ယူနိုက်တဒ်တိုက်စစ်မှုးဟောင်း လူးဝစ်ဆာဟာ က မန်ယူနိုက်တဒ်အနေနဲ့ ၂၀၁၃ အကြိမ် ၂၀ မြောက် ချန်ပီယံဖြစ်ခဲ့စဉ်ကလို အာဆင်နယ်တိုက်စစ်မှုးကို အသင်းထံခေါ်ယူပြီး နောက်တစ်ကြိမ်ချန်ပီယံဖြစ်ဖို့ကြိုးပမ်းသင့်တယ်လို့တိုက်တွန်းလိုက်ပါတယ်။ ၂၀၁၂ နွေရာသီမှာ အာဆင်နယ် နဲ့ အဆင်မပြေဖြစ်နေတဲ့ အသင်းခေါင်းဆောင် ဗန်ပါစီ ကို မန်ယူနိုက်တဒ် အသင်းက ပေါင်၂၄သန်းနဲ့ ခေါ်ယူခဲ့ပြီး လိဂ်ဖလား ချန်ပီယံဖြစ်စေခဲ့ဖူးပါတယ်။ ယခုတစ်ကြိမ်မှာလည်း အာဆင်နယ်မှာ စာချုပ်သစ် အတွက် အဆင်မပြေဖြစ်နေတဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှုး အူဘာမီးယန်း ကို ဆိုးလ်ရှားအနေနဲ့ခေါ်ယူသင့်ပြီး လာမယ့်ရာသီအတွက် ပြင်ဆင်သင့်တယ်လို့ အကြံပေးလိုက်တာ ဖြစ်ပါတယ်။
ဆာဟာက “အာဆင်နယ်ပရိတ်သတ်တွေကတော့ ဒါကိုသဘောတူမယ်မထင်ပါဘူး။ဒါပေမယ့်ကျနော်ကတော့ အူဘာ ကို ယူနိုက်တဒ်ဆီ ပြောင်းရွှေ့လိုပါတယ်။ဒီလိုပြောဆိုတာကို အာဆင်နယ်ပရိတ်သတ်တွေက လုံးဝလက်သင့်ခံမှာ မဟုတ်မှန်းသိပေမယ့် ဒါက အူဘာ အတွက် ကျနော်ပေးနိုင်တဲ့အကောင်းဆုံးအကြံဉာဏ်ပါပဲ။အာဆင်နယ် မှာလက်ရှိသူ့အနေထားတွေကအကောင်းကစားသမားဖြစ်ကြောင်း သက်သေပြဖို့မလုံလောက်ဘူးလေ။ကစားသမားဆိုတာက စာချုပ်ကိစ္စကိုမေ့ထားပြီး ဘောလုံးကိုပဲအာရုံစိုက်ရမှာပါ။တကယ်လို့ စာချုပ်ပြသနာတွေနဲ့ရောထွေးလာပြီဆို ဒီပြသနာကဖြေရှင်းရအတော်ခက်ပါတယ်။”
“ကျနော့်အတွက်တော့ ဒိလိုပြသနာတွေဖြစ်လာရင် ကစားသမားကအဓိကပဲလို့ထင်ပါတယ်။နည်းပြနဲ့ ဘုတ်အဖွဲ့ကတော့ တမျိုးတွေးနိုင်တာပေါ့။ဒါဆိုရင်တော့ ပြသနာကပိုရှုပ်သွားပါပြီ။ကိုယ်ကငြိမ်ငြိမ်နေနေရင်တောင် အခြားလူတွေကကိုယ့်အစားထွက်ပြောနေမယ်၊အေးဂျင့်ဖြစ်စေ၊မိသားစုဖြစ်စေပေါ့ ဒါကအတော့်ကိုဆိုးရွားပါတယ်။ ”
“ကျနော်အကြံပေးလိုတာက ဘောလုံးပွဲတွေကိုပဲအားရုံစိုက်ပါ၊အပြင်းထန်ဆုံးကြိုးစားပါ။ပြီးတော့ ပိုရိုကျကျပဲဖြေရှင်းပါ။ဒါပေမယ့် ကစားသမားဘဝဆိုတာ ကံကောင်းလွန်းမှ ၁၅နှစ်လောက်ပဲရတာပါ။ကိုယ့်အောင်မြင်မှု့ကကိုယ်တိုင်ပဲရွေးချယ်ရတာဖြစ်ပြီး ဘယ်သူကမှ လာတားဆီးလို့တော့မရပါဘူး။တနေ့မှာ ကစားပုံမကောင်းတော့ရင် ကိုယ်ကမထွက်ချင်ရင်တောင် ကလပ်က ထုတ်လိုက်ပါလိမ့်မယ်။ဒါကလည်း ထည့်သွင်းစဉ်းစားရမယ့်အရာပါပဲ” ဟု ဆိုသွားခဲ့ပါတယ်။