Golden Boyဆန်ကာတင်တွင် ပါဝင်တဲ့ သရဲနီလူငယ်များနှင့် နံက်ခင်းသတင်းတိုများ







unicode

မေဆင်ဂရင်းဝုဒ်၊ ဂျိမ်းစ်ဂါနာနဲ့ အိန်ဂျယ်ဂိုးမက်စ်တို့ဟာ ၂၀၂၀ ခုနှစ်အတွက် Golden Boy ဆုအတွက် ဆန်ကာတင် အယောက် (၁၀၀) စာရင်းတွင် ပါဝင်ခဲ့ကြောင်း သိရပါတယ်။

လူငယ်ကစားသမားနှစ်ဦးဖြစ်ကြတဲ့  ဂျိန်းဂါနာနှင့်မန်ဂီတို့ဟာ  စပါးနှင့်ကစားမည့် ပွဲစဉ်အတွက် ယနေ့တွင်စီနီယာအသင်း၌ လေ့ကျင့်ခန်းအစီအစဉ်ကိုပူးပေါင်းခဲ့သည်ဟုသိရပါတယ်။

ရပ်ဖို့ဒ်ဟာ (၁၀၀)ရာခိုင်နှုန်းကြံ့ခိုင်မှုပြည့်ဝနေသည့်ကစားသမားတစ်ဦးအဖြစ်ရှိနေပြီး ပြီးခဲ့သည့်အပတ် ကဝက်စ်ဘရွန်းအသင်းနှင့်ခြေစမ်းပွဲကစားခဲ့ရာတွင်လည်း “ရပ်တန့်၍မရသောကစားသမား” ဟူ၍ ညွှန်းဆိုခံခဲ့ရပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ရာသီဥတုဒဏ် ခံနိုင်တဲ့ TV ကို ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် တပ်ဆင်သွားမယ်လို့သိရပါတယ်။ ခပ်ခွာခွာနေဖို့ အလေးထားပြီး ယူနိုက်တက်လူစာရင်းကို ဗီဒီယိုကနေ တဆင့် ကွက်ကဲမှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အေဂျက်ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၅၀) ရဲ့အောက် သာ ပေးလိုကြောင်း သိရပါတယ်။

ယူနိုက်တက်ပရိသတ်များစွာက ယုံကြည် စိတ်ချရသည့်ဂျာမနီသတင်းသမား Christian Falk ကို ယူနိုက်တက် – ဆန်ချို ၏အပြောင်းအရွှေ့ကိုမေးမြန်းရာတွင်ယင်းက ဒေါ့မွန်အသင်းမှာဆန်ချိုအတွက် ယူနိုက်တက်အသင်း၏ တရားဝင်ကမ်းလှမ်းမှုတွေ မရထားသေးကြောင်း ပြန်လည်ရေးသားဖော် ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *