ဒေဟးယားထက္ပို‌ေတာ္တဲ့ဂိုးသမားႏွစ္ေယာက္ ေၾကာင့္ဆိုးလ္ရွားနဲ႔ အျမင္တူမွာမဟုတ္ဘူးလို႔ေဝဖန္လိုက္တဲ့ နဗီးလ္း

Sky Sports ရဲ႕ အဓိက အစီစဥ္တင္ဆက္သူျဖစ္တဲ့ နဗီးလ္ က ယူႏိုက္တဒ္နည္းျပ ဆိုးလ္ရွားရဲ႕ ဒေဟးယားအေပၚ ကာကြယ္ေပးမႈ႕ကို အျမင္မတူပဲ ဒေဟးယားထက္ အလက္ဆန္ နဲ႔ အီဒါဆင္ တို႔က ပိုမိုသာလြန္တဲ့ ဂိုးသမားေတြ ျဖစ္တယ္လို႔ဆိုပါတယ္။ ယူႏိုက္တဒ္ ဂိုးသမားဟာ ယလုရာသီအတြင္းအမွားက်ဴးလြန္မႈ႕ ေလးႀကိမါအပါဝင္ ဂိုးမ်ားစြာ ခြင့္ျပဳထားခဲ့ရၿပီး လက္ရွိအခ်ိန္မွာလည္း ေဝဖန္မႈ႕ အမ်ားအျပားခံေနရသူလည္းျဖစ္ပါတယ္။ ဒိန္းဟန္ဒါဆင္ရဲ႕ လက္စြမ္းတိုးတက္လာမႈ႕ေတြကလည္း ဒေဟးယားအတြက္ဖိအားျဖစ္ေစသလို ဆိုးလ္ရွားကေတာ့ ဒေဟးယားသာလွ်င္အေကာင္းဆုံးျဖစ္တယ္လို႔ တုံျပန္ခဲ့ပါတယ္။

နဗီးလ္ကေတာ့ “အလက္ဆန္ နဲ႔ အီဒါဆင္ တို႔က ၿပီးခဲ့တဲ့ ၁၈လ ႏွစ္ရာသီအတြင္းမွာ အေကာင္းဆုံး ကစားသမားေတြျဖစ္ခဲ့ၾကပါတယ္။အိုေလအေနနဲ႔ သူ႔ကစားသမားကို ကာကြယ္ေပးမယ္လို႔ေတာ့ က်ေနာ္ေမွ်ာ္လင့္ခဲ့ၿပီးသားပါ။ၿပီးခဲ့တဲ့ သုံးရာသီေလာက္ကဆိုရင္ေတာ့ ေဒးဗစ္ က အေကာင္းဆုံးဆိုတာက်ေနာ္လက္ခံပါတယ္။ အထူးသျဖင့္ ပရီးမီးယားလိဂ္မွာ သူကအေကာင္းဆုံးပါပဲ။သူက အေကာင္းဆုံးတစ္ႏွစ္တာ‌ဆုေတြဆက္တိုက္ရခဲ့သလို ဆာအဲလက္စ္ေခတ္လြန္ ႐ုန္းကန္ေနရတဲ့အသင္းအတြက္ အေကာင္းဆုံးေတာက္ပခဲ့တဲ့ မီးတစ္လုံးပါပဲ။ယူႏိုက္တဒ္ရဲ႕ကစားသမားေတြထဲက ဘယ္ပရီးမီးယားလိဂ္ကလပ္မွာျဖစ္ေစ၊ အျခားေသာလိဂ္တိုင္းရဲ႕အသင္းေတြမွာျဖစ္ေစ ကစားႏိုင္တဲ့ တစ္ဦးတည္းေသာ ကစားသမားကိုျပပါဆိုရင္ ဒေဟးယားကိုပဲ ျပသရာရွိပါလိမ့္မယ္။”

“၂၀၁၈ ကမာၻ႔ဖလားအၿပီးမွာေတာ့ အေျခေနေတြကတမ်ိဳးေျပာင္းလဲသြားခဲ့ၿပီး သူ႔အတြက္လည္းသိပ္ကိုခက္ခဲခဲ့ပါတယ္။မန္ယူႏိုက္တဒ္ကေန အငွားသြားကစားေနတဲ့ ရွက္ဖီးလ္ဂိုးသမား ဒိန္းဟန္ဒါဆင္ကေတာ့ စတန္းဖိုဒ့္ကြင္း ေရွ႕က ဂိုးမွာ မားမားမတ္မတ္ရပ္ၿပီး ယူႏိုက္တဒ္မွာ ကစားဖို႔လိုအပ္တဲ့ အရည္အခ်င္းအားလုံးနဲ႔အတူ အေကင္းဆုံးဖမ္းႏိုင္မယ္ဆိုတဲ့ ‌အေတြးမ်ိဳးေတာ့ က်ေနာ့္မွာမရွိပါဘူး။ယူႏိုက္တဒ္ရဲ႕ဂိုးကိုေစာင့္ေရွာက္ဖို႔ဆိုတာက သာမန္ထက္ပိုၿပီးထူးျခားတဲ့ အရည္အခ်င္းမ်ိဳးရွိဖို႔လိုအပ္ပါတယ္။”

“ၿပီးခဲ့ေလးငါးရာသီမွာေတာ့ ဒေဟးယားကအေကာင္းဆုံးျဖစ္ခဲ့ေပမယ့္ က်န္တဲ့ ၁၈ လအတြင္းမွာေတာ့ သူ႔ေခတ္ကကုန္သေလာက္ျဖစ္ေနပါၿပီ။သူက ကမာၻ႔အေကာင္းဆုံးအသင္းတစ္သင္းမွာရွိေနတာျဖစ္ၿပီးေတာ့ သူ႔တာဝန္က ဂိုးကို တည္ၿငိမ္မႈ႕အျပည့္နဲ႔ ကာကြယ္ရမွာပါ။ဒီကလပ္မွာ ခြင့္လႊတ္တယ္ဆိုတာ မရွိပါဘူး။ဒါေၾကာင့္လည္း က်ေနာ့္အေနနဲ႔ ဒိန္းဟန္ဒါဆင္အေပၚအနည္းငယ္စိုးရိမ္မိတာပါ။မန္ယူႏိုက္တဒ္ရဲ႕ဂိုးသမားျဖစ္လာၿပီဆိုရင္ တစ္ေယာက္ထဲနဲ႔ အရာရာကို ကာကြယ္ရပါလိမ့္မယ္။ ရွက္ဖီးလ္အသင္းကို ေလးစားမႈ႕မရွိပဲေျပာတာ မဟုတ္ပါဘူး။ဒါေပမယ့္ ယူႏိုက္တဒ္မွာ နံပါတ္တစ္ျဖစ္ဖို႔ဆိုဝာာကေတာ့တကယ့္ကိုမလြယ္ကူတဲ့ ျပသနာပါပဲ”။

unicode

Sky Sports ရဲ့ အဓိက အစီစဉ်တင်ဆက်သူဖြစ်တဲ့ နဗီးလ် က ယူနိုက်တဒ်နည်းပြ ဆိုးလ်ရှားရဲ့ ဒဟေးယားအပေါ် ကာကွယ်ပေးမှု့ကို အမြင်မတူပဲ ဒဟေးယားထက် အလက်ဆန် နဲ့ အီဒါဆင် တို့က ပိုမိုသာလွန်တဲ့ ဂိုးသမားတွေ ဖြစ်တယ်လို့ဆိုပါတယ်။ ယူနိုက်တဒ် ဂိုးသမားဟာ ယလုရာသီအတွင်းအမှားကျူးလွန်မှု့ လေးကြိမါအပါဝင် ဂိုးများစွာ ခွင့်ပြုထားခဲ့ရပြီး လက်ရှိအချိန်မှာလည်း ဝေဖန်မှု့ အများအပြားခံနေရသူလည်းဖြစ်ပါတယ်။ ဒိန်းဟန်ဒါဆင်ရဲ့ လက်စွမ်းတိုးတက်လာမှု့တွေကလည်း ဒဟေးယားအတွက်ဖိအားဖြစ်စေသလို ဆိုးလ်ရှားကတော့ ဒဟေးယားသာလျှင်အကောင်းဆုံးဖြစ်တယ်လို့ တုံပြန်ခဲ့ပါတယ်။

နဗီးလ်ကတော့ “အလက်ဆန် နဲ့ အီဒါဆင် တို့က ပြီးခဲ့တဲ့ ၁၈လ နှစ်ရာသီအတွင်းမှာ အကောင်းဆုံး ကစားသမားတွေဖြစ်ခဲ့ကြပါတယ်။အိုလေအနေနဲ့ သူ့ကစားသမားကို ကာကွယ်ပေးမယ်လို့တော့ ကျနော်မျှော်လင့်ခဲ့ပြီးသားပါ။ပြီးခဲ့တဲ့ သုံးရာသီလောက်ကဆိုရင်တော့ ဒေးဗစ် က အကောင်းဆုံးဆိုတာကျနော်လက်ခံပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာ သူကအကောင်းဆုံးပါပဲ။သူက အကောင်းဆုံးတစ်နှစ်တာ‌ဆုတွေဆက်တိုက်ရခဲ့သလို ဆာအဲလက်စ်ခေတ်လွန် ရုန်းကန်နေရတဲ့အသင်းအတွက် အကောင်းဆုံးတောက်ပခဲ့တဲ့ မီးတစ်လုံးပါပဲ။ယူနိုက်တဒ်ရဲ့ကစားသမားတွေထဲက ဘယ်ပရီးမီးယားလိဂ်ကလပ်မှာဖြစ်စေ၊ အခြားသောလိဂ်တိုင်းရဲ့အသင်းတွေမှာဖြစ်စေ ကစားနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားကိုပြပါဆိုရင် ဒဟေးယားကိုပဲ ပြသရာရှိပါလိမ့်မယ်။”

“၂၀၁၈ ကမ္ဘာ့ဖလားအပြီးမှာတော့ အခြေနေတွေကတမျိုးပြောင်းလဲသွားခဲ့ပြီး သူ့အတွက်လည်းသိပ်ကိုခက်ခဲခဲ့ပါတယ်။မန်ယူနိုက်တဒ်ကနေ အငှားသွားကစားနေတဲ့ ရှက်ဖီးလ်ဂိုးသမား ဒိန်းဟန်ဒါဆင်ကတော့ စတန်းဖိုဒ့်ကွင်း ရှေ့က ဂိုးမှာ မားမားမတ်မတ်ရပ်ပြီး ယူနိုက်တဒ်မှာ ကစားဖို့လိုအပ်တဲ့ အရည်အချင်းအားလုံးနဲ့အတူ အကေင်းဆုံးဖမ်းနိုင်မယ်ဆိုတဲ့ ‌အတွေးမျိုးတော့ ကျနော့်မှာမရှိပါဘူး။ယူနိုက်တဒ်ရဲ့ဂိုးကိုစောင့်ရှောက်ဖို့ဆိုတာက သာမန်ထက်ပိုပြီးထူးခြားတဲ့ အရည်အချင်းမျိုးရှိဖို့လိုအပ်ပါတယ်။”

“ပြီးခဲ့လေးငါးရာသီမှာတော့ ဒဟေးယားကအကောင်းဆုံးဖြစ်ခဲ့ပေမယ့် ကျန်တဲ့ ၁၈ လအတွင်းမှာတော့ သူ့ခေတ်ကကုန်သလောက်ဖြစ်နေပါပြီ။သူက ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းမှာရှိနေတာဖြစ်ပြီးတော့ သူ့တာဝန်က ဂိုးကို တည်ငြိမ်မှု့အပြည့်နဲ့ ကာကွယ်ရမှာပါ။ဒီကလပ်မှာ ခွင့်လွှတ်တယ်ဆိုတာ မရှိပါဘူး။ဒါကြောင့်လည်း ကျနော့်အနေနဲ့ ဒိန်းဟန်ဒါဆင်အပေါ်အနည်းငယ်စိုးရိမ်မိတာပါ။မန်ယူနိုက်တဒ်ရဲ့ဂိုးသမားဖြစ်လာပြီဆိုရင် တစ်ယောက်ထဲနဲ့ အရာရာကို ကာကွယ်ရပါလိမ့်မယ်။ ရှက်ဖီးလ်အသင်းကို လေးစားမှု့မရှိပဲပြောတာ မဟုတ်ပါဘူး။ဒါပေမယ့် ယူနိုက်တဒ်မှာ နံပါတ်တစ်ဖြစ်ဖို့ဆိုဝာာကတော့တကယ့်ကိုမလွယ်ကူတဲ့ ပြသနာပါပဲ”။

Leave a Reply

Your email address will not be published. Required fields are marked *