ယူနိုက်တဒ်မှာ ဒိန်းဟန်ဒါဆင်ရုန်းကန်ရမလား သူ့အတွေ့အကြုံအရ ဟောကိန်းထုတ်လိုက်တဲ့ နဗီးလ်
unicode
ယူနိုက်တဒ်ဂိုးသမား ဒဟေးယား ရဲ့ အမှားတွေကြောင့် ရှက်ဖီးဘ် နဲ့အတူ လက်စွမ်းပြနေတဲ့ ဒိန်းဟန်‌ဒါဆင် က ယူနိုက်တဒ် နံပါတ် တစ် နေရာကို ရယူနိုင်မယ်လို့သတင်းတွေ ထွက်ပေါ်နေပေမယ့် နဗီးလ်ကတော့ လူငယ် ဂိုးသမားအနေနဲ့ ယူနိုက်တဒ်မှာ ရုန်းကန်သွားရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
ယူနိုက်တဒ်ဟာ လာမယ့်ရာသီမှာ ဒိန်းဟန်ဒါဆင် ကို ပြန်လည်ခေါ်ယူပြီး အသင်းရဲ့ နံပတ်တစ်နေရာအတွက် ပွဲထွက်တိုက်ပွဲကို ပြင်းထန်လိုတဲ့အနေထားမှာ ရှိပေမယ့်လည်း ဒဟေးယား ရဲ့ အတွေ့အကြုံနဲ့ အသင်းအပေါ် ဩဇာသက်ရောက်မှု့တွေက ဒိန်း အတွက် အခက်ခဲဖြစ်စေလိမယ့်လို့ နဗီးလ်က သတိပေးခဲ့တာဖြစ်ပါတယ်။
နဗီးလ်က “ဒဟေးယားက ကမ္ဘာ့အဆင့်ဖြစ်ကြောင်းကို သက်သေပြပြီးသားပါ။အခုလက်ရှိမှာအခက်ခဲတွေရင်ဆိုင်နေရပေမယ့်သူကဒီအခက်ခဲတွေကျော်လွန်ပြီး ကမ္ဘာ့အဆင့်ဂိုးသမားဖြစိလာတဲ့သူပါ။သူကစိတ်ပိုင်းဆိုင်ရာအရလည်းသိပ်ကိုမာကျောသလို စိန်ခေါ်မှု့တွေကိုလည်းလက်ခံနိုင်စွမ်းရှိတဲ့သူမျိုးပါ။ဒါကြောင့် ဒိန်းဟန်ဒါဆင် ကိုပြန်ခေါ်ပြီး အိုးထရဒ့်ဖိုဒ့် နံပါတ်တစ်နေရာအတွက် တိုက်ပွဲဝင်‌ခိုင်းတာကသိပ်ကိုကြီးမားတဲ့ ပြသနာတစ်ခုဖြစ်လာနိုင်ပါတယ်။ပြီးခဲ့တဲ့ ခုနှစ်ရာသီ၊ရှစ်ရာသီ လောက်မှာ ဒဟေးယား ရဲ့စွမ်းဆောင်ခဲ့တဲ့အရာတွေကို မေ့ပစ်လိုက်ပြီး ဒိန်းကိူနံပတ်ပေးလိုက်ဖို့ကလည်းသိပ်ကိုခက်ခဲပါတယ်။ကျနော့်အနေနဲ့ ဒီကိစ္စမှာ အချိန်လိုပါတယ်လို့ အကြံပေးချင်ပါတယ်”
“ကျနော့်ကစားသမားဘဝအစ မှာ ပီတာရှမိုက်ကယ် နဲ့ အဆုံးမှာ ဗန်ဒါးဆာရ်းတို့နဲ့အတူဖြတ်ကျော်ဖူးတဲ့ အတွေ့ကြုံတွေ ကျနော့်မှာရှိနေပါတယ်။ဒီလိုကြားကာလတွေက ဂိုးသမားတွေအတွက်သိပ်ကိုစိန်ခေါ်မှု့များပါတယ်။အဲ့ဒီအချိန်တွေတုန်းကလည်း နော်တို့မှာသိပ်ကိုပါရမီပြည့်ဝတဲ့လူငယ်ဂိုးသမားတွေရှိခဲ့ပါတယ်။ဒါပေမယ့် အသင်းရဲ့ လိုအပ်ချက်ကိုဖြည့်စည်းန်ုင်ဖို့တော့ စိတ်ပိုင်းဆိုင်ရာအရပါ သိပ်ကို ခက်ခဲမှု့တွေရှိပါတယ်။သူတို့အရွယ်ချာတိတ်တွေရဲ့အာရုံစူးစိုက်မြှ့ကသိပ်ပြီးအကောင်းကြီးမဟုတ်ဘူးလေ။”လို့ဆိုပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *