ဂြာဒီယိုလာေၾကာင့္ အခက္ၾကဳံေနရၿပီျဖစ္တဲ့ ဆိုးလ္ရွား

မန္စီးတီးနည္းျပ ပပ္ဂြာဒီယိုလာ ရဲ႕ အမွားအယြင္းေတြေၾကာင့္ ယူႏိုက္တဒ္ အသင္းဟာ လက္ရွိရာသီမွာ အခက္ခဲအမ်ားအျပားနဲ႔ ရင္ဆိုင္ရေတာ့မွာလည္းျဖစ္ပါတယ္။ ယမန္ေန႔ညက မန္စီးတီး အသင္းဟာ ခ်ဲလ္ဆီး အသင္းကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ လီဗာပူးလ္ အသင္းဟာ သမိုင္းတစ္ေလွ်ာက္ ပထမဆုံး လိဂ္ခ်န္ပီယံဘြဲ႕ကို တရားဝင္ ရယူခဲ့သလို အဆင့္ေလး အတြက္ ယူႏိုက္တဒ္ နဲ႔ အၿပိဳင္ ႀကိဳးပမ္းေနတဲ့ ခ်ဲလ္ဆီးအသင္းကလည္း အမွတ္ အသာရမႈ႕ ကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ပါတယ္။ ယူႏိုက္တဒ္ နဲ႔ ခ်ဲလ္ဆီးၾကားမွာ အမွတ္ကြာဟမႈ႕က (၅) မွတ္ရွိေနတာေၾကာင့္ မန္စီးတီး သာအႏိုင္ယူခဲ့ရင္ ကြာဟခ်က္ ကို ၂မွတ္အထိ ေလွ်ာ့ခ်ႏိုင္မွာျဖစ္ေပမယ့္ ယခုအခ်ိန္မွာေတာ့ ကြာဟခ်က္က ႀကီးမားနဆဲပဲျဖစ္ပါတယ္။

ယူႏိုက္တဒ္ နဲ႔ မန္စီးတီး အသင္းၾကားမွာ ခါးသီးတဲ့အမုန္းတရားေတြရွိသလို ၿပီးခဲ့တဲ့ရာသီ ကလည္း မန္စီးတီးအသင္းရဲ႕ ဒါဘီပြဲမွာ အႏိုင္ယူၿပီး ခ်န္ပီယံျဖစ္လိုတဲ့အိမ္မက္ကို ယူႏိုက္တဒ္က ႐ိုက္ခ်ိဳးခဲ့ဖူးတာေၾကာင့္ ဂြာဒီယိုလာအေနနဲ႔အေတာ္ေလး အရႈိက္ထိခဲ့ရပါေသးတယ္။ ယခုရာသီမွာလည္း မန္စီးတီး အသင္းရဲ႕ ဥေရာပၿပိဳင္ပြဲပိတ္ပင္ခံရတာကို မန္ယူႏိုက္တဒ္အသင္းက အသုံးခ်ၿပီး ဥေရာပဝင္ခြင့္ရရွိဖို႔ႀကိဳးပမ္းေနတာေၾကာင့္ ႏွစ္သင္းၾကားမွာ အမုန္းတရားက ပိုမိုႀကီးထြားလ်က္ရွိေနပါတယ္။

ႏိုင္ငံတကာအားကစားခုံ႐ုံးကိုအယူခံတင္ထားတဲ့ စီးတီး ရဲ႕ေလွ်ာက္လွဲခ်က္ ဟာ ဥေရာပအဖြဲ႕ခ်ဳပ္ရဲ႕ ျပင္းထန္တဲ့ တားျမစ္ခ်က္ျဖစ္တဲ့ ဘဏၰာေရးမွ်ေခ်စည္းမ်ဥ္းကို လြန္လြန္က်ဴးက်ဴး ေဖာက္ဖ်တ္ထားတာေၾကာင့္ ပလပ္ခံရဖို႔မ်ားေနပါတယ္။ အကယ္ရ္် မန္စီးတီး ရဲ႕ အယူခံသာ က်ရႈံးခဲ့ရင္ ယူႏိုက္တဒ္ ဟာ အဆင့္ (၅) ကေနပဲ ခ်န္ပီယံလိဂ္ ေျခစစ္ပြဲဝင္ရမွာျဖစ္သလို လက္စတာ အသင္းေျခေခ်ာ္ခဲ့ၿပီး အမွတ္ေလ်ာ့ခဲ့ရင္ေတာ့ အဆင့္ (၄) ကေန တိုက္႐ိုက္ဝင္ခြင့္ကို ရရွိမွာ ျဖစ္ပါတယ္။

သို႔ေပမယ့္ လက္ရွိမွာေတာ့ မန္စီးတီး ရဲ႕ေခ်ေခ်ာ္မႈ႕က လီဗာပူးလ္ ကို ေစာစီးစြာပဲေအာင္ပြဲခံႏိုင္ေစခဲ့သလို ခ်ဲလ္ဆီးကိုလည္း အသာရေစခဲ့တာေၾကာင့္ မေတာ္တဆ ျဖစ္ရပ္လား တမင္လုပ္တာလားဆိုတာက ဂြာဒီယိုလာ ကိုယ္တိုင္ပဲ သိပါလိမ့္မယ္။

unicode

မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာ ရဲ့ အမှားအယွင်းတွေကြောင့် ယူနိုက်တဒ် အသင်းဟာ လက်ရှိရာသီမှာ အခက်ခဲအများအပြားနဲ့ ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ ယမန်နေ့ညက မန်စီးတီး အသင်းဟာ ချဲလ်ဆီး အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ် အသင်းဟာ သမိုင်းတစ်လျှောက် ပထမဆုံး လိဂ်ချန်ပီယံဘွဲ့ကို တရားဝင် ရယူခဲ့သလို အဆင့်လေး အတွက် ယူနိုက်တဒ် နဲ့ အပြိုင် ကြိုးပမ်းနေတဲ့ ချဲလ်ဆီးအသင်းကလည်း အမှတ် အသာရမှု့ ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ယူနိုက်တဒ် နဲ့ ချဲလ်ဆီးကြားမှာ အမှတ်ကွာဟမှု့က (၅) မှတ်ရှိနေတာကြောင့် မန်စီးတီး သာအနိုင်ယူခဲ့ရင် ကွာဟချက် ကို ၂မှတ်အထိ လျှော့ချနိုင်မှာဖြစ်ပေမယ့် ယခုအချိန်မှာတော့ ကွာဟချက်က ကြီးမားနဆဲပဲဖြစ်ပါတယ်။

ယူနိုက်တဒ် နဲ့ မန်စီးတီး အသင်းကြားမှာ ခါးသီးတဲ့အမုန်းတရားတွေရှိသလို ပြီးခဲ့တဲ့ရာသီ ကလည်း မန်စီးတီးအသင်းရဲ့ ဒါဘီပွဲမှာ အနိုင်ယူပြီး ချန်ပီယံဖြစ်လိုတဲ့အိမ်မက်ကို ယူနိုက်တဒ်က ရိုက်ချိုးခဲ့ဖူးတာကြောင့် ဂွာဒီယိုလာအနေနဲ့အတော်လေး အရှိုက်ထိခဲ့ရပါသေးတယ်။ ယခုရာသီမှာလည်း မန်စီးတီး အသင်းရဲ့ ဥရောပပြိုင်ပွဲပိတ်ပင်ခံရတာကို မန်ယူနိုက်တဒ်အသင်းက အသုံးချပြီး ဥရောပဝင်ခွင့်ရရှိဖို့ကြိုးပမ်းနေတာကြောင့် နှစ်သင်းကြားမှာ အမုန်းတရားက ပိုမိုကြီးထွားလျက်ရှိနေပါတယ်။

နိုင်ငံတကာအားကစားခုံရုံးကိုအယူခံတင်ထားတဲ့ စီးတီး ရဲ့လျှောက်လှဲချက် ဟာ ဥရောပအဖွဲ့ချုပ်ရဲ့ ပြင်းထန်တဲ့ တားမြစ်ချက်ဖြစ်တဲ့ ဘဏ္ဏာရေးမျှချေစည်းမျဉ်းကို လွန်လွန်ကျူးကျူး ဖောက်ဖျတ်ထားတာကြောင့် ပလပ်ခံရဖို့များနေပါတယ်။ အကယ်ရ်ျ မန်စီးတီး ရဲ့ အယူခံသာ ကျရှုံးခဲ့ရင် ယူနိုက်တဒ် ဟာ အဆင့် (၅) ကနေပဲ ချန်ပီယံလိဂ် ခြေစစ်ပွဲဝင်ရမှာဖြစ်သလို လက်စတာ အသင်းခြေချော်ခဲ့ပြီး အမှတ်လျော့ခဲ့ရင်တော့ အဆင့် (၄) ကနေ တိုက်ရိုက်ဝင်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။

သို့ပေမယ့် လက်ရှိမှာတော့ မန်စီးတီး ရဲ့ချေချော်မှု့က လီဗာပူးလ် ကို စောစီးစွာပဲအောင်ပွဲခံနိုင်စေခဲ့သလို ချဲလ်ဆီးကိုလည်း အသာရစေခဲ့တာကြောင့် မတော်တဆ ဖြစ်ရပ်လား တမင်လုပ်တာလားဆိုတာက ဂွာဒီယိုလာ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *