အေျပာင္းေ႐ႊ႕ေနာက္ဆုံးရက္မွာ အလုပ္မ်ားေနတဲ့ယူႏိုက္တဒ္

မန္ယူႏိုက္တဒ္အသင္းရဲ႕အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္က‌ေတာ့ အေတာ္ေလး အလုပ္ရႈပ္ေနသလို ကာရင္တန္ ဟာ ေဆးစစ္မႈး ေလးခုအထိ ျပဳလုပ္ျပင္ဆင္ထားတယ္လို႔သိရပါတယ္။ လက္ရွိမွာ ကာဗာနီ နဲ႔ တဲလက္စ္ ကို ေဆးစစ္ေနၿပီး ေနာက္ထပ္ ကစားသမား ႏွစ္ေယာက္ကို ခ်က္ခ်င္းေဆးစစ္မႈ႕ ခံယူႏိုင္ဖို႔ အဒ္ဝုဒ္ဝဒ္က ၫႊန္ၾကားထားသလို ယူႏိုက္တဒ္ မီဒီယာ အဖြဲ႕ကယေန႔မွာ အလုပ္အရႈပ္ဆုံးေန႔တစ္ေန႔နဲ႔ႀကဳံေတြ႕ေနပါတယ္။

ေတာ့တင္ဟမ္ အသင္းကို ဂိုးျပတ္ရႈံးနိမ့္ၿပီးေနာက္ ယူႏိုက္တဒ္အမႈ႕ေဆာင္ခ်ဳပ္ အဒ္ဝုဒ္ဝဒ္ အေနနဲ႔ အသင္းအားနည္းခ်က္ေတြကိုအလွ်င္အျမန္အင္အားျဖည့္တင္းလိုၿပီး လာမယ့္ပြဲက်ပ္ကာလမတိုင္ခင္ ေတာင့္တင္းတဲ့အသင္းအျဖစ္ ပုံေဖာ္လို‌ေိပါတယ္။ယေန႔ည ျမန္မာစံေတာ္ခ်ိန္ (၀၃:၃၀) အခ်ိန္မွာ ပိတ္သိမ္းမယ့္ ဥေရာပအေျပာင္းအေ႐ႊ႕ အတြက္ ယူႏိုက္တဒ္က ေနာက္ထပ္ ကစားသမား (၂) ဦးခန႔္ ေခၚယူဖို႔ထပ္မံႀကိဳးစားေနပါတယ္။

အသင္းရဲ႕ တစ္ဦးတည္းေသာ အဓိကပစ္မွတ္ျဖစ္တဲ့ ေဂ်ဒန္ဆန္ခ်ိဳ လအတန္ၾကာ ညႇိႏႈိင္းခဲ့ၿပီး လစာ၊ေအးဂ်င့္၊ပုံရိပ္အသုံးျပဳခ၊ဆုေၾကး၊စာခ်ဳပ္သပ္တမ္း အားလုံး သေဘာတူၿပီးခဲ့ေပမယ့္ ယေန႔အထိမေခၚယူႏိုင္ေသးသလို အဒ္ဝုဒ္ဝဒိကေတာ့ ေနာက္ဆုံးအႀကိမ္ အျဖစ္ ကမ္းလွမ္းမႈ႕ျပဳလုပ္ၿပီး ႀကိဳးစားဖြယ္ရွိေနပါေသးတယ္။ဆန္ခ်ိဳက ယူႏိုက္တဒ္ရဲ႕ အဓိက ပစ္မွတ္ ကစားသမားျဖစ္ၿပီး ဆိုးလ္ရွားကလည္းမျဖစ္မေနေခၚယူဖို႔ေတာင္းဆိုထားတဲ့ကစားသမားလည္းျဖစ္ပါတယ္။

တစ္ဖက္မွာလည္းယူႏိုက္တ‌ဒ္က ဘာစီလိုနာ ရဲ႕ အူစမန္ဒမ္ဘီလီ ကို အငွားနဲ႔ေခၚယူဖို႔ စီစဥ္ထားပါတယ္။သို႔ေပမယ့္ ဘာစီလိုနာ အသင္းက ဒမ္ဘီလီကို အၿပီးသတ္သာေရာင္းခ်လိုၿပီး ယူႏိုက္တဒ္ကေတာ့ ဒဏ္ရာမ်ားစြာရွိတဲ့ ကစားသမားျဖစ္လို႔ အငွားနဲ႔သာ ေခၚယူလိုေနပါတယ္။ လက္ရွိသတင္းေတြအရ ဘာစီလိုနာ ဟာ မန္းဖစ္ဒီပိူင္း နဲ႔ အဲရစ္ဂါစီယာ ကိုေခၚယူဖို႔ အခက္ေတြ႕ေနၿပီး ဒမ္ဘီလီကိုေရာင္းခ်ႏိုင္မွသာ ေျဖရွင္းႏိုင္မွာျဖစ္လို႔ ယူႏိုက္တ‌ဒ္ထံ အတင္းထိုးေရာင္းေနတယ္လို႔သိရပါတယ္။ ယူႏိုက္တဒ္ကေတာ့ ေဂ်ဒန္ဆန္ခ်ိဳကို ဦးစြာ ႀကိဳးပမ္းလိုၿပီး မရမွသာ ဒမ္ဘီလီကို ေျပာင္းလဲေခၚယူဖြယ္ရွိေနပါတယ္။ ေနာက္ထပ္ ပစ္မွတ္အေနနဲ႔ ခံစစ္အတြက္ ယူကရိန္းသား မိုင္ကိုလာမတ္ဗီယန္ကို ကို ေရွာ္ေကးလ္အသင္းကေန အလြတ္ေျပာင္းေ႐ႊါေၾကးနဲ႔ေခၚယူဖို႔ေဆြးေႏြးေနပါတယ္။

Unicode

မန်ယူနိုက်တဒ်အသင်းရဲ့အပြောင်းအရွှေ့နောက်ဆုံးရက်က‌တော့ အတော်လေး အလုပ်ရှုပ်နေသလို ကာရင်တန် ဟာ ဆေးစစ်မှုး လေးခုအထိ ပြုလုပ်ပြင်ဆင်ထားတယ်လို့သိရပါတယ်။ လက်ရှိမှာ ကာဗာနီ နဲ့ တဲလက်စ် ကို ဆေးစစ်နေပြီး နောက်ထပ် ကစားသမား နှစ်ယောက်ကို ချက်ချင်းဆေးစစ်မှု့ ခံယူနိုင်ဖို့ အဒ်ဝုဒ်ဝဒ်က ညွှန်ကြားထားသလို ယူနိုက်တဒ် မီဒီယာ အဖွဲ့ကယနေ့မှာ အလုပ်အရှုပ်ဆုံးနေ့တစ်နေ့နဲ့ကြုံတွေ့နေပါတယ်။

တော့တင်ဟမ် အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ယူနိုက်တဒ်အမှု့ဆောင်ချုပ် အဒ်ဝုဒ်ဝဒ် အနေနဲ့ အသင်းအားနည်းချက်တွေကိုအလျှင်အမြန်အင်အားဖြည့်တင်းလိုပြီး လာမယ့်ပွဲကျပ်ကာလမတိုင်ခင် တောင့်တင်းတဲ့အသင်းအဖြစ် ပုံဖော်လို‌ေိပါတယ်။ယနေ့ည မြန်မာစံတော်ချိန် (၀၃:၃၀) အချိန်မှာ ပိတ်သိမ်းမယ့် ဥရောပအပြောင်းအရွှေ့ အတွက် ယူနိုက်တဒ်က နောက်ထပ် ကစားသမား (၂) ဦးခန့် ခေါ်ယူဖို့ထပ်မံကြိုးစားနေပါတယ်။

အသင်းရဲ့ တစ်ဦးတည်းသော အဓိကပစ်မှတ်ဖြစ်တဲ့ ဂျေဒန်ဆန်ချို လအတန်ကြာ ညှိနှိုင်းခဲ့ပြီး လစာ၊အေးဂျင့်၊ပုံရိပ်အသုံးပြုခ၊ဆုကြေး၊စာချုပ်သပ်တမ်း အားလုံး သဘောတူပြီးခဲ့ပေမယ့် ယနေ့အထိမခေါ်ယူနိုင်သေးသလို အဒ်ဝုဒ်ဝဒိကတော့ နောက်ဆုံးအကြိမ် အဖြစ် ကမ်းလှမ်းမှု့ပြုလုပ်ပြီး ကြိုးစားဖွယ်ရှိနေပါသေးတယ်။ဆန်ချိုက ယူနိုက်တဒ်ရဲ့ အဓိက ပစ်မှတ် ကစားသမားဖြစ်ပြီး ဆိုးလ်ရှားကလည်းမဖြစ်မနေခေါ်ယူဖို့တောင်းဆိုထားတဲ့ကစားသမားလည်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်းယူနိုက်တ‌ဒ်က ဘာစီလိုနာ ရဲ့ အူစမန်ဒမ်ဘီလီ ကို အငှားနဲ့ခေါ်ယူဖို့ စီစဉ်ထားပါတယ်။သို့ပေမယ့် ဘာစီလိုနာ အသင်းက ဒမ်ဘီလီကို အပြီးသတ်သာရောင်းချလိုပြီး ယူနိုက်တဒ်ကတော့ ဒဏ်ရာများစွာရှိတဲ့ ကစားသမားဖြစ်လို့ အငှားနဲ့သာ ခေါ်ယူလိုနေပါတယ်။ လက်ရှိသတင်းတွေအရ ဘာစီလိုနာ ဟာ မန်းဖစ်ဒီပိူင်း နဲ့ အဲရစ်ဂါစီယာ ကိုခေါ်ယူဖို့ အခက်တွေ့နေပြီး ဒမ်ဘီလီကိုရောင်းချနိုင်မှသာ ဖြေရှင်းနိုင်မှာဖြစ်လို့ ယူနိုက်တ‌ဒ်ထံ အတင်းထိုးရောင်းနေတယ်လို့သိရပါတယ်။ ယူနိုက်တဒ်ကတော့ ဂျေဒန်ဆန်ချိုကို ဦးစွာ ကြိုးပမ်းလိုပြီး မရမှသာ ဒမ်ဘီလီကို ပြောင်းလဲခေါ်ယူဖွယ်ရှိနေပါတယ်။ နောက်ထပ် ပစ်မှတ်အနေနဲ့ ခံစစ်အတွက် ယူကရိန်းသား မိုင်ကိုလာမတ်ဗီယန်ကို ကို ရှော်ကေးလ်အသင်းကနေ အလွတ်ပြောင်းရွှေါကြေးနဲ့ခေါ်ယူဖို့ဆွေးနွေးနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *