မြန်မာလူမျိုးတွေအတွက် ကျန်းမာရေးနဲ့ညီတဲ့ အကောင်းဆုံး နံနက်စာ Breakfast ကို အကြံပြုခြင်း

နံနက်ခင်းမှာ ဒယ်အိုးထဲ သံလွင်ဆီ ထမင်းစားတဇွန်း ထည့်ပြီး ပူလာရင် နနွင်း လက်ဘက်ရည်တဇွန်း ထည့်ပါ၊ နနွင်းဟာ ဆီထဲမှာပဲ ပျော်ဝင်ပါတယ်၊ ရေမှာ မပျော်ပါဘူး။ နနွင်းပျော်သွားရင် ငရုတ်ကောင်း နဲနဲထည့်ပါ။ ငရုတ်ကောင်းထဲမှာပါတဲ့ Piperine ဓါတ်ပေါင်းကသာ နနွင်းကို လူ့သွေးကြောထဲ ပို့ပေးနိုင်တယ်။

နနွင်းကို ဒီအတိုင်း သောက်ရင် အူက မစုတ်နိုင်ပါဘူး။ စားသမျှ နနွင်းရဲ့ ၁၀ ပုံ ၉ ပုံဟာ ဆီးဝမ်းလို စွန့်ပစ်တဲ့အထဲပါသွားပါလိမ့်မယ်။ သွေးကြောက စုတ်စေချင်ရင် နနွင်းကို ဆီတမျိုးမျိုးနဲ့ ရောရသလို Black paper ငရုတ်ကောင်းမှုံ့ ထည့်ကို ထည့်ရပါ့မယ်။ ဒါမှ ၁၀၀ စားရင် ၈၀% သွေးထဲရောက်မယ်။

နနွင်းဟာ ခန္တာကိုယ်အတွင်းယောင်တာကျစေတယ်၊ အသဲက အဆိပ်ကို စစ်ထုတ်ပေးတယ်၊ stress ကို တိုက်ဖျက်ပေးပါတယ်၊ ဇီဝကမ္မ ဖေါက်ပြန်တဲ့ ခုခံအားကစဉ့်ကလျားရောဂါကို ကာကွယ်ပေးပါတယ်။

သံလွင်ဆီ နနွင်း ငရုတ်ကောင်းနဲ့ ဆီသတ်ထားတဲ့အထဲ ကြက်သွန် ဖြူနီ ဂျင်း ထည့်ပြီး မွှေးလာလျင် ထမင်းကြမ်းထည့် ကျော်ပါ၊ ပဲပြုတ်ထည့်ပါ။ အရသာပြုပြင်ပါ။ ကျက်လျှင်ပန်းကန်ထဲထည့်ပါ။ ကြက်ဥတလုံးကို ဆားအနည်းငယ် တို့ထည့်ပြီး သံလွင်ဆီ နောက်တဇွန်းဖြင့် ကြော်ပါ။ မကျက်တကျက် သို့မဟုတ် အကျက် ကြိုက်သလိုကြော်ပါ။

သံလွင်ဆီကိုနံနက်ခင်းမှာ နှစ်ဇွန်းမျှသုံးဆွဲပေးခြင်းဖြင့် တနေ့လုံး တခြားမကောင်းသောအဆီများကို အလိုအလျောက် တားဆီးတိုက်ချွတ်ပေးပြီး ဖြစ်ပါလိမ့်မည်။ ကြက်ဥကျက်လျင် ထမင်းကြော်ထဲထည့်နိုင်ပါသည်။

ကောက်ဖီကြမ်းပြင်းပြင်းတခွက်နဲ့ နံနက်စာသုံးဆောင်ပါ။ ကော်ဖီကြမ်းသည် အသည်းကို အားတိုးစေပါသည်။ သုတ်ပွါးစေပါသည်။ နှလုံးရောဂါကို ကာကွယ်ပါသည်။ အတွေးကိုသွက်လက်စေသည်၊ လူကို လျင်မြန်စေသည်။ ကော်ဖီဟာ လိင်စွမ်းဆောင်မှု ၄၂% တိုးတက်စေပါသည်။ သို့သော်တနေ့ (၄) ခွက်ထက် ပိုမသောက်သင့်ပါ။ ကာဖိန်းပါတဲ့အတွက် နှလုံးခုန်နှုံးမြန်သူများ မသောက်သင့်ပါ။

နံနက်ခင်းမှာ ခန္တာကိုယ်ကို တနေ့တာ အဓိကထည့်ပေးချင်တဲ့ ဓါတ်တွေက နနွင်းငရုတ်ကောင်း ကြက်သွန်ဖြူ နီ ဂျင်း သံလွင်ဆီ ကြက်ဥ နဲ့ ကော်ဖီ ဖြစ်ပါတယ်။ ထမင်း နဲ့ ပဲ ကတော့ အဟာရအတွက် အရံထည့်ပေးရတာပါ။

သင်၏ နံနက်စာသည် အကုန်အကျနည်း၍ ကိုလက်စရော လျော့ပါးစေပြီး မြန်မာလူမျိုး ကြိုက်နှစ်သက်သော ကျမ်းမာရေးနှင့် ပြည့်စုံသည့် နံနက်စာ ဖြစ်ပါမည်။ (ကျော်စွာမင်း)

Leave a Reply

Your email address will not be published. Required fields are marked *