ေအာက္တိုဘာပြဲၾကပ္ကာလျဖတ္သန္းဖို႔အတြက္ ၿပိဳင္ဘက္ေတြကို တပ္လွန္႔လိုက္တဲ့ ဆိုးလ္ရွား

ယူႏိုက္တဒ္ရဲ႕ေအာက္တိုဘာပြဲက်ပ္ကာလက မၾကာခင္ေရာက္လာေတာ့မွာ ျဖစ္ၿပီး ဆိုးလ္ရွားကေတာ့ သူ႔အေနနဲ႔ ရလာဒ္ကသာ အေျဖျဖစ္လိမ့္မယ္လို႔ တုံျပန္လိုက္ပါတယ္။ ယူႏိူက္တဒ္ဟာ ေအာက္တိုဘာလအတြင္း စပါး(ယေန႔ည)PSG၊ခ်ဲလ္ဆီး၊လိုက္ပဇ္၊အာဆင္နယ္ တို႔ကိုဆက္တိုက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္ အခက္ခဲဆုံး ကာလကိုျဖတ္ေက်ာ္ရမယ့္ အေနထားကိုေရာက္ရွိေနပါတယ္။သို႔ေပမယ့္လည္း ဆိုးလ္ရွားကေတာ့ ေတာင္ေတြဟာ ထိပ္ေရာက္ေအာင္တက္ဖို႔တည္ရွိေနတာလို႔ ဆိုလိုက္ၿပီး စိန္ေခၚမႈ႕ေတြကို အႏိုင္ယူဖို႔ ရလာဒ္ကသာ စကားေျပာမယ္လို႔ ႀကဳံးဝါးလိုက္ပါတယ္။

ဆိုးလ္ရွားက”က်ေနာ္တို႔ကစားရမယ့္ၿပိဳင္ဘက္ေတြရဲ႕အေျခအေနအရ ရလာဒ္ကသာအရာအားလုံးအတြက္ အေျဖပါလိမ့္မယ္။က်ေနာ့္အသင္းသားေတြရဲ႕ ႀကံခိုင္မႈ႕ကလည္းပိုေကာင္းလာပါၿပီ။ဒီပြဲေတြကိုဘယ္လိုရင္ဆိုင္မလည္းဆိုရင္ေဝာာ့ ခ်န္ပီယံလိဂ္နဲ႔ပရီးမီးယားလိဂ္ၾကားမွ်တတဲ့ အားၿပိဳင္မႈ႕နဲ႔အတူ က်ေနာ္ေရာက္ရွိေနမယ့္ ေနရာမွာ အေကာင္းဆုံးရလာဒ္ေတြ ရယူဖို႔ပဲ ျပင္ဆင္သြားပါမယ္။”

“ရာသီအစမွ ျဖစ္ခဲ့တဲ့ရလာဒ္က အသင္းသားေတြ၊ပရိတ္သတ္နဲ႔ မီဒီယာ အထိပါ ေကာင္းမြန္တဲ့ ခံစားခ်က္မ်ိဳးမေပးႏိုင္ဘူးဆိုတာကို နားလည္ပါတယ္။ေဘာလုံးမွာ အရာအားလုံးကရလာဒ္ေပၚပဲမူတည္ေနတာပါ။ရလာဒ္ကသာ လည္ပတ္မႈ႕အားလုံးမွာအခရာ‌က်ေစပါလိမ့္မယ္။က်ေနာ္တို႔က ေတာ့တင္ဟမ္၊ခ်ဲလ္ဆီး၊အာဆင္နယ္ တို႔ကိုအိမ္ကြင္းမွာဆက္တိုက္ကစားရမယ္ ၿပီးရင္ အဲဗာတန္နဲ႔နယူးကာဆယ္တို႔ကလည္း တကယ္ခက္ခဲတဲ့ ၿပိဳင္ဘက္ေတြပါပဲ။”

” ၾကားရက္မွာ ခ်န္ပီယံလိဂ္ ရွိေနတာေၾကာင့္ မႏွစ္ကလို ‌ၾကာသပေတးေန႔ေတြမွာ လြယ္ကူခဲ့တာမ်ိဳးမရ‌ႏိုင္ေတာ့ပါဘူး။ၿပီးခဲ့တဲ့ရာသီကလည္း က်ေနာ္တို႔ဆိုး႐ြားတဲ့ စတင္မႈ႕နဲ႔စခဲ့ေပမယ့္ အဆုံးသတ္မွာေတာ့ တကယ္ကိုေကာင္းမြန္ခဲ့ပါတယ္။က်ေနာ္တို႔ရဲ႕ အဆုံးသတ္က ခမ်ားတို႔အားလုံးထင္ထားတဲ့ ေနရာထက္ပိုမိုျမင့္မားၿပီးအဆင့္သုံးမွာ အဆုံးသတ္ခဲ့တာပါ။က်ေနာ္တို႔ဒီႏွစ္မွာေတာ့ေနာက္ထပ္ ၁၀-၁၅ မွတ္ေလာက္ေနာက္ကလိုက္ေနရတာမ်ိဳးအလိုမရွိေတာ့ပါဘူး။” လို႔ဆိုပါတယ္။

unicode

ယူနိုက်တဒ်ရဲ့အောက်တိုဘာပွဲကျပ်ကာလက မကြာခင်ရောက်လာတော့မှာ ဖြစ်ပြီး ဆိုးလ်ရှားကတော့ သူ့အနေနဲ့ ရလာဒ်ကသာ အဖြေဖြစ်လိမ့်မယ်လို့ တုံပြန်လိုက်ပါတယ်။ ယူနိူက်တဒ်ဟာ အောက်တိုဘာလအတွင်း စပါး(ယနေ့ည)PSG၊ချဲလ်ဆီး၊လိုက်ပဇ်၊အာဆင်နယ် တို့ကိုဆက်တိုက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အသင်းရဲ့သမိုင်းတစ်လျှောက် အခက်ခဲဆုံး ကာလကိုဖြတ်ကျော်ရမယ့် အနေထားကိုရောက်ရှိနေပါတယ်။သို့ပေမယ့်လည်း ဆိုးလ်ရှားကတော့ တောင်တွေဟာ ထိပ်ရောက်အောင်တက်ဖို့တည်ရှိနေတာလို့ ဆိုလိုက်ပြီး စိန်ခေါ်မှု့တွေကို အနိုင်ယူဖို့ ရလာဒ်ကသာ စကားပြောမယ်လို့ ကြုံးဝါးလိုက်ပါတယ်။

ဆိုးလ်ရှားက”ကျနော်တို့ကစားရမယ့်ပြိုင်ဘက်တွေရဲ့အခြေအနေအရ ရလာဒ်ကသာအရာအားလုံးအတွက် အဖြေပါလိမ့်မယ်။ကျနော့်အသင်းသားတွေရဲ့ ကြံခိုင်မှု့ကလည်းပိုကောင်းလာပါပြီ။ဒီပွဲတွေကိုဘယ်လိုရင်ဆိုင်မလည်းဆိုရင်ဝောာ့ ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်ကြားမျှတတဲ့ အားပြိုင်မှု့နဲ့အတူ ကျနော်ရောက်ရှိနေမယ့် နေရာမှာ အကောင်းဆုံးရလာဒ်တွေ ရယူဖို့ပဲ ပြင်ဆင်သွားပါမယ်။”

“ရာသီအစမှ ဖြစ်ခဲ့တဲ့ရလာဒ်က အသင်းသားတွေ၊ပရိတ်သတ်နဲ့ မီဒီယာ အထိပါ ကောင်းမွန်တဲ့ ခံစားချက်မျိုးမပေးနိုင်ဘူးဆိုတာကို နားလည်ပါတယ်။ဘောလုံးမှာ အရာအားလုံးကရလာဒ်ပေါ်ပဲမူတည်နေတာပါ။ရလာဒ်ကသာ လည်ပတ်မှု့အားလုံးမှာအခရာ‌ကျစေပါလိမ့်မယ်။ကျနော်တို့က တော့တင်ဟမ်၊ချဲလ်ဆီး၊အာဆင်နယ် တို့ကိုအိမ်ကွင်းမှာဆက်တိုက်ကစားရမယ် ပြီးရင် အဲဗာတန်နဲ့နယူးကာဆယ်တို့ကလည်း တကယ်ခက်ခဲတဲ့ ပြိုင်ဘက်တွေပါပဲ။”

” ကြားရက်မှာ ချန်ပီယံလိဂ် ရှိနေတာကြောင့် မနှစ်ကလို ‌ကြာသပတေးနေ့တွေမှာ လွယ်ကူခဲ့တာမျိုးမရ‌နိုင်တော့ပါဘူး။ပြီးခဲ့တဲ့ရာသီကလည်း ကျနော်တို့ဆိုးရွားတဲ့ စတင်မှု့နဲ့စခဲ့ပေမယ့် အဆုံးသတ်မှာတော့ တကယ်ကိုကောင်းမွန်ခဲ့ပါတယ်။ကျနော်တို့ရဲ့ အဆုံးသတ်က ခများတို့အားလုံးထင်ထားတဲ့ နေရာထက်ပိုမိုမြင့်မားပြီးအဆင့်သုံးမှာ အဆုံးသတ်ခဲ့တာပါ။ကျနော်တို့ဒီနှစ်မှာတော့နောက်ထပ် ၁၀-၁၅ မှတ်လောက်နောက်ကလိုက်နေရတာမျိုးအလိုမရှိတော့ပါဘူး။” လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *