မန္ခ်က္စတာကိုမေရာက္ခင္ ေလယာဥ္လွည့္ျပန္သြားရတဲ့ ကစားသမား

မန္ယူႏိုက္တဒ္ရဲ႕ တတိယေျမာက္ေခၚယူမႈ႕ ျဖစ္ေစမယ့္ ေပၚတိုဘယ္ေနာက္ခံ ကစားသမား အဲလက္စ္တဲလက္စ္ က အလုံးစုံ သေဘာတူညီမႈ႕ရရွိၿပီး‌ေနာက္ အဂ္လန္ကို ေဆးစစ္ရန္ ထြက္ခြာလာေပမယ့္ လမ္းတစ္ဝက္မွာပဲ ေပၚတူဂီကို လွည့္ျပန္သြားရပါတယ္။ စင္းလုံးငွားဂ်က္ေလယာဥ္နဲ႔ မန္ခ်က္စတာ ကို ‌ထြက္ခြာလာေပမယ့္ ေလယာဥ္ ပ်ံတက္ၿပီး မိနစ္အနည္းငယ္အၾကာမွာပဲ ေလယာဥ္မွာ ျပသနာ အနည္းငယ္ရွိေနလို႔ ေလယာဥ္မႈးက ျပန္လွည့္ခဲ့ၿပီး ေပၚတူဂီမွာ ပဲ ျပန္လည္ဆင္းသက္ခဲ့တာျဖစ္ပါတယ္။ တဲလက္စ္ အတြက္ မန္ယူႏိုက္တဒ္အသင္းက ေဆးစစ္ဖို႔နဲ႔ လက္မွတ္ဖိုးဖို႔ အအားလုံး ျပင္ဆင္ထားၿပီးျဖစ္ေပမယ့္ ေလယာဥ္ဆိုက္ကပ္မလာတာေၾကာင့္ ယေန႔မွသာ ေဆးစစ္မယ့္ကိစၥေတြကိုျပန္လည္ျပဳလုပ္မွာျဖစ္ပါတယ္။

ယူႏိုက္တဒ္က တဲလက္စ္ ကိုေခၚယူဖို႔ ရီဂူလြန္ အေျပာင္းအေ႐ႊ႕အဆုံးသတ္ခ်ိန္မွာထဲ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး ေပၚတိုအသင္းေတာင္းဆိုတဲ့ ယူ႐ို (၂၅)သန္း ေခၚေဈးကို မေပးေခ်လိုတာေၾကာင့္ ၾကာျမင့္ခဲ့တာလည္းျဖစ္ပါတယ္။ ယူႏိုက္တဒ္ဟာ တဲလက္စ္ အတြက္ ကနဦး ယူ႐ို(၁၀) သန္းသာ ေပးေခ်ခဲ့ၿပီး စာခ်ဳပ္ (၁) ႏွစ္သာက်န္ရွိၿပီး ေနာက္ (၉) ပတ္အတြင္း ႀကိဳတင္ေခၚယူထားလို႔ရမယ့္ ကစားသမားျဖစ္တာေၾကာင့္လည္း ယူႏိုက္တဒ္ဖက္က ေပၚတိုအသင္းေတာင္းဆိုထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ျငင္းဆိုခဲ့တာလည္းျဖစ္ပါတယ္။ ေပၚတိုအသင္းက ေတာ့ ယူ႐ိူသန္း(၂၀) အသားတင္က်န္ရွိလိုၿပီး အသင္းေဟာင္းနဲ႔ေအးဂ်င့္ေၾကးအတြက္ ယူ႐ို(၅) သန္း ထပ္ေဆာင္းေတာင္းဆိုေပမယ့္ ယူႏိုက္တဒ္ဖက္က အဆုံးသတ္မွာ ယူ႐ို(၁၅) သန္း + ထပ္တိုးဆုေၾကး (၃) သန္း စုစုေပါင္း ယူ႐ို(၁၈) သန္း နဲ႔ သေဘာတူညီမႈ႕ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

တဲလက္စ္ အတြက္ ယူႏိုက္တ‌ဒ္ဖက္က တစ္ပတ္လုပ္ခ ယူ႐ို(၈၅၀၀၀) ေပးေခ်မွာျဖစ္ၿပီး ေလးႏွစ္သက္တမ္းရွိစာခ်ဳပ္သစ္နဲ႔ ထပ္တိုးခ်ဳပ္ဆိုခြင့္ကို ထည့္သြင္းခ်ဳပ္ဆိုပါလိမ့္မယ္။တဲလက္စ္ က တိုက္စစ္အားသန္ ဘယ္ေနာက္ခံလူျဖစ္ၿပီး ဘယ္ေတာင္ပံတစ္ေၾကာမွာ မေမာမပန္း ေျပးလႊားႏိုင္သလို ဘရာဇီးလ္ႏိုင္ငံလက္ေ႐ြးစင္ျဖစ္တာနဲ႔အညီ တစ္ကိုယ္ေတာ္စြမ္းေဆာင္ရည္ျမင့္မားတဲ့ ကစားသမားလည္းျဖစ္ပါတယ္။ အသက္ (၂၇) ႏွစ္သာ ရွိေသးၿပီး ကစားသမားဘဝရဲ႕အေကာင္းဆုံးအ႐ြယ္ကိုေရာက္ရွေနသလို ယခုရာသီမွာေပၚတိုအသင္းအတြက္ သုံးပြဲကန္ ႏွစ္ဂိုးသြင္းႏွစ္ဖန္တီးထားသလို ၂၀၁၇-၂၀၂၀ သုံးရာသီအတြင္း ေပၚတိုအသင္းအတြက္ ဘယ္ေနာက္ခံေနရာကေန သြင္းဂိုးနဲ႔ဖန္တီးမႈ႕ (၇၂) ဂိုးအထိ ျပဳလုပ္ေပးထားသူလည္းျဖစ္ပါတယ္။

တည္ကန္ေဘာေတြ မွာ ထူးခြၽန္ၿပီး ျဖတ္‌တင္ေဘာေကာင္းမြန္သလိုသူ႔ရဲ႕ အဓိကအားသာခ်က္ကေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔နည္းတူ ျပင္းထန္အားပါတဲ့ အေဝးကန္ခ်က္ေတြ ျပဳလုပ္ႏိုင္တာလည္းျဖစ္ပါတယ္။ တဲလက္စ္က အသင္းေဟာင္း ဂါလာတာစာေရးနဲ႔ တူရကီခ်န္ပီယံ ၁ ႀကိမ္၊တူရကီစူပါဖလား ၁ႀကိမ္ ရရွိခဲ့သလို ေပၚတိုအသင္းနဲ႔ ေပၚတူဂီခ်န္ပီယံ ၂ ႀကိမ္၊ ေပၚတူဂီစူပါဖလား၁ႀကိမ္ နဲ႔ေပၚတူဂီ Cup winner cup တစ္ႀကိမ္တို႔ကိုရရွိထားတဲ့ ေအာင္ျမင္မႈ႕ႀကီးမားတဲ့ ကစားသမားတစ္ေယာက္လည္းျဖစ္ပါတယ္။

unicode

မန်ယူနိုက်တဒ်ရဲ့ တတိယမြောက်ခေါ်ယူမှု့ ဖြစ်စေမယ့် ပေါ်တိုဘယ်နောက်ခံ ကစားသမား အဲလက်စ်တဲလက်စ် က အလုံးစုံ သဘောတူညီမှု့ရရှိပြီး‌နောက် အဂ်လန်ကို ဆေးစစ်ရန် ထွက်ခွာလာပေမယ့် လမ်းတစ်ဝက်မှာပဲ ပေါ်တူဂီကို လှည့်ပြန်သွားရပါတယ်။ စင်းလုံးငှားဂျက်လေယာဉ်နဲ့ မန်ချက်စတာ ကို ‌ထွက်ခွာလာပေမယ့် လေယာဉ် ပျံတက်ပြီး မိနစ်အနည်းငယ်အကြာမှာပဲ လေယာဉ်မှာ ပြသနာ အနည်းငယ်ရှိနေလို့ လေယာဉ်မှုးက ပြန်လှည့်ခဲ့ပြီး ပေါ်တူဂီမှာ ပဲ ပြန်လည်ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ တဲလက်စ် အတွက် မန်ယူနိုက်တဒ်အသင်းက ဆေးစစ်ဖို့နဲ့ လက်မှတ်ဖိုးဖို့ အအားလုံး ပြင်ဆင်ထားပြီးဖြစ်ပေမယ့် လေယာဉ်ဆိုက်ကပ်မလာတာကြောင့် ယနေ့မှသာ ဆေးစစ်မယ့်ကိစ္စတွေကိုပြန်လည်ပြုလုပ်မှာဖြစ်ပါတယ်။

ယူနိုက်တဒ်က တဲလက်စ် ကိုခေါ်ယူဖို့ ရီဂူလွန် အပြောင်းအရွှေ့အဆုံးသတ်ချိန်မှာထဲ ကြိုးပမ်းခဲ့တာဖြစ်ပြီး ပေါ်တိုအသင်းတောင်းဆိုတဲ့ ယူရို (၂၅)သန်း ခေါ်ဈေးကို မပေးချေလိုတာကြောင့် ကြာမြင့်ခဲ့တာလည်းဖြစ်ပါတယ်။ ယူနိုက်တဒ်ဟာ တဲလက်စ် အတွက် ကနဦး ယူရို(၁၀) သန်းသာ ပေးချေခဲ့ပြီး စာချုပ် (၁) နှစ်သာကျန်ရှိပြီး နောက် (၉) ပတ်အတွင်း ကြိုတင်ခေါ်ယူထားလို့ရမယ့် ကစားသမားဖြစ်တာကြောင့်လည်း ယူနိုက်တဒ်ဖက်က ပေါ်တိုအသင်းတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ငြင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ ပေါ်တိုအသင်းက တော့ ယူရိူသန်း(၂၀) အသားတင်ကျန်ရှိလိုပြီး အသင်းဟောင်းနဲ့အေးဂျင့်ကြေးအတွက် ယူရို(၅) သန်း ထပ်ဆောင်းတောင်းဆိုပေမယ့် ယူနိုက်တဒ်ဖက်က အဆုံးသတ်မှာ ယူရို(၁၅) သန်း + ထပ်တိုးဆုကြေး (၃) သန်း စုစုပေါင်း ယူရို(၁၈) သန်း နဲ့ သဘောတူညီမှု့ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

တဲလက်စ် အတွက် ယူနိုက်တ‌ဒ်ဖက်က တစ်ပတ်လုပ်ခ ယူရို(၈၅၀၀၀) ပေးချေမှာဖြစ်ပြီး လေးနှစ်သက်တမ်းရှိစာချုပ်သစ်နဲ့ ထပ်တိုးချုပ်ဆိုခွင့်ကို ထည့်သွင်းချုပ်ဆိုပါလိမ့်မယ်။တဲလက်စ် က တိုက်စစ်အားသန် ဘယ်နောက်ခံလူဖြစ်ပြီး ဘယ်တောင်ပံတစ်ကြောမှာ မမောမပန်း ပြေးလွှားနိုင်သလို ဘရာဇီးလ်နိုင်ငံလက်ရွေးစင်ဖြစ်တာနဲ့အညီ တစ်ကိုယ်တော်စွမ်းဆောင်ရည်မြင့်မားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ အသက် (၂၇) နှစ်သာ ရှိသေးပြီး ကစားသမားဘဝရဲ့အကောင်းဆုံးအရွယ်ကိုရောက်ရှနေသလို ယခုရာသီမှာပေါ်တိုအသင်းအတွက် သုံးပွဲကန် နှစ်ဂိုးသွင်းနှစ်ဖန်တီးထားသလို ၂၀၁၇-၂၀၂၀ သုံးရာသီအတွင်း ပေါ်တိုအသင်းအတွက် ဘယ်နောက်ခံနေရာကနေ သွင်းဂိုးနဲ့ဖန်တီးမှု့ (၇၂) ဂိုးအထိ ပြုလုပ်ပေးထားသူလည်းဖြစ်ပါတယ်။

တည်ကန်ဘောတွေ မှာ ထူးချွန်ပြီး ဖြတ်‌တင်ဘောကောင်းမွန်သလိုသူ့ရဲ့ အဓိကအားသာချက်ကတော့ ဘရူနိုဖာနန်ဒက်စ်နဲ့နည်းတူ ပြင်းထန်အားပါတဲ့ အဝေးကန်ချက်တွေ ပြုလုပ်နိုင်တာလည်းဖြစ်ပါတယ်။ တဲလက်စ်က အသင်းဟောင်း ဂါလာတာစာရေးနဲ့ တူရကီချန်ပီယံ ၁ ကြိမ်၊တူရကီစူပါဖလား ၁ကြိမ် ရရှိခဲ့သလို ပေါ်တိုအသင်းနဲ့ ပေါ်တူဂီချန်ပီယံ ၂ ကြိမ်၊ ပေါ်တူဂီစူပါဖလား၁ကြိမ် နဲ့ပေါ်တူဂီ Cup winner cup တစ်ကြိမ်တို့ကိုရရှိထားတဲ့ အောင်မြင်မှု့ကြီးမားတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *