နောက်ဆုံးအပြောင်းအရွှေ့များပါဝင်တဲ့ နံနက်ခင်း ယူနိုက်တက် သတင်းတိုများ







unicode

ယူနိုက်တက်အသင်းဟာ အသက်(27)နှစ်အရွယ်ဘယ်နောက် ခံလူ တဲလက်စ်ကို ပြောင်းရွှေ့ကြေး ယူရို(15.4)သန်း + အပိုဆု ကြေး ယူရို(3)သန်း ဖြင့်ပေါ်တိုအသင်းမှခေါ်ယူလိုက်ပြီးဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ  Peñarol အသင်းမှ ဥရုဂွေး လူငယ်ကစားသမား Facundo Pellistri (၁၈ နှစ်) အား ၅ နှစ်စာချုပ် + ၁ နှစ်ဖြင့် တရားဝင် ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဥရုဂွေးဝါရင့်တိုက်စစ်မှုး ကာဗာနီ အား အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။  ကာဗာနီဟာ  ယူနိုက်တက်နှင့် [၁နှစ် + ၁နှစ်သက်တမ်းတိုးခွင့်] စာချုပ်တစ်ရပ်ကိုချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အတ္တလန္တာတောင်ပံကစားသမား Amad Diallo Traore နှင့်သဘောတူညီမှုရပြီး ဇန်နဝါရီတွင်ပြောင်းရွှေ့လာမည်ဟု အသင်းကတရားဝင်ထုတ်ပြန်သွားခဲ့ပါတယ်။

ရိုမားအသင်းကတော့  ယူနိုက်တက်နောက်ခံလူ စမောလင်းကို ပြောင်းရွှေ့ကြေးယူရို(15)သန်း+အပိုဆုကြေးယူရို(5)သန်းဖြင့်ခေါ် ယူဖို့ ယူနိုက်တက်နှင့်သဘောတူညီမှုရခဲ့ပြီးဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြင်သစ်ကလပ် Sochaux မှ ၁၆ နှစ်သား ပြင်သစ်ယူ ၁၇ အသင်းခေါင်းဆောင် ဗဟိုနောက်ခံလူ Willy Kambwala အားယူရို ၄ သန်းဖြင့်တရားဝင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *