မားကပ္စ္ရရွ္ဖိုဒ့္ ပြဲျပန္ထြက္ႏိုင္မယ့္ ရက္အတိက်ကို ထုတ္ေဖာ္ေျပာဆိုလိုက္တဲ့ ဆိုးလ္ရွား

ယူႏိုက္တဒ္ ရဲ႕ အေမွ်ာ္လင့္ရဆုံး အရာကိုေျပာပါဆိုရင္ ပရီးမီးယားလိဂ္ ၿပီးရင္ မားကပ္စ္ရရွ္ဖိုဒ့္ ျပန္လာျခင္း ျဖစ္ၿပီး မၾကာခင္မွာ ယူႏိုက္တဒ္ ရဲ႕ ျဖတ္ေက်ာ္လိမ္ေခါက္မႈ႕အမ်ားဆုံး ကစားသမားက ျမက္ခင္းစိမ္းေပၚျပန္လည္ေျခခ်ႏိုင္ေတာ့မွာ လည္းျဖစ္ပါတယ္။ မားကပ္စ္ ရဲ႕ ၿပီးခဲ့တဲ့ႏွစ္ရာသီ အတြင္း စြမ္းေဆာင္ခ်က္ေတြအရ မားကပ္စ္ ဟာ လူငယ္ ကစားသမား မဟုတ္ေတာ့တဲ့ နံပတ္ တစ္ဆယ္ကို ဆက္ခံသူအျဖစ္ ေျပာင္းလဲလာခဲ့ၿပီးေနာက္ သူ႔ရဲ႕ ပါဝင္မႈ႕က အသင္းအေပၚ ႀကီးမားတဲ့ သက္ေရာက္မႈ႕ေတြ ရွိလာခဲ့ပါတယ္။

မားကပ္စ္ က ႏွစ္ရာသိီ အတြင္း သြင္းဂိုးနဲ႔ဖန္တီးမႈ႕ (၇၁)ဂိုး ပါဝင္ပက္သက္ခဲ့ကာ တစ္ပြဲပ်မ္းမွ် (၂.၃)ႀကိမ္ ေက်ာ္ျဖတ္ႏိုင္တဲ့ အေရတြက္က လက္ရွိအသင္းရဲ႕ ျမန္ဆန္မႈ႕ မရွိတဲ့ ျပသနာရဲ႕ အရင္းအျမစ္ လည္း ျဖစ္လာပါတယ္။ မားကပ္စ္ ရွိေနခ်ိန္ က ယူႏိုက္တဒ္ ကြင္းလယ္ရဲ႕ေပးပို႔မႈ႕ေတြ က ျမန္ဆန္သလို တိက်မႈ႕ ရွိၿပီး ၿပိဳင္ဘက္ ေနရာလြတ္ ေတြ အတြင္း ေ႐ြ႕လ်ား ႏိုင္စြမ္းလည္းျမင့္မားတာေၾကာင့္ လက္ရွိ အသင္းအတြက္ မားကပ္စ္ ျပန္လာႏိုင္မွသာ ပိုမိုအဆင္ေျပေစမွာလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားကေတာ့ ” မားကပ္စ္ က ဒီေန႔ ပထမဆုံး အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းႏိုင္ပါၿပီ။ဒီေန႔ေလ့က်င့္ခန္းမွာသူ႔ကို အေတာ္ေလးခပ္ျပင္းျပင္း ဖ်တ္ထုတ္မႈ႕ေတြ လုပ္ခဲ့ၾကသလို သူ႔ၾကည့္ရတာ အဆင္ေျပေနပါတယ္။ဒီလို ဖ်တ္ထုတ္မႈ႕ေတြကို ခံႏိုင္ရည္ရွိမွသာ သူ႔ရဲ႕ ပြဲထြက္ခြင့္ကပိုၿပီး အဆင္ေျပလာမွာပါ။လက္ရွိအခ်ိန္မွာ သူကႀကံခိုင္မႈ႕ အျပည့္အဝ ရွိေနၿပီျဖစ္သလို ေလ့က်င့္ေရးမွာလည္း တကယ္ကို ျပင္းျပင္းထန္ထန္ႀကိဴးစားေနသူပါ။ဒါေပမယ့္ ဒဏ္ရာကေနျပန္လာၿပီးခ်ိန္ထဲက ဒီေန႔မွသာ ဖ်တ္ထုတ္ခံရတာေတြ သူျပန္ၿပီး ရင္ဆိုင္ရတာေလ။သူ႔ရဲ႕ပုခုံးက ေလ့က်င့္ေရးမွာ ထပ္ၿပီး နာက်င္တာ မရွိဘူးဆိုရင္ေတာ့ လာမယ့္ ႏိုင္ငံတကာပြဲေတြအၿပီးမွာ သူအသင့္ ျဖစ္ေနပါလိမ့္မယ္။သူ႔ကို လက္စတာနဲ႔ ပြဲမွာ ျပန္ပါလာဖို႔ က်ေနာ္ေမွ်ာ္လင့္ထားပါတယ္။သူ႔ရဲ႕ေလ့က်င့္ခန္းနဲ႔ ႀကံခိုင္မႈ႕ပိုင္းဆိုင္ရာ ႀကိဳးစားမႈ႕ေတြက တကယ့္အံမခန္းပါပဲ။သူ႔ကိုအေစာပိုင္းမွာ ထိခိုက္ဒဏ္ရာမရေအာင္ အေပါ့စားေလ့က်င့္ခန္းေတြ ျပဳလုပ္ေစခဲ့ေပမယ့္ လက္ရွိမွာေတာ့ သူ႔ကို ခပ္ျပင္းျပင္း ထိေတြ႕ခြင့္ေပးထားပါတယ္”လို႔ဆိုပါတယ္။

မားကပ္စ္ ရဲ႕ ပုခုံး ခြဲစိတ္မႈ႕ နဲ႔ပက္သက္လို႔ ေလးလခန္႔ အနားယူရလိမ့္မယ္လို႔အသင္းဖက္က ေျပာဆိုခဲ့ေပမယ့္ အဆုံးသတ္မွာေတာ့ ႏွစ္လခန္႔သာ ၾကာျမင့္ခဲ့သလို ဒူးနဲ႔ေျခခ်င္းဝတ္ ဒဏ္ရာေတြကိုပါ ကုစားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ မားကပ္စ္ နဲ႔ ေရာ္နယ္ဒို အျပင္ ေဂ်ဒန္ဆန္ခ်ိဳ တြဲဖက္ မႈ႕က ပရီးမီးယားလိဂ္ အတြက္ ၿပိဳင္ဘက္ကင္း တိုက္စစ္ အတြဲဖက္ျဖစ္လာလိမ့္မယ္လို႔ ပရိတ္သတ္ေတြကယုံၾကည္ေနၾကပါတယ္။ မားကပ္စ္ ရဲ႕ ျပန္လာမႈ႕က ေပါဂ့္ဘာ ကို ကြင္းလယ္ ျပန္လည္ေရာက္ရွိေစမွာျဖစ္သလို ဆန္ခ်ိဳ အတြက္လည္း ညာျခမ္းကေန ပိုမိုကစားခြင့္ ရမွာျဖစ္ၿပီး ဂရင္းဝုဒ္ အတြက္ေတာ့ အေထာင္တိုက္စစ္ေနရာကိုသာ ျပန္လည္ ေျပာင္းေ႐ႊ႕ ကစားရမွာလည္းျဖစ္ပါတယ္။အသင္းရဲ႕အေထာင္တိုက္စစ္မွာ ေရာ္နယ္ဒို ရွိေနလို႔ ဂရင္းဝုဒ္ အတြက္ ဖိအားနဲ႔ ပြဲကစားခ်ိန္မ်ားလြန္တဲ့ ျပသနာကို ေျဖေလ်ာ့ႏိုင္မွာ ျဖစ္သလို ဆန္ခ်ိဳ အတြက္လည္း ကစားခ်ိန္ နဲ႔ ယုံၾကည္မႈ႕ ပိုမို တိုးျမႇင့္ရရွိေစမွာ လည္းျဖစ္ပါတယ္။

unicode

ယူနိုက်တဒ် ရဲ့ အမျှော်လင့်ရဆုံး အရာကိုပြောပါဆိုရင် ပရီးမီးယားလိဂ် ပြီးရင် မားကပ်စ်ရရှ်ဖိုဒ့် ပြန်လာခြင်း ဖြစ်ပြီး မကြာခင်မှာ ယူနိုက်တဒ် ရဲ့ ဖြတ်ကျော်လိမ်ခေါက်မှု့အများဆုံး ကစားသမားက မြက်ခင်းစိမ်းပေါ်ပြန်လည်ခြေချနိုင်တော့မှာ လည်းဖြစ်ပါတယ်။ မားကပ်စ် ရဲ့ ပြီးခဲ့တဲ့နှစ်ရာသီ အတွင်း စွမ်းဆောင်ချက်တွေအရ မားကပ်စ် ဟာ လူငယ် ကစားသမား မဟုတ်တော့တဲ့ နံပတ် တစ်ဆယ်ကို ဆက်ခံသူအဖြစ် ပြောင်းလဲလာခဲ့ပြီးနောက် သူ့ရဲ့ ပါဝင်မှု့က အသင်းအပေါ် ကြီးမားတဲ့ သက်ရောက်မှု့တွေ ရှိလာခဲ့ပါတယ်။

မားကပ်စ် က နှစ်ရာသီ အတွင်း သွင်းဂိုးနဲ့ဖန်တီးမှု့ (၇၁)ဂိုး ပါဝင်ပက်သက်ခဲ့ကာ တစ်ပွဲပျမ်းမျှ (၂.၃)ကြိမ် ကျော်ဖြတ်နိုင်တဲ့ အရေတွက်က လက်ရှိအသင်းရဲ့ မြန်ဆန်မှု့ မရှိတဲ့ ပြသနာရဲ့ အရင်းအမြစ် လည်း ဖြစ်လာပါတယ်။ မားကပ်စ် ရှိနေချိန် က ယူနိုက်တဒ် ကွင်းလယ်ရဲ့ပေးပို့မှု့တွေ က မြန်ဆန်သလို တိကျမှု့ ရှိပြီး ပြိုင်ဘက် နေရာလွတ် တွေ အတွင်း ရွေ့လျား နိုင်စွမ်းလည်းမြင့်မားတာကြောင့် လက်ရှိ အသင်းအတွက် မားကပ်စ် ပြန်လာနိုင်မှသာ ပိုမိုအဆင်ပြေစေမှာလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားကတော့ ” မားကပ်စ် က ဒီနေ့ ပထမဆုံး အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်ပါပြီ။ဒီနေ့လေ့ကျင့်ခန်းမှာသူ့ကို အတော်လေးခပ်ပြင်းပြင်း ဖျတ်ထုတ်မှု့တွေ လုပ်ခဲ့ကြသလို သူ့ကြည့်ရတာ အဆင်ပြေနေပါတယ်။ဒီလို ဖျတ်ထုတ်မှု့တွေကို ခံနိုင်ရည်ရှိမှသာ သူ့ရဲ့ ပွဲထွက်ခွင့်ကပိုပြီး အဆင်ပြေလာမှာပါ။လက်ရှိအချိန်မှာ သူကကြံခိုင်မှု့ အပြည့်အဝ ရှိနေပြီဖြစ်သလို လေ့ကျင့်ရေးမှာလည်း တကယ်ကို ပြင်းပြင်းထန်ထန်ကြိူးစားနေသူပါ။ဒါပေမယ့် ဒဏ်ရာကနေပြန်လာပြီးချိန်ထဲက ဒီနေ့မှသာ ဖျတ်ထုတ်ခံရတာတွေ သူပြန်ပြီး ရင်ဆိုင်ရတာလေ။သူ့ရဲ့ပုခုံးက လေ့ကျင့်ရေးမှာ ထပ်ပြီး နာကျင်တာ မရှိဘူးဆိုရင်တော့ လာမယ့် နိုင်ငံတကာပွဲတွေအပြီးမှာ သူအသင့် ဖြစ်နေပါလိမ့်မယ်။သူ့ကို လက်စတာနဲ့ ပွဲမှာ ပြန်ပါလာဖို့ ကျနော်မျှော်လင့်ထားပါတယ်။သူ့ရဲ့လေ့ကျင့်ခန်းနဲ့ ကြံခိုင်မှု့ပိုင်းဆိုင်ရာ ကြိုးစားမှု့တွေက တကယ့်အံမခန်းပါပဲ။သူ့ကိုအစောပိုင်းမှာ ထိခိုက်ဒဏ်ရာမရအောင် အပေါ့စားလေ့ကျင့်ခန်းတွေ ပြုလုပ်စေခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ကို ခပ်ပြင်းပြင်း ထိတွေ့ခွင့်ပေးထားပါတယ်”လို့ဆိုပါတယ်။

မားကပ်စ် ရဲ့ ပုခုံး ခွဲစိတ်မှု့ နဲ့ပက်သက်လို့ လေးလခန့် အနားယူရလိမ့်မယ်လို့အသင်းဖက်က ပြောဆိုခဲ့ပေမယ့် အဆုံးသတ်မှာတော့ နှစ်လခန့်သာ ကြာမြင့်ခဲ့သလို ဒူးနဲ့ခြေချင်းဝတ် ဒဏ်ရာတွေကိုပါ ကုစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မားကပ်စ် နဲ့ ရော်နယ်ဒို အပြင် ဂျေဒန်ဆန်ချို တွဲဖက် မှု့က ပရီးမီးယားလိဂ် အတွက် ပြိုင်ဘက်ကင်း တိုက်စစ် အတွဲဖက်ဖြစ်လာလိမ့်မယ်လို့ ပရိတ်သတ်တွေကယုံကြည်နေကြပါတယ်။ မားကပ်စ် ရဲ့ ပြန်လာမှု့က ပေါဂ့်ဘာ ကို ကွင်းလယ် ပြန်လည်ရောက်ရှိစေမှာဖြစ်သလို ဆန်ချို အတွက်လည်း ညာခြမ်းကနေ ပိုမိုကစားခွင့် ရမှာဖြစ်ပြီး ဂရင်းဝုဒ် အတွက်တော့ အထောင်တိုက်စစ်နေရာကိုသာ ပြန်လည် ပြောင်းရွှေ့ ကစားရမှာလည်းဖြစ်ပါတယ်။အသင်းရဲ့အထောင်တိုက်စစ်မှာ ရော်နယ်ဒို ရှိနေလို့ ဂရင်းဝုဒ် အတွက် ဖိအားနဲ့ ပွဲကစားချိန်များလွန်တဲ့ ပြသနာကို ဖြေလျော့နိုင်မှာ ဖြစ်သလို ဆန်ချို အတွက်လည်း ကစားချိန် နဲ့ ယုံကြည်မှု့ ပိုမို တိုးမြှင့်ရရှိစေမှာ လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *