အႏိုင္ဂိုးနဲ႔အတူ ခ်န္ပီယံလိဂ္ရဲ႕နံပါတ္တစ္ျဖစ္လာမႈအေပၚ ေရာ္နယ္ဒိုရဲ႕မွတ္ခ်က္စကား

ယူႏိုက္တဒ္ အေနနဲ႔ ယမန္ေန႔ညက ဗီလာရီးရဲလ္ အသင္းကိုသာ အႏိုင္မရခဲ့ရင္ ခ်န္ပီယံလိဂ္ မွာ ေနာက္တစ္ဆင့္တက္ေရာက္ေရးက ျပသနာ ျဖစ္လာနိင္တယ္လို႔ ေရာ္နယ္ဒို က ဆိုခဲ့ပါတယ္။ အုပ္စုအဖြင့္ပြဲမွာ Young Boysအသင္းကို မေမွ်ာ္လင့္ ပဲ အေရးနိမ့္ခဲ့တာေၾကာင့္ ဒုတိယပြဲစဥ္ျဖစ္လာတဲ့ ဗီလာရီးရဲလ္ အသင္းနဲ႔ ပြဲက ပိုမိုအေရးႀကီးတဲ့ ပြဲျဖစ္လာၿပီး ႏိုင္ပြဲရယူရန္မျဖစ္မေန အေရးတႀကီးလိုအပ္တာလည္း ျဖစ္ပါတယ္။ ယူႏိုက္တဒ္ ရဲ႕ အုပ္စုတြင္းမွာ အက္တလန္တာ လို ကစားရခက္တဲ့ အသင္းလည္း ရွိေနေသးတာေၾကာင့္ ယေန႔ ႏိုင္ပြဲက အေတာ္ေလး တာသြားခဲ့ၿပီး ေနာက္တစ္ဆင့္တက္ေရာက္ေရးမွာ ႀကီးမားတဲ့အေထာက္ကူျဖစ္လာမွာေတာ့ အေသခ်ာပါပဲ။ ယခုတစ္ပတ္ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ နာမည္ႀကီး အသင္းေတြျဖစ္တဲ့ မန္စီးတီး၊ခ်ဲလ္ဆီး၊ဘာစီလိုနာ၊ရီးရဲလ္၊ေအစီမီလန္ တို႔အေရးနိမ့္ခဲ့တာေၾကာင့္လည္း ေရာ္နယ္ဒို ရဲ႕ ေနာက္က်သြင္းဂိုး က သတင္းေတြရဲ႕ေခါင္းစီးထက္ ေနရာပိုမိုရယူခဲ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒို က “က်ေနာ္တို႔သာ ဒီပြဲမွာ အမွတ္ျပည့္ မရခဲ့ရင္ ေရွ႕ဆက္သြားဖို႔က တကယ္ကိုခက္ခဲလာမွာပါ။ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ေရးက အေတာ္ေလး ခက္ခဲသြားပါလိမ့္မယ္။ဒါေပမယ့္ အခုဆိုရင္ေတာ့ အရာအားလုံးကျဖစ္ႏိုင္ေခ်ရွိပါတယ္။ဒီႏိုင္ပြဲေၾကာင့္ က်ေနာ္တို႔ရဲ႕ လမ္းေၾကာင္းအားလုံးက ပြင့္ေနၿပီး ဘာမဆို လုပ္ႏိုင္စြမ္း ရွိလာပါတယ္။က်ေနာ္ဒီကိူျပန္လာတာကလည္း ဒီ လိုအခိုက္အတံ့ေတြအတြက္ပါပဲ။က်ေနာ္ ဒီအသင္းကို တကယ္လြမ္းဆြတ္မိေနတာပါ။က်ေနာ္နဲ႔ ကလပ္ၾကားေကာင္းမြန္တဲ့ သမိုင္းေၾကာင္းရွိခဲ့သလို ေနာက္တစ္ႀကိမ္ က်ေနာ္တို႔ အတူတကြ ထပ္ၿပီး တည္ေဆာက္သြားမွာပါ၊ က်ေနာ့္အတြက္တင္ မဟုတ္ပဲ တစ္သင္းလုံးကို တြန္းအားေပးသြားမွာပါ။က်ေနာ္တို႔ က တစ္ခါတစ္ရံ ပိုေကာင္းတဲ့ ကစားဟန္နဲ႔အတူဂိုးေတြခပ္မ်ားမ်ား ရေစဖို႔ႀကိဳးစားေပမယ့္ တစ္ခါတစ္ရံလည္း ကစားပုံမေကာင္းေပမယ့္အႏိုင္ရေအာင္ ႀကိဳးစားရတာမ်ိဳးေတာ့ရွိၾကပါတယ္”

“ပရိတ္သတ္ေတြကေတာ့ အၿမဲတမ္း စြဲမက္ဖြယ္ေကာင္းတဲ့ တိုက္စစ္ဆင္ကစားတာမ်ိဳးပဲ လိုခ်င္ၾကသလို အခက္ခဲေတြၾကားထဲ႐ုန္းကန္ရတဲ့ အခ်ိန္မွာလည္း ပရိတ္သတ္ေတြကသာလွ်င္ က်ေနာ္တို႔အတြက္ တြန္းအားျဖစ္ေစတာပါ။က်ေနာ္တို႔ အသင္း ပုံစံေကာင္းေပ်ာက္ဆုံးေနတဲ့အခ်ိန္မွာ ပရိတ္သတ္ေတြကသာ အဓိကတြန္းအားေပးမယ့္ အရာျဖစ္ေနလို႔လည္း က်ေနာ္က အၿမဲတေစ ပရိတ္သတ္ေတြကိုဖိအားေပးဖို႔ ေတာင္းဆိုေနရတာပဲေလ။”

“က်ေနာ့္ အတြက္ေတာ့ ဒီေန႔ပြဲရခဲ့တဲ့ အႏိုင္ဂိုးက သိပ္ကိုထူးျခားၿပီး ေနာက္ထပ္သမိုင္းအသစ္အတြက္ေရးထိုးခဲ့တဲ့ လွပတဲ့ မွတ္တိုင္တစ္ခုပါပဲ။ခ်န္ပီယံလိဂ္ရဲ႕ ပြဲအမ်ားဆုံးကစားထားၿပီး ဂိုးအမ်ားဆုံးသြင္းယူသူ၊သိပ္ကိုလွပတဲ့ညတစ္ညဆိုတာအေသခ်ာပါပဲ။က်ေနာ့္အေနနဲ႔ေတာ့အသင္းရဲ႕ ဒီပြဲအေပၚထားရွိတဲ့ ႏိုင္လိုစိတ္ကို ခ်ီးမြန္းလိုၿပီး ဒါကသာ လွ်င္ အေရးႀကီးဆုံး ေအာင္ပြဲ ျဖစ္ေစခဲ့တာပါ”လို႔ဆိုပါတယ္။ေရာ္နယ္ဒို က ခ်န္ပီယံလိဂ္မွာ (၁၇၈)ပြဲကစားကာ (၁၃၇)ဂိုးရရွိၿပီး (၄၂)ဂိုးဖန္တီးကာ မွတ္တမ္းတစ္ခုစီအလိုက္ အမ်ားဆုံးကစားသမားအျဖစ္ နံပါတ္တစ္ေနရာမွာ ရပ္တည္ေနသူ လည္းျဖစ္ပါတယ္။

unicode

ယူနိုက်တဒ် အနေနဲ့ ယမန်နေ့ညက ဗီလာရီးရဲလ် အသင်းကိုသာ အနိုင်မရခဲ့ရင် ချန်ပီယံလိဂ် မှာ နောက်တစ်ဆင့်တက်ရောက်ရေးက ပြသနာ ဖြစ်လာနိင်တယ်လို့ ရော်နယ်ဒို က ဆိုခဲ့ပါတယ်။ အုပ်စုအဖွင့်ပွဲမှာ Young Boysအသင်းကို မမျှော်လင့် ပဲ အရေးနိမ့်ခဲ့တာကြောင့် ဒုတိယပွဲစဉ်ဖြစ်လာတဲ့ ဗီလာရီးရဲလ် အသင်းနဲ့ ပွဲက ပိုမိုအရေးကြီးတဲ့ ပွဲဖြစ်လာပြီး နိုင်ပွဲရယူရန်မဖြစ်မနေ အရေးတကြီးလိုအပ်တာလည်း ဖြစ်ပါတယ်။ ယူနိုက်တဒ် ရဲ့ အုပ်စုတွင်းမှာ အက်တလန်တာ လို ကစားရခက်တဲ့ အသင်းလည်း ရှိနေသေးတာကြောင့် ယနေ့ နိုင်ပွဲက အတော်လေး တာသွားခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်ရေးမှာ ကြီးမားတဲ့အထောက်ကူဖြစ်လာမှာတော့ အသေချာပါပဲ။ ယခုတစ်ပတ်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ နာမည်ကြီး အသင်းတွေဖြစ်တဲ့ မန်စီးတီး၊ချဲလ်ဆီး၊ဘာစီလိုနာ၊ရီးရဲလ်၊အေစီမီလန် တို့အရေးနိမ့်ခဲ့တာကြောင့်လည်း ရော်နယ်ဒို ရဲ့ နောက်ကျသွင်းဂိုး က သတင်းတွေရဲ့ခေါင်းစီးထက် နေရာပိုမိုရယူခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို က “ကျနော်တို့သာ ဒီပွဲမှာ အမှတ်ပြည့် မရခဲ့ရင် ရှေ့ဆက်သွားဖို့က တကယ်ကိုခက်ခဲလာမှာပါ။နောက်တစ်ဆင့်တက်ရောက်နိုင်ရေးက အတော်လေး ခက်ခဲသွားပါလိမ့်မယ်။ဒါပေမယ့် အခုဆိုရင်တော့ အရာအားလုံးကဖြစ်နိုင်ချေရှိပါတယ်။ဒီနိုင်ပွဲကြောင့် ကျနော်တို့ရဲ့ လမ်းကြောင်းအားလုံးက ပွင့်နေပြီး ဘာမဆို လုပ်နိုင်စွမ်း ရှိလာပါတယ်။ကျနော်ဒီကိူပြန်လာတာကလည်း ဒီ လိုအခိုက်အတံ့တွေအတွက်ပါပဲ။ကျနော် ဒီအသင်းကို တကယ်လွမ်းဆွတ်မိနေတာပါ။ကျနော်နဲ့ ကလပ်ကြားကောင်းမွန်တဲ့ သမိုင်းကြောင်းရှိခဲ့သလို နောက်တစ်ကြိမ် ကျနော်တို့ အတူတကွ ထပ်ပြီး တည်ဆောက်သွားမှာပါ၊ ကျနော့်အတွက်တင် မဟုတ်ပဲ တစ်သင်းလုံးကို တွန်းအားပေးသွားမှာပါ။ကျနော်တို့ က တစ်ခါတစ်ရံ ပိုကောင်းတဲ့ ကစားဟန်နဲ့အတူဂိုးတွေခပ်များများ ရစေဖို့ကြိုးစားပေမယ့် တစ်ခါတစ်ရံလည်း ကစားပုံမကောင်းပေမယ့်အနိုင်ရအောင် ကြိုးစားရတာမျိုးတော့ရှိကြပါတယ်”

“ပရိတ်သတ်တွေကတော့ အမြဲတမ်း စွဲမက်ဖွယ်ကောင်းတဲ့ တိုက်စစ်ဆင်ကစားတာမျိုးပဲ လိုချင်ကြသလို အခက်ခဲတွေကြားထဲရုန်းကန်ရတဲ့ အချိန်မှာလည်း ပရိတ်သတ်တွေကသာလျှင် ကျနော်တို့အတွက် တွန်းအားဖြစ်စေတာပါ။ကျနော်တို့ အသင်း ပုံစံကောင်းပျောက်ဆုံးနေတဲ့အချိန်မှာ ပရိတ်သတ်တွေကသာ အဓိကတွန်းအားပေးမယ့် အရာဖြစ်နေလို့လည်း ကျနော်က အမြဲတစေ ပရိတ်သတ်တွေကိုဖိအားပေးဖို့ တောင်းဆိုနေရတာပဲလေ။”

“ကျနော့် အတွက်တော့ ဒီနေ့ပွဲရခဲ့တဲ့ အနိုင်ဂိုးက သိပ်ကိုထူးခြားပြီး နောက်ထပ်သမိုင်းအသစ်အတွက်ရေးထိုးခဲ့တဲ့ လှပတဲ့ မှတ်တိုင်တစ်ခုပါပဲ။ချန်ပီယံလိဂ်ရဲ့ ပွဲအများဆုံးကစားထားပြီး ဂိုးအများဆုံးသွင်းယူသူ၊သိပ်ကိုလှပတဲ့ညတစ်ညဆိုတာအသေချာပါပဲ။ကျနော့်အနေနဲ့တော့အသင်းရဲ့ ဒီပွဲအပေါ်ထားရှိတဲ့ နိုင်လိုစိတ်ကို ချီးမွန်းလိုပြီး ဒါကသာ လျှင် အရေးကြီးဆုံး အောင်ပွဲ ဖြစ်စေခဲ့တာပါ”လို့ဆိုပါတယ်။ရော်နယ်ဒို က ချန်ပီယံလိဂ်မှာ (၁၇၈)ပွဲကစားကာ (၁၃၇)ဂိုးရရှိပြီး (၄၂)ဂိုးဖန်တီးကာ မှတ်တမ်းတစ်ခုစီအလိုက် အများဆုံးကစားသမားအဖြစ် နံပါတ်တစ်နေရာမှာ ရပ်တည်နေသူ လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *