ပဲေလ့စ္နဲ႔ပြဲအၿပီး အ၀တ္လဲခန္းက သရဲနီတို႔ရဲ႕အေျခအေနကိို ရွင္းျပခဲ့တဲ့ မာတစ္ခ်္

ယူႏိုက္တက္အသင္းကေတာ့ ပဲေလ့စ္ကို ရင္ဆိုင္ခဲ့ရမွာ ပထမအေက်ာ့ ရႈံးေႂကြးကို မဆပ္ႏိုင္ခဲ့ပဲ ဂိုးမရွိ သေရရလဒ္သာ ထြက္ေပၚခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့အပတ္က ခ်ယ္ဆီးအသင္းကို ဂိုးမရွိသေရျဖစ္ခဲ့သလို မေန႔ညမွာလည္း ပဲေလ့စ္ကို သေရသာ ကစားႏိုင္ခဲ့တာေၾကာင့္ ဇယားထိပ္ဆုံးက မန္စီးတီးအသင္းထက္ ရမွတ္ပိုမို ေလ်ာ့က်ခဲ့တာေၾကာင့္ ဖလားလမ္းေၾကာင္းနဲ႔ ေသြဖယ္ေနၿပီျဖစ္ပါတယ္။

ယမန္ေန႔ညက မာတစ္၊ ရပ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ ကန္ခ်က္ေတြ ဂိုးရဖို႔ နီးစပ္ခဲ့ေပမယ့္ သေရရလဒ္ထြက္ေပၚခဲ့တာက ပရိသတ္ေတြအတြက္ စိတ္မခ်မ္းေျမ႕စရာပဲျဖစ္ပါတယ္။ယူႏိုက္တက္ကြင္းလယ္လူူ မာတစ္ကေတာ့ ပဲေလ့စ္နဲ႔ သေရပြဲအၿပီး အ၀တ္လဲခန္းက သရဲနီ ကစားသမားေတြရဲ႕အေျခအေနကို ရွင္းျပသြားခဲ့ပါတယ္။ ဆားဗီယားသားက (၃)ပြဲဆက္ ဂိုးမရွိသေရ ရလဒ္ထြက္ေပၚခဲ့တာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ တိုက္စစ္ပိုင္းမွာ ပိုၿပီး စြန္႔စားဖို႔ လိုအပ္တယ္လို႔ ယုံၾကည္ေနပါတယ္။

စကိုင္းစေပ့ါနဲ႔ေတြ႕ဆုံရမွာ မာတစ္က ” ပဲေလ့စ္က ၿပိဳင္ပြဲမွာ က်စ္လစ္သိပ္သည္းစြာ ကစားခဲ့ပါတယ္။ သူတို႔ေတြက အခြင့္အေရးကိုသာ ေစာင့္ဆိုင္းခဲ့တာပါ။ သူတို႔ေတြဘက္က  အဆုံးသတ္မွာ ပြဲကို အႏိုင္ရဖို႔ အခြင့္အေရးတႀကိမ္ရရွိခဲ့ပါေသးတယ္။ က်ေတာ္တို႔က ပိုၿပီးေကာင္းမြန္စြာလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အခြင္အေရးေတြပိုၿပီးဖန္တီးဖို႔ တိုက္စစ္ပိုင္းမွာ ပိုၿပီးစြန္႔စားဖို႔ လိုပါလိမ့္မယ္။”

” က်ေတာ္တို႔က ယူႏိုက္တက္အသင္းပါ။ ဒီပြဲမ်ိဳးကို အႏိုင္ရဖို႔လိုပါတယ္။ တနဂၤေႏြေန႔မွာလည္း မန္စီးတီးနဲ႔ ပြဲႀကီးပြဲေကာင္းကစားဖို႔ ရွိပါေသးတယ္။ ဒီအတြက္ျပန္ၿပီး အာ႐ုံစိုက္ရပါမယ္။အႏိုင္မရခဲ့တာေၾကာင့္ က်ေတာ္တို႔ေတြ စိတ္ပ်က္ခဲ့ပါတယ္။ အ၀တ္လဲခန္းက ကစားသမားေတြရဲ႕ဖီလင္ေတြကလည္း မေကာင္းခဲ့ဘူးေပါ့။ဒီပြဲကေန အေပါင္းလကၡနာေဆာင္တဲ့အရာကေတာ့ ဂိုးမေပးရတာပဲျဖစ္ပါတယ္။ ” ဟု ဆိုခဲ့ပါတယ္။

unicode

ယူနိုက်တက်အသင်းကတော့ ပဲလေ့စ်ကို ရင်ဆိုင်ခဲ့ရမှာ ပထမအကျော့ ရှုံးကြွေးကို မဆပ်နိုင်ခဲ့ပဲ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ချယ်ဆီးအသင်းကို ဂိုးမရှိသရေဖြစ်ခဲ့သလို မနေ့ညမှာလည်း ပဲလေ့စ်ကို သရေသာ ကစားနိုင်ခဲ့တာကြောင့် ဇယားထိပ်ဆုံးက မန်စီးတီးအသင်းထက် ရမှတ်ပိုမို လျော့ကျခဲ့တာကြောင့် ဖလားလမ်းကြောင်းနဲ့ သွေဖယ်နေပြီဖြစ်ပါတယ်။

ယမန်နေ့ညက မာတစ်၊ ရပ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ ကန်ချက်တွေ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် သရေရလဒ်ထွက်ပေါ်ခဲ့တာက ပရိသတ်တွေအတွက် စိတ်မချမ်းမြေ့စရာပဲဖြစ်ပါတယ်။ယူနိုက်တက်ကွင်းလယ်လူူ မာတစ်ကတော့ ပဲလေ့စ်နဲ့ သရေပွဲအပြီး အဝတ်လဲခန်းက သရဲနီ ကစားသမားတွေရဲ့အခြေအနေကို ရှင်းပြသွားခဲ့ပါတယ်။ ဆားဗီယားသားက (၃)ပွဲဆက် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ တိုက်စစ်ပိုင်းမှာ ပိုပြီး စွန့်စားဖို့ လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။

စကိုင်းစပေ့ါနဲ့တွေ့ဆုံရမှာ မာတစ်က ” ပဲလေ့စ်က ပြိုင်ပွဲမှာ ကျစ်လစ်သိပ်သည်စွာ ကစားခဲ့ပါတယ်။ သူတို့တွေက အခွင့်အရေးကိုသာ စောင့်ဆိုင်းခဲ့တာပါ။ သူတို့တွေဘက်က  အဆုံးသတ်မှာ ပွဲကို အနိုင်ရဖို့ အခွင့်အရေးတကြိမ်ရရှိခဲ့ပါသေးတယ်။ ကျတော်တို့က ပိုပြီးကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခွင်အရေးတွေပိုပြီးဖန်တီးဖို့ တိုက်စစ်ပိုင်းမှာ ပိုပြီးစွန့်စားဖို့ လိုပါလိမ့်မယ်။”

” ကျတော်တို့က ယူနိုက်တက်အသင်းပါ။ ဒီပွဲမျိုးကို အနိုင်ရဖို့လိုပါတယ်။ တနင်္ဂနွေနေ့မှာလည်း မန်စီးတီးနဲ့ ပွဲကြီးပွဲကောင်းကစားဖို့ ရှိပါသေးတယ်။ ဒီအတွက်ပြန်ပြီး အာရုံစိုက်ရပါမယ်။အနိုင်မရခဲ့တာကြောင့် ကျတော်တို့တွေ စိတ်ပျက်ခဲ့ပါတယ်။ အဝတ်လဲခန်းက ကစားသမားတွေရဲ့ဖီလင်တွေကလည်း မကောင်းခဲ့ဘူးပေါ့။ဒီပွဲကနေ အပေါင်းလက္ခနာဆောင်တဲ့အရာကတော့ ဂိုးမပေးရတာပဲဖြစ်ပါတယ်။ ” ဟု ဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *