စိတ်ပျက်စရာ ကစားသမားများရဲ့ စွမ်းဆောင်ရည် နဲ့ ညနေခင်းတစ်ခုပျောက်ဆုံးခြင်း
ဒဟေးယား -၆
ဘစ်ဆာကာ -၃
ဘိုင်ယီ -၁
မက်ဂွိုင်းယား -၁
ရှော – ၁
မာတခ်ျ -၃
ပေါဂ့်ဘာ -၃
ဖာနန်ဒက်စ် -၅
မားကပ်စ်ရရှ်ဖိုဒ့် – ၃
မာစီရယ် -၃
မေဆင်ဂရင်းဝုဒ် -၃
unicode
ယူနိုက်တဒ်အတွက် ကပ်ဆိုးဆိုက်တဲ့နေ့လို့ ဆိုရမယ့် တနဂ်နွေနေ့ညအတွက် ဘယ်ကစားသမားကမှ ပြူံပျော်စေခဲ့ခြင်းမရှိပါဘူး။ဒိုင်ကစလို့ ဆိုးလ်ရှားနဲ့ အဒ်ဝုဒ်ဝဒ် အဆုံး ယူနိုက်တဒ် နဲ့ ပက်သက်သမျှဟာ အကျဉ်းတန်လွန်းတဲ့ တစပြင်လို စုတ်ပြတ်သတ်နေပါတယ်။ မြို့ပျက်ကြီးလိုတိတ်ဆိတ်နေတဲ့ အိုးထရဒ့်ဖိုဒ့်သာ နာကျင်မှု့တွေထွေးပိုက်ရင်း အတိတ်ကိုသာ မျှော်ငေးနေမှာတော့အသေချာ။စိတ်ပျက်စရာညနေခင်းတွေကို ဘယ်လိုဆေးကျောရမလည်း မသိချင်တော့အောင် စိတ်ပျက်ခဲ့ရတဲ့ ယူနိူက်တဒ်အပေါ် အရာရာကို မေ့ဖျောက်ခွင့်ရခဲ့ရင်လည်းကောင်းပါတယ်။အတိတ်ကခမ်းနားခဲ့ခြင်းတွေဟာအခုချိန်မှာ အသုံးမဝင်ကြောင်း ဒီကစားသမားတွေရဲ့ရမှတ်ကပြောနေကြောင်းဆိုးလ်ရှားကိုသိစေပါရဲ့….
ဒဟေးယား -၆
ပုံမှန်လက်စွမ်းမှာသာမရှိနေရင် အခုထက်ပိုပြီးဂိုးပြတ်သွားနိုင်ပါတယ်။ တစ်ယောက်ချင်းရင်ဆိုင်အတွေ့ ပုတ်ထုတ်ခဲ့ရတာကပဲ လေးကြိမ်ခန့်ရှိပြီး တစ်ခုတည်းသော ရောင်ခြည်မျှင်ဖြစ်ခဲ့တယ်ဆိုရင်မမှားပါဘူး။
ဘစ်ဆာကာ -၃
ကောင်းသည်မဟုတ်ဆိုးသည်မဟုတ် သာမန်ထက်တော့ဘာမှမထူးခြားခဲ့တဲ့ကစားသမားပါပဲ။
ဘိုင်ယီ -၁
မျှော်လင့်ချက်မဲ့တဲ့ညနေခင်းတစ်ခုဆိုမမှားပါဘူး။
မက်ဂွိုင်းယား -၁
သူက ဘာကြောင့် လက်ပတ်နဲ့ထိုက်တန်နေလည်းမစဉ်းစားတတ်အောင်ပါပဲ။
ရှော – ၁
သူ့ကစားသမားဘဝကအဆုံးသတ်သင့်တာကြာခဲ့ပါပြီ။
မာတခ်ျ -၃
အတတ်နိုင်ဆုံးရုန်းကန်ပေမယ့် ဆိုးလ်ရှားရဲ့ဗျူဟာအမှားကြောင့် လွတ်ကွက်များစွာကို တစ်ယောက်ထဲမတားဆီးနိုင်တာကြောင့် ဘာမှမတတ်နိုင်တဲ့သူပါပဲ။
ပေါဂ့်ဘာ -၃
ဟိုဆေးရဲ့အဓိကပစ်မှတ်ဖြစ်သလို ရှုံးပွဲအတွက် ဘာစောဒကမှတက်လို့မရပါဘူး။
ဖာနန်ဒက်စ် -၅
ပယ်နတီကနေ ဦးဆောင်ဂိုးယူပေးမယ့် အရာတိုင်းကဘရူနိုတစ်ယောက်ထဲ ထမ်းတင်လို့ မရနိုင်တာဆိုးလ်ရှားသိသင့်ပါပြီ။
မားကပ်စ်ရရှ်ဖိုဒ့် – ၃
အမှန်ဆိုသူ့အနေနဲ့ပွဲထဲကတောင်ထွက်သွားသင့်တာပါ။တစ်ယောက်ထဲရုန်းကန်နေရတဲ့ သူ့ကိုကြည့်ရတာပိုပြီးပင်ပန်းလာပါတယ်။မန်ချက်စတာ သားတစ်ယောက်ရဲ့ သွေးနဲ့ ယူနိုက်တဒ်ကိုချစ်တဲ့စိတ်က ဒီနေ့ပွဲအတွက်တော့ပိုပြီးပင်ပန်းစေမှာအသေချာပါပဲ။
မာစီရယ် -၃
မမှားပေမယ့် ပိုပြီးပါးနပ်ခဲ့သင့်တယ်။တကယ်လို့သူသာမထွက်သေးရင် ပွဲအခြေအနေကတမျိုးတမည်ဖြစ်နိုင်ပါသေးတယ်။
မေဆင်ဂရင်းဝုဒ် -၃
ဒီလူငယ်လေးပုခုံးပေါ်ကဖိအားတွေဖယ်ချထားသင့်ပါပြီ။ဒါကိုဆိုးလ်ရှားသိဖို့လိုပါလိမ့်မယ်။
Leave a Reply
Your email address will not be published. Required fields are marked *