အသင္းေဖာ္တဦးရဲ႕သြင္းဂိုးကို ခ်ီးမြမ္းလိုက္ၿပီး အသင္းရဲ႕အားနည္းခ်က္ကို ထုတ္ေဖာ္လိုက္တဲ့ မက္ဂြိဳင္းယား

ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကေတာ့ အတၱလန္တာကို အႏိုင္ရခဲ့တဲ့ပြဲအၿပီး အသင္းရဲ႕အားနည္းခ်က္ကို ထုတ္ေဖာ္ေျပာသြားခဲ့ပါတယ္။ မက္ဂြိဳင္းယားက ယူႏိုက္တက္အသင္းအေနနဲ႔ ဒီရာသီမွာ Set Piece ေတြကေန ဂိုးေတြ အလြန္အကြ်န္ေပးေနရတယ္လို႔ ၀န္ခံခဲ့ၿပီး ျပင္ဆင္ဖို႔ လိုေနၿပီလို႔ သတိေပးခဲ့တာ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ေႏြတုန္းက တည္ကန္ေဘာေတြကတဆင့္ဂိုးမေပး ရေရးကို ရည္ရြယ္ၿပီး အဲရစ္ရန္ေဆးကို နည္းျပအဖြဲ႔၀င္အျဖစ္ ခန္႔အပ္ခဲ့အပ္ခဲ့တာ ျဖစ္ပါတယ္။ဒါေပမယ့္လည္း ဒီရာသီမွာ တိုးတက္လာျခင္း မရွိပဲ ေဒါင့္ကန္ေဘာေတြကေနတဆင့္ ဂိုးေတြ ေတာက္ေလ်ာက္ခြင့္ျပဳေနရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားက ယူႏိုက္တက္က တည္ကန္ေဘာေတြကို ခုခံရမွာ လုံေလာက္တဲ့ ေကာင္းမြန္မႈမ်ိဳး မရွိဘူးလို႔ သတိေပးခဲ့ပါ။

ပြဲအၿပီးမွာမက္ဂြိဳင္းယားက’ ကၽြန္ေတာ္တို႔ကခ်န္ပီယံလိဂ္မွာ ဒီလိုမ်ိဳးခက္ခက္ခဲခဲနဲ႔ အနိုင္ယူေနက်ပဲေလ။ ပထမပိုင္းမွာ set-pieces ေတြကေန၂ဂိုးေပးလိုက္ရတာ တကယ္ကိုမျဖစ္သင့္ပါဘူး။ နာက္ဆုံးကစားခဲ့တဲ့ပြဲေတြမွာ set-pieces ေတြကေနဂိူးေတြအမ်ားႀကီးေပးထားရတယ္။ ေနာက္ဆုံး၄ပြဲမွာ ၄ဂိုးလားမသိဘူးေပးထားရတာပါ။ ဒါကိုျပင္ဆင္ဖို႔လိုလာပါၿပီ’

‘ဒီလိုမ်ိဳးဂိုးေတြေပးေနရတာက အသင္းႀကီးတစ္သင္းအတြက္မျဖစ္သင့္ဘူး။ ကၽြန္ေတာ္တို႔ဒီ့ထက္ပိုၿပီးက်စ္လ်စ္ေအာင္လုပ္ရဦးမယ္။ အနိုင္ရဖို႔ကေတာ့အေရးႀကီးဆုံးေပါ့။ ကၽြန္ေတာ္တို႔အဝတ္လဲခန္းထဲမွာ စုစုစည္းစည္းနဲ႔တိုင္ပင္ခဲ့ၾကတယ္။ ပရိသတ္ေတြကလဲလက္ခုပ္ေတြတီးၿပီးအားေပးၾကတယ္။ ကၽြန္ေတာ္တို႔ကလဲသူတို႔အတြက္ အနိုင္ရလဒ္ပုံေဖာ္ေပးခဲ့ပါတယ္’ လို႔ ပြဲအၿပီးမွာ သတိေပးခဲ့ပါတယ္။

ဒါ့အျပင္ အတၱလႏၲာနဲ႔ပြဲမွာ အနိုင္ဂိုးထပ္မံသြင္းယူေပးခဲ့တဲ့အသင္းေဖာ္ေရာ္နယ္ဒိုကို ဟယ္ရီမက္ဂြိဳင္းယားက အလ်င္အျမန္ပဲခ်ီးက်ဴးသြားခဲ့တာပါ။ ’ကၽြန္ေတာ္က အဲ့ဒီဂိုးကို အနီးကပ္ျမင္ခဲ့ရတာပါ။ ကၽြန္ေတာ္ကသူ႔အေနာက္မွာေလ။ သူ႔ရဲ့ခုန္တာေတြ၊ timing တြက္ဆတာေတြက လုံးဝကြက္တိပါပဲ။ ဒါမ်ိဳးကို ေလ့က်င့္ေရးကြင္းမွာ ေန႔စဥ္နဲ႔အမၽွျမင္ေနရတာပါ။ ၿပီးေတာ့သူ႔ကစားသမားဘဝတစ္ေလၽွာက္လုံးေပါ့။ သူကကၽြန္ေတာ္တို႔အတြက္ အမိုက္စားခ်န္ပီယံလိဂ္ဂိုးေတြသြင္းေပးဖို႔ေရာက္လာတာပါ’ လို႔ခ်ီးက်ဴးခဲ့ပါေသးတယ္။

unicode

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ အတ္တလန်တာကို အနိုင်ရခဲ့တဲ့ပွဲအပြီး အသင်းရဲ့အားနည်းချက်ကို ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ မက်ဂွိုင်းယားက ယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီမှာ Set Piece တွေကနေ ဂိုးတွေ အလွန်အကျွန်ပေးနေရတယ်လို့ ဝန်ခံခဲ့ပြီး ပြင်ဆင်ဖို့ လိုနေပြီလို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေတုန်းက တည်ကန်ဘောတွေကတဆင့်ဂိုးမပေး ရရေးကို ရည်ရွယ်ပြီး အဲရစ်ရန်ဆေးကို နည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့အပ်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ဒီရာသီမှာ တိုးတက်လာခြင်း မရှိပဲ ဒေါင့်ကန်ဘောတွေကနေတဆင့် ဂိုးတွေ တောက်လျောက်ခွင့်ပြုနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းခေါင်းဆောင်မက်ဂွိုင်းယားက ယူနိုက်တက်က တည်ကန်ဘောတွေကို ခုခံရမှာ လုံလောက်တဲ့ ကောင်းမွန်မှုမျိုး မရှိဘူးလို့ သတိပေးခဲ့ပါ။

ပွဲအပြီးမှာမက်ဂွိုင်းယားက’ ကျွန်တော်တို့ကချန်ပီယံလိဂ်မှာ ဒီလိုမျိုးခက်ခက်ခဲခဲနဲ့ အနိုင်ယူနေကျပဲလေ။ ပထမပိုင်းမှာ set-pieces တွေကနေ၂ဂိုးပေးလိုက်ရတာ တကယ်ကိုမဖြစ်သင့်ပါဘူး။ နာက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ set-pieces တွေကနေဂိူးတွေအများကြီးပေးထားရတယ်။ နောက်ဆုံး၄ပွဲမှာ ၄ဂိုးလားမသိဘူးပေးထားရတာပါ။ ဒါကိုပြင်ဆင်ဖို့လိုလာပါပြီ’

‘ဒီလိုမျိုးဂိုးတွေပေးနေရတာက အသင်းကြီးတစ်သင်းအတွက်မဖြစ်သင့်ဘူး။ ကျွန်တော်တို့ဒီ့ထက်ပိုပြီးကျစ်လျစ်အောင်လုပ်ရဦးမယ်။ အနိုင်ရဖို့ကတော့အရေးကြီးဆုံးပေါ့။ ကျွန်တော်တို့အဝတ်လဲခန်းထဲမှာ စုစုစည်းစည်းနဲ့တိုင်ပင်ခဲ့ကြတယ်။ ပရိသတ်တွေကလဲလက်ခုပ်တွေတီးပြီးအားပေးကြတယ်။ ကျွန်တော်တို့ကလဲသူတို့အတွက် အနိုင်ရလဒ်ပုံဖော်ပေးခဲ့ပါတယ်’ လို့ ပွဲအပြီးမှာ သတိပေးခဲ့ပါတယ်။

ဒါ့အပြင် အတ္တလန္တာနဲ့ပွဲမှာ အနိုင်ဂိုးထပ်မံသွင်းယူပေးခဲ့တဲ့အသင်းဖော်ရော်နယ်ဒိုကို ဟယ်ရီမက်ဂွိုင်းယားက အလျင်အမြန်ပဲချီးကျူးသွားခဲ့တာပါ။ ’ကျွန်တော်က အဲ့ဒီဂိုးကို အနီးကပ်မြင်ခဲ့ရတာပါ။ ကျွန်တော်ကသူ့အနောက်မှာလေ။ သူ့ရဲ့ခုန်တာတွေ၊ timing တွက်ဆတာတွေက လုံးဝကွက်တိပါပဲ။ ဒါမျိုးကို လေ့ကျင့်ရေးကွင်းမှာ နေ့စဉ်နဲ့အမျှမြင်နေရတာပါ။ ပြီးတော့သူ့ကစားသမားဘဝတစ်လျှောက်လုံးပေါ့။ သူကကျွန်တော်တို့အတွက် အမိုက်စားချန်ပီယံလိဂ်ဂိုးတွေသွင်းပေးဖို့ရောက်လာတာပါ’ လို့ချီးကျူးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *