ယူႏိုက္တက္ကို အသြင္ေျပာင္းေပးႏိုင္လိုက္တဲ့ ကစားသမားရဲ႕အမည္ကို နဗီးလ္ဖြင့္ဟ

ယူႏိုက္တဒ္ ဂႏၷဝင္ေနာက္ခံလူႀကီး ဂယ္ရီနဗီးလ္ ကေတာ့ ဖာနန္ဒက္စ္ နဲ႔ ပက္သက္ၿပီး အေတာ့္ကို အေကာင္းျမင္မႈ႕မ်ားသလို ေပၚတူဂီစတားကို ႀကိဳက္ႏွစ္သက္သူလည္းျဖစ္ပါတယ္။ ဘ႐ူႏိုေရာက္ရွိလာၿပီးထဲက အသင္းရဲ႕ ေျပာင္းလဲလာတဲ့ စိတ္ဓာတ္ပိုင္းနဲ႔ ပြဲအေပၚထားရွိတဲ့ ခံယူခ်က္ေတြကို နဗီးလ္ အပါဝင္ ကစားသမားေဟာင္းေတြက ႀကိဳက္ႏွစ္သက္ေနတာ ျဖစ္ၿပီး ယူႏိုက္တဒ္ ရဲ႕ အနာဂတ္ဟာ ဘ႐ူႏို ရဲ႕ ေရာက္ရွိမႈ႕နဲ႔အတူ လင္းလက္လာတယ္လို႔ လက္ခံထားၾကပါတယ္။ ဘ႐ူႏို ဖာနနါဒက္စ္ ကို ဇန္နဝါရီ မွာ ေခၚယူၿပီးထဲက ယူႏိုက္တဒ္အေနနဲ႔ ရႈံးပြဲမႀကဳံေတြ႕ရေသးပဲ ၈ပြဲအႏိုင္ ၃ပြဲသေရ က်ထားပါတယ္။

နဗီးလ္က “အသင္းတစ္သင္းကို ကစားသမားတစ္ေယာက္ထဲနဲ႔ ေျပာင္းလဲႏိုင္စြမ္းရွိတာမ်ိဳးကို မေတြ႕ခဲ့ရတာ အေတာ့္ကို ၾကာျမင့္ေနပါၿပီ။ဘ႐ူႏို က မန္ယူႏိုက္တဒ္ကို ေျပာင္းျပန္အေနထားကေန ဆြဲေခၚသြားတာပါ။အေတာ္ေလး႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့အသင္းကို ကစားကြက္အရေရာ၊ရလာဒ္ပိုင္းအရပါ အေတာ့္ကို ၾကည့္ရေကာင္းတဲ့အေနထားထိ ‌ဆြဲတင္သြားႏိုင္ပါတယ္။သူ႔ရဲ႕အခ်ိဳ႕ေသာ ကစားပုံေတြက စြဲဖက္ဖြယ္ေကာင္းသလို သူ႔အနားကလူေတြကိုပါ ပါဝင္လာေအာင္ စြဲေဆာင္ႏိုင္ပါတယ္။သူကအသင္းသစ္မွာ ခပ္ျမန္ျမန္ပဲ အထိုင္က်ၿပီး မွန္ကန္တဲ့လမ္းကိုဆြဲေခၚႏိုင္ခဲ့တယ္ေလ။”

“ခမ်ားအေနနဲ႔က်ေနာ့္ကို မန္ယူႏိုက္တဒ္အေနနဲ႔ ဒီလိုကြင္းလယ္ကစားသမားကိုေခၚယူၿပီး အဆင္ေျပၿပီလားလို႔ေမးရင္ေတာ့ မဟုတ္ေသးဘူးလို႔ပဲေျဖပါရေစ။ယူႏိုက္တဒ္အေနနဲ႔ ဘ႐ူႏို လို အသင္းအေပၚအက်ိဳးျပဳႏိုင္မယ့္ ကစားသမား ‌သုံး၊ေလးေယာက္ကိုေခၚယူႏိုင္မွသာ ခ်န္ပီယံျဖစ္ဖို႔ သက္ေရာက္မႈ႕ရွိေစပါလိမ့္မယ္။ဒါေပမယ့္ ဘ႐ူႏိုကေတာ့ ခြၽင္းခ်က္ပါ။သူ႔ရဲ႕ ကစားပုံအဆင့္အတန္း၊သူေရာက္ၿပီးထဲက ရရွိတဲ့အမွတ္ေတြ၊သူ႔ရဲ႕ပါဝင္မႈ႕ေတြ၊ သူကအရာရာတိုင္းမွာကို ပါဝင္ပက္သက္ေနတာပါ။သူကအၿမဲတေစေဘာလုံးအေပၚမွာပဲစိတ္ႏွစ္ထားၿပီး အရည္အခ်င္းလည္းအျပည့္အဝရွိတဲ့ ကစားသမားပါ” ဟု ေျပာၾကားသြားခဲ့လိုက္ပါတယ္။

unicode

ယူနိုက်တဒ် ဂန္နဝင်နောက်ခံလူကြီး ဂယ်ရီနဗီးလ် ကတော့ ဖာနန်ဒက်စ် နဲ့ ပက်သက်ပြီး အတော့်ကို အကောင်းမြင်မှု့များသလို ပေါ်တူဂီစတားကို ကြိုက်နှစ်သက်သူလည်းဖြစ်ပါတယ်။ ဘရူနိုရောက်ရှိလာပြီးထဲက အသင်းရဲ့ ပြောင်းလဲလာတဲ့ စိတ်ဓာတ်ပိုင်းနဲ့ ပွဲအပေါ်ထားရှိတဲ့ ခံယူချက်တွေကို နဗီးလ် အပါဝင် ကစားသမားဟောင်းတွေက ကြိုက်နှစ်သက်နေတာ ဖြစ်ပြီး ယူနိုက်တဒ် ရဲ့ အနာဂတ်ဟာ ဘရူနို ရဲ့ ရောက်ရှိမှု့နဲ့အတူ လင်းလက်လာတယ်လို့ လက်ခံထားကြပါတယ်။ ဘရူနို ဖာနနါဒက်စ် ကို ဇန်နဝါရီ မှာ ခေါ်ယူပြီးထဲက ယူနိုက်တဒ်အနေနဲ့ ရှုံးပွဲမကြုံတွေ့ရသေးပဲ ၈ပွဲအနိုင် ၃ပွဲသရေ ကျထားပါတယ်။

နဗီးလ်က “အသင်းတစ်သင်းကို ကစားသမားတစ်ယောက်ထဲနဲ့ ပြောင်းလဲနိုင်စွမ်းရှိတာမျိုးကို မတွေ့ခဲ့ရတာ အတော့်ကို ကြာမြင့်နေပါပြီ။ဘရူနို က မန်ယူနိုက်တဒ်ကို ပြောင်းပြန်အနေထားကနေ ဆွဲခေါ်သွားတာပါ။အတော်လေးရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့အသင်းကို ကစားကွက်အရရော၊ရလာဒ်ပိုင်းအရပါ အတော့်ကို ကြည့်ရကောင်းတဲ့အနေထားထိ ‌ဆွဲတင်သွားနိုင်ပါတယ်။သူ့ရဲ့အချို့သော ကစားပုံတွေက စွဲဖက်ဖွယ်ကောင်းသလို သူ့အနားကလူတွေကိုပါ ပါဝင်လာအောင် စွဲဆောင်နိုင်ပါတယ်။သူကအသင်းသစ်မှာ ခပ်မြန်မြန်ပဲ အထိုင်ကျပြီး မှန်ကန်တဲ့လမ်းကိုဆွဲခေါ်နိုင်ခဲ့တယ်လေ။”

“ခများအနေနဲ့ကျနော့်ကို မန်ယူနိုက်တဒ်အနေနဲ့ ဒီလိုကွင်းလယ်ကစားသမားကိုခေါ်ယူပြီး အဆင်ပြေပြီလားလို့မေးရင်တော့ မဟုတ်သေးဘူးလို့ပဲဖြေပါရစေ။ယူနိုက်တဒ်အနေနဲ့ ဘရူနို လို အသင်းအပေါ်အကျိုးပြုနိုင်မယ့် ကစားသမား ‌သုံး၊လေးယောက်ကိုခေါ်ယူနိုင်မှသာ ချန်ပီယံဖြစ်ဖို့ သက်ရောက်မှု့ရှိစေပါလိမ့်မယ်။ဒါပေမယ့် ဘရူနိုကတော့ ချွင်းချက်ပါ။သူ့ရဲ့ ကစားပုံအဆင့်အတန်း၊သူရောက်ပြီးထဲက ရရှိတဲ့အမှတ်တွေ၊သူ့ရဲ့ပါဝင်မှု့တွေ၊ သူကအရာရာတိုင်းမှာကို ပါဝင်ပက်သက်နေတာပါ။သူကအမြဲတစေဘောလုံးအပေါ်မှာပဲစိတ်နှစ်ထားပြီး အရည်အချင်းလည်းအပြည့်အဝရှိတဲ့ ကစားသမားပါ” ဟု ပြောကြားသွားခဲ့လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *