အပြောင်းအရွှေ့အပါအ၀င် နံနက်ခင်း ယူနိုက်တက် သတင်းတိုများ







unicode

ပေါ်တိုနောက်ခံလူ တဲလက်စ်ကို ယူရိုသန်း(20) ဖြင့်ခေါ်ယူဖို့ ယူနိုက်တက်တို့သဘောတူညီမှုရရှိပြီးဖြစ်ပါတယ်။ ယနေ့တွင်ပင် ဘရာဇီးသားဟာ  ယူနိုက်တက်နှင့်ဆေးစစ်မှုကိုခံယူတော့မှာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်တွင် ပထမ ပိုင်း၌ (4) ဂိုးပေး၍ ရှုံးနိမ့်ခဲ့မှုဟာ အသင်းသမိုင်းတစ်လျှောက် ပထမ ဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။

တိုက်စစ်မှူး ကာဗာနီကတော့ ယူနိုက်တက်ကစားသမားအဖြစ် ခံယူဖို့. မန်ချက်စတာမြို့သို့ရောက်လာပြီးဖြစ်ပြီး ယနေ့တွင် ဆေးစစ်မှု ခံယူမည်ဖြစ်ကြောင်း သိရပါတယ်။

အေစီမီလန်သို့ တစ်ရာသီ အငှားဖြင့် ပြောင်းရွှေသွားခဲ့ပြီးဖြစ်တဲ့ ယူနိုက်တက်နောက်ခံလူ ဒါလော့တ်ကတော့ အသင်းသစ်တွင်ကျောနံပါတ် (၅) ကို ဝတ်ဆင်ကစားမယ်လို့ သိရှိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကို ရောင်းချနိုင်ခြင်းမရှိပါက မန်ဖစ်ဒီပေးကိုလည်း ပြန်လည်ခေါ်ယူမှုမဟုတ်ဘူးလို့ သိရပါတယ်။ဒမ်ဘီလီကတော့ ယူနိုက်တက်နဲ့ သတင်းထွက်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ယူနိုက်တက်လူငယ် ဘရန်ဒန်ဝီလျံကို အငှားခေါ်ယူဖို့ စုံးစမ်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *