မန္ယူ ျပန္လာၿပီလို႔ အခိုင္အမာဆိုလိုက္တဲ့ ရာေဖးလ္ဒါေဆးဗား

ဆာအဲလက္စ္ဖာဂူဆန္လက္ထက္က ယူႏိုက္တက္အသင္းရဲ႕အေကာင္းဆုံး ညာေနာက္ခံလူျဖစ္တဲ့ ရာေဖးလ္ဒါေဆးဗားကေတာ့ အသင္းေဟာင္းအေနနဲ႔ ေအာင္ျမင္မႈေတြကို ျပန္လည္ရယူဖို႔ တာဆူေနၿပီလို႔ အခိုင္အမာဆိုသြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ နည္းျပႀကီးဆာအဲလက္စ္ ဖာဂူဆန္မရွိေတာ့တဲ့ေနာက္ပိုင္း နာမည္ေက်ာ္နည္းျပေတြတေယာက္ၿပီးတေယာက္ လဲလွယ္ခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္ ဆုဖလားးကို ဆြတ္ခူးႏိုင္ျခင္းမရွိေတာ့ပါဘူး။

ဒါေပမယ့္ အိုလီဂန္နားဆိုးလ္ရွားလက္ထက္မွာေတာ့ အရင္ကနဲ႔မတူတဲ့ ျပဳျပင္းေျပာင္းလဲမႈေတြ ျပဳလုပ္ေနၿပီး ကစားသမားေခၚယူေရးပိုင္းမွာ ေအာင္ျမင္တယ္လို႔ ဆိုရမွာပဲျဖစ္ပါတယ္။ အခုလည္းလာမယ့္ရာသီ ဆုဖလားစိန္ေခၚဖို႔အတြက္ ဆန္ခ်ိဳ ဗာရိန္းလို ကမၻာ့အဆင့္ကစားသမားေတြကို ေခၚယူႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြအဖို႔ ေက်နပ္စရာ ျဖစ္ခဲ့ပါတယ္။ဒါေၾကာင့္လည္း ေနာက္ခံလူေဟာင္း ရာေဖးလ္က မန္ယူႏိုက္တက္အေနနနဲ႔ ဆိုးလ္ရွားလက္ထက္မွာ ဆုဖလားေတြျပန္လည္ကိုင္ေႁမွာက္ႏိုင္ဖို႔ ယုံၾကည္ေၾကာင္း ဆိုခဲ့ပါတယ္။

” က်ေနာ္ လြန္ခဲ့တဲ့တႏွစ္က အင္တာဗ်ဴးေျဖခဲ့ပါတယ္။ က်ေနာ္ ေျပာခဲ့သလိုပါပဲ။ စိတ္ရွည္ရွည္နဲ႔ေစာင့္ရပါမယ္။ အခုဆိုရင္ ယူႏိုက္တက္အသင္း ျပန္လာၿပီဆိုတာ လူေတြျမင္ႏိုင္ပါတယ္။ သူတို႔ေတြ ၿပီးခဲ့တဲ့ရာသီကတည္းက တိုးတက္ခဲ့ပါတယ္။ ယူႏိုက္တက္က အရင္ကထက္ တိုးတက္ခဲ့တာက ခင္ဗ်ားတို႔ မျမင္ႏိုင္ဘူးဆိုရင္ေတာ့ ခင္ဗ်ားတို႔ သူ႔တို႔အသင္းကို မၾကည့္ပဲ တျခားအားကစားတခုခုကို ေစာင့္ၾကည့္ေနတာျဖစ္ပါလိမ့္မယ္။ ”

” ပရီးမီးယားလိဂ္ဆုဖလားကို သူတို႔ေတြကိုင္ေႁမွာက္ႏိုင္ဖို႔ က်ေနာ္ေမ်ာ္လင့္ပါတယ္။ ဘာေၾကာင္းလဲဆိုရင္ က်ေနာ္ မန္ခ်က္စတာယူႏိုက္တက္ကို ခ်စ္လို႔ပါ။ ၿပီးေတာ့ အိုလီ့ကိုလည္း က်ေနာ္ ခ်စ္ပါတယ္။ ” ဟု ရာေဖးလ္က ေျပာဆိုခဲ့လိုက္ပါတယ္။

unicode

ဆာအဲလက်စ်ဖာဂူဆန်လက်ထက်က ယူနိုက်တက်အသင်းရဲ့အကောင်းဆုံး ညာနောက်ခံလူဖြစ်တဲ့ ရာဖေးလ်ဒါဆေးဗားကတော့ အသင်းဟောင်းအနေနဲ့ အောင်မြင်မှုတွေကို ပြန်လည်ရယူဖို့ တာဆူနေပြီလို့ အခိုင်အမာဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နည်းပြကြီးဆာအဲလက်စ် ဖာဂူဆန်မရှိတော့တဲ့နောက်ပိုင်း နာမည်ကျော်နည်းပြတွေတယောက်ပြီးတယောက် လဲလှယ်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ဆုဖလားးကို ဆွတ်ခူးနိုင်ခြင်းမရှိတော့ပါဘူး။

ဒါပေမယ့် အိုလီဂန်နားဆိုးလ်ရှားလက်ထက်မှာတော့ အရင်ကနဲ့မတူတဲ့ ပြုပြင်းပြောင်းလဲမှုတွေ ပြုလုပ်နေပြီး ကစားသမားခေါ်ယူရေးပိုင်းမှာ အောင်မြင်တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ အခုလည်းလာမယ့်ရာသီ ဆုဖလားစိန်ခေါ်ဖို့အတွက် ဆန်ချို ဗာရိန်းလို ကမ္ဘာ့အဆင့်ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာကြောင့် ပရိသတ်တွေအဖို့ ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ဒါကြောင့်လည်း နောက်ခံလူဟောင်း ရာဖေးလ်က မန်ယူနိုက်တက်အနေနနဲ့ ဆိုးလ်ရှားလက်ထက်မှာ ဆုဖလားတွေပြန်လည်ကိုင်မြှောက်နိုင်ဖို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။

” ကျနော် လွန်ခဲ့တဲ့တနှစ်က အင်တာဗျူးဖြေခဲ့ပါတယ်။ ကျနော် ပြောခဲ့သလိုပါပဲ။ စိတ်ရှည်ရှည်နဲ့စောင့်ရပါမယ်။ အခုဆိုရင် ယူနိုက်တက်အသင်း ပြန်လာပြီဆိုတာ လူတွေမြင်နိုင်ပါတယ်။ သူတို့တွေ ပြီးခဲ့တဲ့ရာသီကတည်းက တိုးတက်ခဲ့ပါတယ်။ ယူနိုက်တက်က အရင်ကထက် တိုးတက်ခဲ့တာက ခင်ဗျားတို့ မမြင်နိုင်ဘူးဆိုရင်တော့ ခင်ဗျားတို့ သူ့တို့အသင်းကို မကြည့်ပဲ တခြားအားကစားတခုခုကို စောင့်ကြည့်နေတာဖြစ်ပါလိမ့်မယ်။ ”

” ပရီးမီးယားလိဂ်ဆုဖလားကို သူတို့တွေကိုင်မြှောက်နိုင်ဖို့ ကျနော်မျော်လင့်ပါတယ်။ ဘာကြောင်းလဲဆိုရင် ကျနော် မန်ချက်စတာယူနိုက်တက်ကို ချစ်လို့ပါ။ ပြီးတော့ အိုလီ့ကိုလည်း ကျနော် ချစ်ပါတယ်။ ” ဟု ရာဖေးလ်က ပြောဆိုခဲ့လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *