လီဗာပူးလ္ခ်န္ပီယံျဖစ္မႈက သူ႔အေပၚဘယ္လိုသက္ေရာက္မႈရွိေစခဲ့သလဲ ဖြင့္ဟခဲ့တဲ့ ဆိုးလ္ရွား

ယူႏိုက္တဒ္နည္းျပဆိုးလ္ရွားက လီဗာပူးလ္ရဲ႕ ခ်န္ပီယံျဖစ္ခဲ့မႈ႕ကို ခ်ီးက်ဴးခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာ ဘယ္အသင္းပဲ ခ်န္ပီယံျဖစ္ျဖစ္ယူႏိုက္တဒ္ မဟုတ္သရ္် နာက်င္ရတယ္လို႔ဆိုပါတယ္။

ဆိုးလ္ရွားက “ဘယ္အသင္းမဆို လိဂ္ဖလားရတယ္ဆိုတာ ထိုက္တန္လို႔ပါ။‌ဒီလိဂ္ကဖလားရဖို႔ခက္ခဲတာေၾကာင့္ ဘယ္သူမဆို ဖလားရခဲ့ရင္ခ်ီးက်ဴးဖို႔ထိုက္တန္ပါတယ္။ကေလာပ့္နဲ႔ သူ႔ရဲ႕အသင္းသားေတြအားလုံးကို ဒီဖလားရခဲ့လို႔ တကယ္ပဲ ခ်ီးက်ဴးခ်င္ပါတယ္။ က်ေနာ့္အတြက္ေတာ့ မန္ယူႏိုက္တဒ္ မဟုတ္တဲ့ ဘယ္အသင္းပဲ ဖလားကိုင္ေျမႇာက္ပါေစ နာက်င္ရတာပါပဲ။‌ဒီခံစားခ်က္ကမန္ယူႏိုက္တဒ္နဲ႔ပက္သက္တဲ့ ဘယ္သူမဆို ရွိေနမယ့္နာက်င္မႈ႕ပါပဲ။ကစားသမား၊ဝန္ထမ္း၊ပရိတ္သတ္ ဘယ္သူမဆို ဒီအခိုက္တံ့မွာနာက်င္ရသလို ဒီအေနထားကက်ေနာ္တို႔အတြက္စိန္ေခၚမႈ႕ပါပဲ။”

” လက္ရွိအခ်ိန္မွာေတာ့ က်ေနာ္တို႔ကလိဂ္ဖလားယူဖို႔ဘယ္ေလာက္ေဝးကြာေနတယ္ဆိုတာကိုေျပာဖို႔အခ်ိန္ေကာင္းမဟုတ္ေသးဘူးလို႔က်ေနာ္ထင္ပါတယ္။အခုခ်ိန္က က်ေနာ္တို႔တိုးတက္လာမႈ႕ကိုျပရမယ့္အခ်ိန္ပါပဲ။ခ်န္ပီယံလိဂ္ဝင္ခြင့္အရယူမယ္ လိဂ္မွာတတ္ႏိုင္သေလာက္ အမွတ္မ်ားယူယူၿပီး ဖလားေတြကိုစတင္စိန္ေခၚရမယ့္အခ်ိန္ပါ။က်ေနာ္တို႔အသင္းအေနနဲ႔တည္ၿငိမ္မႈ႕နဲ႔ ထိေရာက္မႈ႕ကိုျပသရမယ့္ အခ်ိန္ေရာက္ပါၿပီ။က်ေနာ္တို႔ရဲ႕အေကာင္းဆုံးပုံစံေတြကို စေန၊တနဂ္ေႏြ၊အဂ္ါ ဘယ္ေန႔ျဖစ္ပါေစျပဖို႔ႀကိဳးစားရပါမယ္။ဒါက်ေနာ့္ကစားသမားေတြေရွ႕ဆက္တိုက္ပြဲဝင္ရမယ့္အခ်က္ပါပဲ”

“က်ေနာ့္အေနနဲ႔ ကစားသမားေတြကို မန္ယူႏိုက္တဒ္ဂ်ာစီဝတ္ဆင္ၿပီးတာနဲ႔ တည္ၿငိမ္တဲ့ေျခစြမ္းေအာက္မွာ ပြဲတိုင္း ေျခစြမ္းျပႏိုင္ဖို႔ အလိုရွိပါတယ္။က်ေနာ့္အေနနဲ႔ အျမင့္တက္ဖို႔ အကူညီလိုက္ရွာေနမွာမဟုတ္ပါဘူး။က်ေနာ္တို႔နဲ႔ရင္ဆိုင္ရမယ့္ အသင္းတိုင္းက ခက္ခဲသလို သူတို႔ကလည္း လိဂ္အတြက္မတူညီတဲ့ စိန္ေခၚမႈ႕ေတြနဲ႔ ယွဥ္ၿပိဳင္ေနတာပါ။ ”

“က်ေနာ္တို႔အတြက္ေတာ့ ပြဲတိုင္းက မန္ယူႏိုက္တဒ္မွာ ကစားဖို႔လုံေလာက္တဲ့စြမ္းရည္ရွိေၾကာင္းသက္ေသျပရမယ့္ပြဲေတြပါပဲ။ဒါေၾကာင့္မန္ယူႏိုက္တဒ္ အတြက္ကန္ရတဲ့ပြဲတိုင္းကအႏိုင္ရဖို႔လိုအပ္ပါတယ္။က်ေနာ္တို႔ရဲ႕လက္ရွိစိန္ေခၚမႈ႕ကတည္ၿငိမ္မႈ႕ကိုထိန္းဖို႔ပါပဲ။က်ေနာ္တို႔အေနနဲ႔ ပုံစံေကာငိးတစ္ခုမွာ ဘယ္ေလာက္ၾကာၾကာ ဆက္ထိန္းႏိုင္မလည္းျပရမွာျဖစ္သလို လက္ရွိအခ်ိန္လိုနိမ့္က်ေနေသးတဲ့အခ်ိန္မွာ အေကာငိးဆုံး႐ုန္းထြက္ရပါလိမ့္မယ္။က်ေနာ္က ေအာင္ျမင္ဖို႔ေရတိုလမ္းေတာ့လိုက္မွာမဟုတ္ပါဘူး”။ လို႔ ဆိုသြားခဲ့ပါတယ္။

unicode

ယူနိုက်တဒ်နည်းပြဆိုးလ်ရှားက လီဗာပူးလ်ရဲ့ ချန်ပီယံဖြစ်ခဲ့မှု့ကို ချီးကျူးခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ဘယ်အသင်းပဲ ချန်ပီယံဖြစ်ဖြစ်ယူနိုက်တဒ် မဟုတ်သရ်ျ နာကျင်ရတယ်လို့ဆိုပါတယ်။

ဆိုးလ်ရှားက “ဘယ်အသင်းမဆို လိဂ်ဖလားရတယ်ဆိုတာ ထိုက်တန်လို့ပါ။‌ဒီလိဂ်ကဖလားရဖို့ခက်ခဲတာကြောင့် ဘယ်သူမဆို ဖလားရခဲ့ရင်ချီးကျူးဖို့ထိုက်တန်ပါတယ်။ကလောပ့်နဲ့ သူ့ရဲ့အသင်းသားတွေအားလုံးကို ဒီဖလားရခဲ့လို့ တကယ်ပဲ ချီးကျူးချင်ပါတယ်။ ကျနော့်အတွက်တော့ မန်ယူနိုက်တဒ် မဟုတ်တဲ့ ဘယ်အသင်းပဲ ဖလားကိုင်မြှောက်ပါစေ နာကျင်ရတာပါပဲ။‌ဒီခံစားချက်ကမန်ယူနိုက်တဒ်နဲ့ပက်သက်တဲ့ ဘယ်သူမဆို ရှိနေမယ့်နာကျင်မှု့ပါပဲ။ကစားသမား၊ဝန်ထမ်း၊ပရိတ်သတ် ဘယ်သူမဆို ဒီအခိုက်တံ့မှာနာကျင်ရသလို ဒီအနေထားကကျနော်တို့အတွက်စိန်ခေါ်မှု့ပါပဲ။”

” လက်ရှိအချိန်မှာတော့ ကျနော်တို့ကလိဂ်ဖလားယူဖို့ဘယ်လောက်ဝေးကွာနေတယ်ဆိုတာကိုပြောဖို့အချိန်ကောင်းမဟုတ်သေးဘူးလို့ကျနော်ထင်ပါတယ်။အခုချိန်က ကျနော်တို့တိုးတက်လာမှု့ကိုပြရမယ့်အချိန်ပါပဲ။ချန်ပီယံလိဂ်ဝင်ခွင့်အရယူမယ် လိဂ်မှာတတ်နိုင်သလောက် အမှတ်များယူယူပြီး ဖလားတွေကိုစတင်စိန်ခေါ်ရမယ့်အချိန်ပါ။ကျနော်တို့အသင်းအနေနဲ့တည်ငြိမ်မှု့နဲ့ ထိရောက်မှု့ကိုပြသရမယ့် အချိန်ရောက်ပါပြီ။ကျနော်တို့ရဲ့အကောင်းဆုံးပုံစံတွေကို စနေ၊တနဂ်နွေ၊အဂ်ါ ဘယ်နေ့ဖြစ်ပါစေပြဖို့ကြိုးစားရပါမယ်။ဒါကျနော့်ကစားသမားတွေရှေ့ဆက်တိုက်ပွဲဝင်ရမယ့်အချက်ပါပဲ”

“ကျနော့်အနေနဲ့ ကစားသမားတွေကို မန်ယူနိုက်တဒ်ဂျာစီဝတ်ဆင်ပြီးတာနဲ့ တည်ငြိမ်တဲ့ခြေစွမ်းအောက်မှာ ပွဲတိုင်း ခြေစွမ်းပြနိုင်ဖို့ အလိုရှိပါတယ်။ကျနော့်အနေနဲ့ အမြင့်တက်ဖို့ အကူညီလိုက်ရှာနေမှာမဟုတ်ပါဘူး။ကျနော်တို့နဲ့ရင်ဆိုင်ရမယ့် အသင်းတိုင်းက ခက်ခဲသလို သူတို့ကလည်း လိဂ်အတွက်မတူညီတဲ့ စိန်ခေါ်မှု့တွေနဲ့ ယှဉ်ပြိုင်နေတာပါ။ ”

“ကျနော်တို့အတွက်တော့ ပွဲတိုင်းက မန်ယူနိုက်တဒ်မှာ ကစားဖို့လုံလောက်တဲ့စွမ်းရည်ရှိကြောင်းသက်သေပြရမယ့်ပွဲတွေပါပဲ။ဒါကြောင့်မန်ယူနိုက်တဒ် အတွက်ကန်ရတဲ့ပွဲတိုင်းကအနိုင်ရဖို့လိုအပ်ပါတယ်။ကျနော်တို့ရဲ့လက်ရှိစိန်ခေါ်မှု့ကတည်ငြိမ်မှု့ကိုထိန်းဖို့ပါပဲ။ကျနော်တို့အနေနဲ့ ပုံစံကောငိးတစ်ခုမှာ ဘယ်လောက်ကြာကြာ ဆက်ထိန်းနိုင်မလည်းပြရမှာဖြစ်သလို လက်ရှိအချိန်လိုနိမ့်ကျနေသေးတဲ့အချိန်မှာ အကောငိးဆုံးရုန်းထွက်ရပါလိမ့်မယ်။ကျနော်က အောင်မြင်ဖို့ရေတိုလမ်းတော့လိုက်မှာမဟုတ်ပါဘူး”။ လို့ ဆိုသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *