အသင္းေဖာ္(၂)ဦးနဲ႔အတူ လက္က်န္ဖလားေတြကို တိုက္ပြဲဝင္မယ္လို႔ ႀကဳံးဝါးလိုက္တဲ့မာတခ္်

ကြင္းလယ္ကစားသမား နီမန္ဂ်ာမာတခ္် ကေတာ့ လက္က်န္ ပြဲေတြကိုအႏိုင္ယူၿပီး က်န္ေနေသးတဲ့ ဖလားႏွစ္လူံကို ေပါဂ့္ဘာ-ဘ႐ူႏို တြဲဖက္မႈ႕နဲ႔အတူ ရယူသြားမယ္လို႔ ႀကဳံးဝါးလိုက္ပါတယ္။ ယူႏိုက္တဒ္ဟာ မာတခ္် ရဲ႕ ကြင္းလယ္ထိန္းခ်ဳပ္ မႈ႕နဲ႔အတူ ေပါဂ့္ဘာ-ဘ႐ူႏို ကြင္းလယ္ အတြဲ က အေကာင္းဆုံး အေနထားကိုေရာက္ရွိလာၿပီး အသင္းဟာဖလားစိန္ေခၚႏိုင္တဲ့အေနထားကို ေရာက္ရွိလာၿပီလည္းျဖစ္ပါတယ္။ ယူႏိုက္တဒ္ အေနနဲ႔ လီဗာပူးလ္ရဲ႕ ခ်န္ပီယံျဖစ္မႈ႕ကို အေကာင္းဆုံးအသုံးခ်ၿပီး ဖလားေတြရရွိဖို႔အစြမ္းကုန္ႀကိဳးစားဖို႔ လိုအပ္ေနၿပီလည္းျဖစ္ပါတယ္။

မာတခ္်က “သူတို႔ႏွစ္ေယာက္ကိုကြင္းထဲမွာျမင္ရတာတစ္ကယ္ေပ်ာ္ပါတယ္။သူတို႔ကသိပ္ေကာင္းတဲ့ကစားသမားေတြျဖစ္ၿပီး အသင္းကို ေကာင္းမြန္တဲ့အရာေတြသယ္ေဆာင္လာႏိုင္ပါလိမ့္မယ္။က်ေနာ္အၿမဲေျပာခဲ့သလိုပါပဲ ကစားသမားေကာင္းေတြအတြက္ အသင္းမွာ ေနရာေသခ်ာေပါက္ရွိပါတယ္။သူတို႔ႏွစ္ေယာက္ကအသင္းကို ေအာင္ျမင္မႈ႕ရေစဖို႔ေသခ်ာေပါက္ကူညီႏိုင္မွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ဒါက က်ေနာ့္အတြက္လည္းအေရးႀကီးဆုံးအေနထားပါပဲ။သူတို႔ႏွစ္ေယာက္ကအသင္းမွာရွိတဲ့အျခားသူေတြထက္ပိုမိုသာလြန္တဲ့ အရည္အေသြးေတြ ရွိေနၾကသလို သူတို႔ကိုအတူတကြကြင္းထဲမွာ ရွိေနေစရင္ ေသခ်ာေပါက္ေအာင္ျမင္မႈ႕ကိုယူေပးႏိုင္ပါလိမ့္မယ္။”

“သူတို႔ႏွစ္ေယာက္အတူတြဲကစားတာကိုျမင္ရတာ က်ေနာ္ကေတာ့ အေတာ့္ကိုေပ်ာ္႐ႊင္မိသလို အသင္းက ပိုၿပီးေတာ့ ေကာင္းလာမယ္လို႔ပဲထင္မိပါတယ္။က်ေနာ္တို႔အေနနဲ႔ အဆင့္ေလးအတြင္းဝင္ဖို႔ကို မျဖစ္မေန အာ႐ုံစိုက္ရမွာျဖစ္ၿပီး က်န္ေနေသးတဲ့ လိဂ္ဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားတို႔ကိုလည္း ေသခ်ာေပါက္အရယူဖို႔ႀကိဳးပမ္းရပါလိမ့္မယ္။ပရီးမီးယားလိဂ္က (၇) ပြဲထိက်န္ေနေသးလို႔ ဘာမဆိုျဖစ္သြားႏိုင္ပါေသးတယ္။”လို႔ဆိုပါတယ္။

unicode

ကွင်းလယ်ကစားသမား နီမန်ဂျာမာတခ်ျ ကတော့ လက်ကျန် ပွဲတွေကိုအနိုင်ယူပြီး ကျန်နေသေးတဲ့ ဖလားနှစ်လူံကို ပေါဂ့်ဘာ-ဘရူနို တွဲဖက်မှု့နဲ့အတူ ရယူသွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။ ယူနိုက်တဒ်ဟာ မာတခ်ျ ရဲ့ ကွင်းလယ်ထိန်းချုပ် မှု့နဲ့အတူ ပေါဂ့်ဘာ-ဘရူနို ကွင်းလယ် အတွဲ က အကောင်းဆုံး အနေထားကိုရောက်ရှိလာပြီး အသင်းဟာဖလားစိန်ခေါ်နိုင်တဲ့အနေထားကို ရောက်ရှိလာပြီလည်းဖြစ်ပါတယ်။ ယူနိုက်တဒ် အနေနဲ့ လီဗာပူးလ်ရဲ့ ချန်ပီယံဖြစ်မှု့ကို အကောင်းဆုံးအသုံးချပြီး ဖလားတွေရရှိဖို့အစွမ်းကုန်ကြိုးစားဖို့ လိုအပ်နေပြီလည်းဖြစ်ပါတယ်။

မာတခ်ျက “သူတို့နှစ်ယောက်ကိုကွင်းထဲမှာမြင်ရတာတစ်ကယ်ပျော်ပါတယ်။သူတို့ကသိပ်ကောင်းတဲ့ကစားသမားတွေဖြစ်ပြီး အသင်းကို ကောင်းမွန်တဲ့အရာတွေသယ်ဆောင်လာနိုင်ပါလိမ့်မယ်။ကျနော်အမြဲပြောခဲ့သလိုပါပဲ ကစားသမားကောင်းတွေအတွက် အသင်းမှာ နေရာသေချာပေါက်ရှိပါတယ်။သူတို့နှစ်ယောက်ကအသင်းကို အောင်မြင်မှု့ရစေဖို့သေချာပေါက်ကူညီနိုင်မှာဖြစ်ပြီး လက်ရှိအချိန်မှာ ဒါက ကျနော့်အတွက်လည်းအရေးကြီးဆုံးအနေထားပါပဲ။သူတို့နှစ်ယောက်ကအသင်းမှာရှိတဲ့အခြားသူတွေထက်ပိုမိုသာလွန်တဲ့ အရည်အသွေးတွေ ရှိနေကြသလို သူတို့ကိုအတူတကွကွင်းထဲမှာ ရှိနေစေရင် သေချာပေါက်အောင်မြင်မှု့ကိုယူပေးနိုင်ပါလိမ့်မယ်။”

“သူတို့နှစ်ယောက်အတူတွဲကစားတာကိုမြင်ရတာ ကျနော်ကတော့ အတော့်ကိုပျော်ရွှင်မိသလို အသင်းက ပိုပြီးတော့ ကောင်းလာမယ်လို့ပဲထင်မိပါတယ်။ကျနော်တို့အနေနဲ့ အဆင့်လေးအတွင်းဝင်ဖို့ကို မဖြစ်မနေ အာရုံစိုက်ရမှာဖြစ်ပြီး ကျန်နေသေးတဲ့ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကိုလည်း သေချာပေါက်အရယူဖို့ကြိုးပမ်းရပါလိမ့်မယ်။ပရီးမီးယားလိဂ်က (၇) ပွဲထိကျန်နေသေးလို့ ဘာမဆိုဖြစ်သွားနိုင်ပါသေးတယ်။”လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *