ယူႏိုက္တဒ္သတိထားရမယ့္ ဟိုေဆးေမာ္ရင္ဟို ရဲ႕ ဝွက္ဖဲ

ယူႏိုက္တဒ္နဲ႔ စပါးအသင္းတို႔ရဲ႕ ပြဲစဥ္က ယေန႔ည (၁၀:၀၀)မွာ အိုးထရဒ့္ဖိုဒ့္ကြင္းအတြင္းယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။ဆိုးလ္ရွားအတြက္ မႏွစ္က အသင္းႀကီးေတြကိုအႏိုင္ရခဲ့တဲ့ စံခ်ိန္က ဒီႏွစ္မွာလည္း အားျဖစ္ေစသည့္တိုင္ ဟိုေဆးလို ဉာဏ္မ်ားတဲ့နည္းျပကိုေတာ့ဆိုးလ္ရွားအေနနဲ႔အေတာ္ေလးဂ႐ုစိုက္ရပါလိမ့္မယ္။ အထူးသျဖင့္ ယူႏိုက္တဒ္ တိုက္စစ္အေၾကာင္း ေကာင္းေကာင္းေနာေက်ေနတဲ့ ဟိုေဆး အတြက္ သူပိုင္ႏိုင္တဲ့ ခံစစ္ဗ်ဴဟာ က အလုပ္ျဖစ္ႏိုင္သလို မာတခ္် အားနည္းခ်က္ကိုသိထားတာေၾကာင့္ ယူႏိုက္တဒ္ကြင္းလယ္နဲ႔ခံစစ္ၾကားကို ဟိုေဆးက ေသခ်ာေပါက္ဖိအားေပးလာပါလိမ့္မယ္။ အထူးသျဖင့္ ပရီးမီးယားလိဂ္မွာ ပုံမွန္ေျခစြမ္းမရေသးတဲ့ ေပါဂ့္ဘာ ကို အဓိကဖိအားေပးႏိုင္ၿပီး ယူႏိုက္တဒ္ ရဲ႕ဂိုး-ခံစစ္-ကြင္းလယ္ ၾကားအေပးယူေတြမွာ ၾကန႔္ၾကာေနမႈ႕က စပါးအသင္းအတြက္ အားသာခ်က္ျဖစ္လာပါလိမ့္မယ္။

ဟိုေဆးက ဒီေန႔ပြဲမွာ ဆြန္ေဟာင္မင္ အေျခအေနအေပၚ တိက်တဲ့အေျဖမေပးထားပဲ ထုံးစံအတိုင္း စိတ္ဓာတ္စစ္ဆင္ေရး လုပ္ထားသလို ကိုရီယားသားသာပါဝင္လာရင္ ယူႏိုက္တဒ္ ခံစစ္ကအေတာ္ေလးအလုပ္ရႈတ္ႏိုင္ပါတယ္။အထူးသျဖင့္ မက္ဂြိဳင္းယားက ကိန္း ကို အဓိက တာဝန္ယူရႏိုင္မယ့္ အခ်ိန္မွာ ကိန္းက နံပတ္၉ ေနရာကေန ထြက္ၿပီး နံပတ္ ၁၀ ကိုဆင္းကစားၿပီး ဖန္တီးသူေနရာယူလိုက္ရင္ ဆြန္ေဟာင္မင္း အတြက္ အခြင့္အေရးေတြ ပိုမိုရရွိလာပါလိမ့္မယ္။ ဆိုးလ္ရွားသာ ဘိုင္ယီ လို ျမန္ႏႈန္းနဲ႔ ႀကံခိုင္မႈ႕ေကာင္းတဲ့ ကစားသမားအစား ဗစ္တာလင္ဒီေလာဖ့္ ကို အသုံးျပဳခဲ့ရင္ ကိန္းေၾကာင့္ ေနရာလြတ္ေတြရလာမယ့္ ယူႏိုက္တဒ္ခံစစ္ယိုေပါက္အတြင္း ကာယအားသုံးကစားၿပီး ျမန္ႏႈန္း ဝင္ထြက္ႏိုင္တဲ့ ဆြန္၊ဘဂ္်ဝင္း၊ေမာ္ရာ တို႔အတြက္ အခြင့္အေရးေတြ ျဖစ္လာပါလိမ့္မယ္။

ေတာ့တင္ဟမ္ ခံစစ္မွာ ဘယ္ျခမ္းက ရီဂူလြန္က ျမန္ႏႈန္းျမင့္ကစားႏိုင္တာေၾကာင့္ ယူႏိုက္တ‌ဒ္မွာ ပုံမွန္ေျခစြမ္းေပ်ာက္ေနတဲ့ လုခ္ေရွာအတြက္ ျပသနာျဖစ္လာႏိုင္သလို ဟိုေဆးအသင္းကို ေဘာလုံးပိုင္ဆိုင္မႈ႕အမ်ားအျပား နဲ႔ ကစားခဲ့ရင္ ေသခ်ာေပါက္တန္ျပန္တိုက္စစ္ပေန ဂိုးေပးရႏိုင္တာကိုဆိုးလ္ရွားတစ္ေယာက္ ကာကြယ္ဖို႔လိုပါလိမ့္မယ္။ ဆိုးလ္ရွားအေနနဲ႔ ယေန႔ညမွာ ဟိုေဆးကိုတန္ျပန္တိုက္စစ္ ျပန္ကစားဖို႔ကအခက္ခဲရွိႏိုင္ၿပီး အိမ္ကြင္းနဲ႔ႏိုင္ပြဲရဖို႔အေရးႀကီးတဲ့ အျပင္ ကစားသမားအားလုံးလန္းဆန္းေနတာေၾကာင့္ တိုက္စစ္ဆင္ဖို႔သာႀကိဳးစားပါလိမ့္မယ္။

ဒါေၾကာင့္ ေပါဂ့္ဘာ ရဲ႕အေကာင္းဆုံးေျခစြမ္းကိုညႇစ္ထုတ္ႏိုင္ဖို႔လိုသလို ခံစစ္မွာလည္း ဘိုင္ယီလို မာေက်ာတဲ့ ခံစစ္မႈးမ်ိဳး လိုအပ္ပါလိမ့္မယ္။ တစ္ပတ္လုံးအနားရထားတဲ့ မာတခ္် က ယူႏိုက္တဒ္ခံစစ္အတြက္ အဓိကအားကိုးရမယ့္ ကစားသမားဖ့စ္သလို ဆိုးလ္ရွားအေနနဲ႔ ဖရဒ္ရဲ႕ အေရးပါမႈ႕ကိုလည္း ေမ့ေလ်ာ့ထားလို႔ေတာ့မရႏိုင္ပါဘူး။ဒါေပမယ့္ ေပါဂ့္ဘာကိုေက်ာ္ၿပီးဖရဒ္ကိုသုံးဖို႔ကဘျပသနာရွိေနလို႔ မျဖစ္ႏိုင္ပဲ ဒီေန႔ညမွာ ျပင္သစ္သားဆီကသာ ရာႏႈန္းျပည့္ေျခစြမ္းမ်ိဳး ရရွိဖို႔ ေတာင္းဆိုယုံမွတပါး အျခားမရွိေတာ့ပါဘူး။ ဟိုေဆးကလည္း ေပါဂ့္ဘာကိုပဲ အဓိက ဖိအားေပးမွာျဖစ္သလို ျပင္သစ္သားရဲ႕ေျခစြမ္းက ႏွစ္သင္းလုံးအတြက္ အေရးပါေနပါလိမ့္မယ္။

unicode

ယူနိုက်တဒ်နဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်က ယနေ့ည (၁၀:၀၀)မှာ အိုးထရဒ့်ဖိုဒ့်ကွင်းအတွင်းယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ဆိုးလ်ရှားအတွက် မနှစ်က အသင်းကြီးတွေကိုအနိုင်ရခဲ့တဲ့ စံချိန်က ဒီနှစ်မှာလည်း အားဖြစ်စေသည့်တိုင် ဟိုဆေးလို ဉာဏ်များတဲ့နည်းပြကိုတော့ဆိုးလ်ရှားအနေနဲ့အတော်လေးဂရုစိုက်ရပါလိမ့်မယ်။ အထူးသဖြင့် ယူနိုက်တဒ် တိုက်စစ်အကြောင်း ကောင်းကောင်းနောကျေနေတဲ့ ဟိုဆေး အတွက် သူပိုင်နိုင်တဲ့ ခံစစ်ဗျူဟာ က အလုပ်ဖြစ်နိုင်သလို မာတခ်ျ အားနည်းချက်ကိုသိထားတာကြောင့် ယူနိုက်တဒ်ကွင်းလယ်နဲ့ခံစစ်ကြားကို ဟိုဆေးက သေချာပေါက်ဖိအားပေးလာပါလိမ့်မယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာ ပုံမှန်ခြေစွမ်းမရသေးတဲ့ ပေါဂ့်ဘာ ကို အဓိကဖိအားပေးနိုင်ပြီး ယူနိုက်တဒ် ရဲ့ဂိုး-ခံစစ်-ကွင်းလယ် ကြားအပေးယူတွေမှာ ကြန့်ကြာနေမှု့က စပါးအသင်းအတွက် အားသာချက်ဖြစ်လာပါလိမ့်မယ်။

ဟိုဆေးက ဒီနေ့ပွဲမှာ ဆွန်ဟောင်မင် အခြေအနေအပေါ် တိကျတဲ့အဖြေမပေးထားပဲ ထုံးစံအတိုင်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်ထားသလို ကိုရီယားသားသာပါဝင်လာရင် ယူနိုက်တဒ် ခံစစ်ကအတော်လေးအလုပ်ရှုတ်နိုင်ပါတယ်။အထူးသဖြင့် မက်ဂွိုင်းယားက ကိန်း ကို အဓိက တာဝန်ယူရနိုင်မယ့် အချိန်မှာ ကိန်းက နံပတ်၉ နေရာကနေ ထွက်ပြီး နံပတ် ၁၀ ကိုဆင်းကစားပြီး ဖန်တီးသူနေရာယူလိုက်ရင် ဆွန်ဟောင်မင်း အတွက် အခွင့်အရေးတွေ ပိုမိုရရှိလာပါလိမ့်မယ်။ ဆိုးလ်ရှားသာ ဘိုင်ယီ လို မြန်နှုန်းနဲ့ ကြံခိုင်မှု့ကောင်းတဲ့ ကစားသမားအစား ဗစ်တာလင်ဒီလောဖ့် ကို အသုံးပြုခဲ့ရင် ကိန်းကြောင့် နေရာလွတ်တွေရလာမယ့် ယူနိုက်တဒ်ခံစစ်ယိုပေါက်အတွင်း ကာယအားသုံးကစားပြီး မြန်နှုန်း ဝင်ထွက်နိုင်တဲ့ ဆွန်၊ဘဂ်ျဝင်း၊မော်ရာ တို့အတွက် အခွင့်အရေးတွေ ဖြစ်လာပါလိမ့်မယ်။

တော့တင်ဟမ် ခံစစ်မှာ ဘယ်ခြမ်းက ရီဂူလွန်က မြန်နှုန်းမြင့်ကစားနိုင်တာကြောင့် ယူနိုက်တ‌ဒ်မှာ ပုံမှန်ခြေစွမ်းပျောက်နေတဲ့ လုခ်ရှောအတွက် ပြသနာဖြစ်လာနိုင်သလို ဟိုဆေးအသင်းကို ဘောလုံးပိုင်ဆိုင်မှု့အများအပြား နဲ့ ကစားခဲ့ရင် သေချာပေါက်တန်ပြန်တိုက်စစ်ပနေ ဂိုးပေးရနိုင်တာကိုဆိုးလ်ရှားတစ်ယောက် ကာကွယ်ဖို့လိုပါလိမ့်မယ်။ ဆိုးလ်ရှားအနေနဲ့ ယနေ့ညမှာ ဟိုဆေးကိုတန်ပြန်တိုက်စစ် ပြန်ကစားဖို့ကအခက်ခဲရှိနိုင်ပြီး အိမ်ကွင်းနဲ့နိုင်ပွဲရဖို့အရေးကြီးတဲ့ အပြင် ကစားသမားအားလုံးလန်းဆန်းနေတာကြောင့် တိုက်စစ်ဆင်ဖို့သာကြိုးစားပါလိမ့်မယ်။

ဒါကြောင့် ပေါဂ့်ဘာ ရဲ့အကောင်းဆုံးခြေစွမ်းကိုညှစ်ထုတ်နိုင်ဖို့လိုသလို ခံစစ်မှာလည်း ဘိုင်ယီလို မာကျောတဲ့ ခံစစ်မှုးမျိုး လိုအပ်ပါလိမ့်မယ်။ တစ်ပတ်လုံးအနားရထားတဲ့ မာတခ်ျ က ယူနိုက်တဒ်ခံစစ်အတွက် အဓိကအားကိုးရမယ့် ကစားသမားဖ့စ်သလို ဆိုးလ်ရှားအနေနဲ့ ဖရဒ်ရဲ့ အရေးပါမှု့ကိုလည်း မေ့လျော့ထားလို့တော့မရနိုင်ပါဘူး။ဒါပေမယ့် ပေါဂ့်ဘာကိုကျော်ပြီးဖရဒ်ကိုသုံးဖို့ကဘပြသနာရှိနေလို့ မဖြစ်နိုင်ပဲ ဒီနေ့ညမှာ ပြင်သစ်သားဆီကသာ ရာနှုန်းပြည့်ခြေစွမ်းမျိုး ရရှိဖို့ တောင်းဆိုယုံမှတပါး အခြားမရှိတော့ပါဘူး။ ဟိုဆေးကလည်း ပေါဂ့်ဘာကိုပဲ အဓိက ဖိအားပေးမှာဖြစ်သလို ပြင်သစ်သားရဲ့ခြေစွမ်းက နှစ်သင်းလုံးအတွက် အရေးပါနေပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *