေကာင္းေအာင္ အိမ္မက္ဆိုး‌လိုေျခာက္လွန႔္ေနခဲ့ပါၿပီ။

unicode

မန်ယူနိုက်တဒ်အတွက်တော့ ၁၉၇၈ နောက်ပိုင်း စိတ်ပျက်စရာအကောင်းဆုံးခံစစ်မှတ်တမ်းကိုပိုင်ဆိုင်ခဲ့ရတာနဲ့အတူ ဆိုးရွားတဲ့ညနေတစ်ခုကိုပိုင်ဆိုင်ခဲ့ရပါတယ်။ အထူးသ ဖြင့် ကစားသမားအားလုံးက ပွဲထဲမှာ အာရုံစူးစိုက်မှု့မရှိနေသလိူ ဆိုးလ်ရှားရဲ့နည်းဗျူဟာတွေကလည်း လိဂ်သုံးပွဲရှိလာသည့်တိုင် အခြေ အနေဆိုးရွားနေဆဲပါပဲ။ယူနိုက်တဒ်ဟာ လင်ဒီလောဖ့်နေရာဘိုင်ယီအစားဝင်တာကလွဲရင် ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲက လူစာရင်းကိုပဲ ပြန်လည်အသုံးပြုခဲ့ပါတယ်။ ကြားရက် ကာရာဘောင်ပွဲမှာ အသုံးပြုခဲ့တဲ့ ကစားသမားတွေကို မသုံးပဲလန်းဆန်းနေတဲ့ ကစားသမားတွေကိုအသူံးပြုခဲ့သည့်တိုင် ယူနိုက်တဒ် ကစားပုံနဲ့ခြေစွမ်းက ဆိုးဆိုးရွားရွားကို စုတ်ပြတ်နေခဲ့ပါတယ်။

ဆိုးလ်ရှားအနေနဲ့ ဒီပွဲမှာ နည်းဗျူဟာပိုင်းအရအမှားယွင်းတွေရှိနေပြီး မက်ဂွိုင်းယားကြောင့်မဟုတ်ရင်တောင် ဂိုးတွေ ပေးရနိုင်တာကိုသတိပြုရပါမယ်။အထူးသဖြင့် ဖာနန်ဒက်စ်၊မားကပ်စ်၊ဂရင်းဝုဒ်၊မာစီရယ်တို့ကို တိုက်စစ်အလွန်အကျွံလိုက်ပါပြီး ဖိအားပေးကစားစေတာက စပါး အသင်းအတွက် နေရာလွတ်တွေပိုရစေပြီး တန်ပြန်တိုက်စစ်နဲ့ ပွဲအပေါ်ချဉ်းကပ်ရာမှာ ပိုကောင်းတဲ့ ဟိုဆေးကို ရှုံးနိမ့်စေခဲ့တာဖြစ်ပါတယ်။ပွဲအစမှာပဲ ပယ်နတီရရှိလို့ ဘရူနို ကြောင့် ဦးဆောင်နိုင်ပေမယ့် ချက်ချင်းဆိုသလိုစပါးအသင်းတိုက်စစ်ဆင်တာကို မက်ဂွိုင်းယားရဲ့ စုတ်ပြတ်နုံချာ လွန်းတဲ့ ခေါင်းတိုက်ရှင်းထုတ်မှု့ကနေ ချေပဂိုးပေးရပြီးနောက် ဆက်တိုက်ဆိုသလို မက်ဂွိုင်းယား-ဘိူင်ယီ အတွဲရဲ့အမှားတွေကနေ ဂိုးတွေဆက်တိုက်ခွင့်ပြုခဲ့ရပြီး ပထမပိုင်းမှာပဲ (၁-၄) နဲ့အရေးနိမ့်ခဲ့ပါတယ်။

ယူနိုက်တ‌ဒ်အတွက် မာစီရယ် ရဲ့အနီကဒ်က မမျှတဘူးလို့ဆိုနိုင်ပေမယ့် ရှုံးနိမ့်နေချိန်မှာလည်း ‌အရှေ့ထိတက် ဖိအားပေးခိုင်းထားတဲ့ ဆိုးလ်ရှားရဲ့ဗျူဟာက ဟိုဆေးကို ပွဲအစမှာ ထဲကရှူံးနိမ့်နေခဲ့ပါပြီ။အမှန်တော့ ဟိုဆေးက ဆိုးလ်ရှားအသင်းကို တန်ပြန်တိုက်စစ်ကစားမှာ အမှန်တကယ်ကြောက်ပေမယ့် ယူနိုက်တဒ်တိုက်စစ်ဆင်မှာကိုတော့ လုံးဝမကြောက်ရွံတဲ့ သူပါ။ကစားသမားတစ်ယောက်ချင်းစီရဲ့အားနည်းချက်ကိုသိသလို အသင်းလိုက်လှုပ်ရှားတတ်ပုံတွေကိုသေချာနားလည်ထားတဲ့ဟိုဆေးအတွက် ယူနိုက်တဒ် ဘယ်နေရာမှာ နေရာလွတ်တွေရှိနေလည်းဆိုတာ နှစ်ခါပြန်ကြည့်ဖို့မလိုပါဘူး။

ယူနိုက်တဒ်အကြောင်းနောကျေနေတဲ့ ဟိုဆေး အတွက် ယူနိုက်တ‌ဒ် တိုက်စစ်ကစားဖို့ ဆိုးလ်ရှားကို စိတ်ဓာတ်စစ်ဆင်ရေး ခပ်ပါးပါးသာပြုလုပ်ခဲ့ရပြီး ကျွံဝင်သွားတဲ့ဆိုးလ်ရှားကတော့ အခုပွဲရလာဒ်အတိုင်း လည်စင်းပေးလိုက်ရတာပါပဲ။ဆိုးလ်ရှားက ဂိုးပြတ်ရှုံးနိမ့်နေတဲ့ ဒုတိယပိုင်းမှာတောင် အသင်းကို နောက်ပြန်အထိုင်မချစေပဲ အရှေ့တက်တိုက်ခိုင်းတာ အတော်လေးဆိုးရွားစေခဲ့ပြီး ယူနိုက်တဒ်နောက်တန်းရဲ့ အားနည်းချက်ကိုပိုပြီးပေါ်လွင်စေခဲ့ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ အတွင်းဝင်လွန်းခဲ့တဲ့ ဘစ်ဆာကာ ပြီးနောက် ယနေ့ပွဲမှာ ရှောက ဘယ်ခြမ်းကနေ အတွင်းစည်းထဲထိရောက်နေလို့ သုံးဂိုးအထိ ခွင့်ပြုခဲ့ရတာကလည်းဒီပွဲကိုပိုမိုဆိုးရွားသွားစေပါတယ်။ ဆိုးလ်ရှားအနေနဲ့ ‌ဟိုဆေး ရဲ့ စကားစစ်ထဲ ကျွံဝင်သွားပြီး နည်းဗျူဟာဝါနု လွန်းတာကို အထင်းသားမြင်ခဲ့ရသလို ယူနိုက်တဒ်အတွက် ဆိုးရွားလွန်းတဲ့ ရလာဒ်တွေက ပွဲကျပ်ကာလအတွက် ကြောက်စရာကောင်းအောင် အိမ်မက်ဆိုး‌လိုခြောက်လှန့်နေခဲ့ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *