ခ်စ္တဲ့ ဖရဒ္ နဲ႔ မိုလ္ဒီ အထိျပန္မယ့္ ဆိုးလ္ရွားရဲ႕ သေရပြဲ(ပြဲၿပီး သုံးသပ္ခ်က္)

ဆိုးလ္ရွား ကေတာ့ တစ္ဂြင္ျမင္တစ္ကြက္ဆန္း ဆိုသလို တစ္ပြဲတစ္မ်ိဳးမ႐ိုးရတဲ့ လူစာရင္းနဲ႔အတူ အသုံးျပဳ ပြဲထြက္ခဲ့ေပမယ့္ သူ႔ရဲ႕ သားေတာ္တစ္သိုက္ျဖစ္တဲ့ မက္-ဖရဒ္ အတြဲကေတာ့ မျဖစ္မေန ပါဝင္လာခဲ့ပါတယ္။ ေရာ္နယ္ဒို၊ေပါဂ့္ဘာ၊ဆန္ခ်ိဳတစ္ေယာက္ကိုမွအသုံးမျပဳခဲ့ပဲရဲရင့္စြာနဲ႔ အရံကစားသမား ေတြကို ပြဲခ်ိန္စထဲကအသုံးျပဳခဲ့တဲ့ ေနာက္ ပြဲထြက္လူစာရင္းနဲ႔ ပက္သက္လို႔ ပရိတ္သတ္ေတြ ရဲ႕မေက်လည္မႈ႕ကအေတာ္ေလး ႀကီးမားလာရပါတယ္။

ယူႏိုက္တဒ္ အေနနဲ႔ ဒီပြဲကို အေတာ္ေလး အႏိုင္ရဖို႔ လိုအပ္ေနတာေၾကာင့္လည္း ပြဲစတာ နဲ႔ ဖိအားေပးတိုက္စစ္ဆင္ခဲ့သလို လန္းဆန္းေနတဲ့ ကစားသမားအမ်ားစုနဲ႔ ပြဲထြက္လာတာေၾကာင့္လည္း အေတာ္ေလးဖိဖိစီးစီး ကစားႏိုင္ခဲ့ပါတယ္။ ပထမ ငါးမိနစ္အတြင္းမွာပဲ မာစီရယ္ ရဲ႕ အပိုင္ေခါင္းတိုက္ ခ်က္က ဂိုးေပါက္နဲ႔ လြဲေခ်ာ္ခဲ့သလို ကာဗာနီ ရဲ႕ ေခါင္းတိုက္ခ်က္ကိုလည္း မိနစ္ (၂၀) မွာ ပဲ ပစ္ဖိုဒ့္ ကာကြယ္ႏိုင္ခဲ့လို႔ အဲဗာတန္ အတြက္ သက္သာရာရေစခဲ့ပါတယ္။ ယူႏိုက္တဒ္ ကစားသမားေတြက ဒီေန႔ပြဲမွာ ၿပိဳင္ဘက္ရဲ႕ Low block ကို ေက်ာ္လြန္ဖို႔အတြက္ ခပ္ျမန္ျမန္ေပးပို႔ ႏိုင္ရန္ႀကိဳးပမ္းခဲ့သလို အေတာ္ေလးလည္းအလုပ္ျဖစ္ခဲ့ပါတယ္။

အဲဗာတန္ အေနနဲ႔ တန္ျပန္တိုက္စစ္ကိုသာ အဓိက အားျပဳကစားလိုတာေၾကာင့္ ယူႏိုက္တဒ္ ခံစစ္ကို ပထမပိုင္းမွာ ထိထိေရာက္ေရာက္ မထိုးေဖာက္ႏိုင္ပဲ ဂေရး ရဲ႕ ကန္ခ်က္ ကေနသာ ဒေဟးယား ကာကြယ္ခဲ့တဲ့ တစ္ႀကိမ္သာ ပထမပိုင္းမွာ ထိထိမိမိရွိခဲ့ပါတယ္။ပထမပိုင္းၿပီးခါနီးမွာေတာ့ ဂရင္းဝုဒ္ ရဲ႕ အကြက္ျမင္တဲ့ေပးပို႔မႈ႕ကေန ဘ႐ူႏို က အေစာပိုင္းထဲက ျမင္ထားတဲ့ မာစီရယ္ ရဲ႕ ေနရာလြတ္ထဲ ေမွ်ာခ်ေပးခဲ့တာကေန ျပင္သစ္သားအတြက္ ပထမဆုံး ဂိုးကို ရရွိေစခဲ့ကာ ယူႏိုက္တဒ္အတြက္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ပထမပိုင္းမွာ ယူႏိုက္တဒ္ ကစားသမား ေတြရဲ႕ အခ်ိတ္ဆက္မိမႈ႕ က အေတာ္ေလးအားရစရာေကာင္းခဲ့ ၿပီး အဲဗာတန္ ကိုထိထိေရာက္ေရာက္ ထိုးေဖာက္ ႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာလည္း ယူႏိုက္တဒ္ က ကစားပုံေကာင္းေကာင္းနဲ႔ ဆက္လက္ ကစားႏိုင္ခဲ့ၿပီး အဲဗာတန္ကိုဖိအားေပးႏိုင္ေပမယ့္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးေတာ့ရရွိဖိူ႔ခက္ခဲေနလို႔ အဲဗာတန္ အတြက္ အခြင့္အေရးတခ်ိဳ႕ ရရွိလာပါတယ္။

ယူႏိုက္တဒ္ အေနနဲ႔ ဒုတိယဂိုးကို ျမန္ျမန္ဆန္ဆန္ ရရွိေစရန္ အတြက္ ေရာ္နယ္ဒို နဲ႔ ဆန္ခ်ိဳ ကို ေျပာင္းလဲထည့္သြင္းခဲ့ေပမယ့္ ေခ်ပဂ္ိုးကေတာ့ အဲဗာတန္ အသင္းသာ ရရွိသြားပါတယ္။ ယူႏိုက္တဒ္ရဲ႕ေထာင့္ကန္ေဘာအခြင့္အေရးကေန တန္ျပန္တိုက္စစ္လြတ္သြားတာကို ဖရဒ္ရဲ႕ညံဖ်င္းလြန္းတဲ့ လူကပ္ကစားပုံနဲ႔ ဖ်တ္ထုတ္ပုံမေသသပ္တာကေန ဂေရး က ရရွိသြားၿပီး ဒြန္ေကာ္ေရး ကတဆင့္ ေတာင္ဆန္က လြတ္လြတ္ကြၽတ္ကြၽတ္ ရရွိသြားၿပီးေနာက္ ေခ်ပဂိုးစတင္ရရွိသြားပါတယ္။ယူႏိုက္တဒ္ဖက္ က အလွ်င္အျမန္ပဲေပါဂ့္ဘာ ကိုထပ္ၿပီးထည့္သြင္းေပးမယ့္ (၈၅) မိနစ္မွာ ဂိုးရသြားတာက အဲဗာတန္သာ ျဖစ္ၿပီး VAR ေၾကာင့္ငါ မီနာလူကြၽံေနလို႔ ဂိုးကေန ပယ္ဖ်တ္ေပးခဲ့ရတာျဖစ္ပါတယ္။ယူႏိုက္တဒ္အေနနဲ႔ အႏိုင္ဂိုး ထပ္မံရရွိဖို႔ ႀကိဴးစားခဲ့ေပမယ့္ ထပ္မံရရွိခဲ့ျခင္းမရွိလို႔ ဆိုးလ္ရွား ခ်စ္တဲ့ ဖရဒ္ေပးတဲ့ တစ္မွတ္သာ ရရွိခဲ့ရင္း…….

unicode

ဆိုးလ်ရှား ကတော့ တစ်ဂွင်မြင်တစ်ကွက်ဆန်း ဆိုသလို တစ်ပွဲတစ်မျိုးမရိုးရတဲ့ လူစာရင်းနဲ့အတူ အသုံးပြု ပွဲထွက်ခဲ့ပေမယ့် သူ့ရဲ့ သားတော်တစ်သိုက်ဖြစ်တဲ့ မက်-ဖရဒ် အတွဲကတော့ မဖြစ်မနေ ပါဝင်လာခဲ့ပါတယ်။ ရော်နယ်ဒို၊ပေါဂ့်ဘာ၊ဆန်ချိုတစ်ယောက်ကိုမှအသုံးမပြုခဲ့ပဲရဲရင့်စွာနဲ့ အရံကစားသမား တွေကို ပွဲချိန်စထဲကအသုံးပြုခဲ့တဲ့ နောက် ပွဲထွက်လူစာရင်းနဲ့ ပက်သက်လို့ ပရိတ်သတ်တွေ ရဲ့မကျေလည်မှု့ကအတော်လေး ကြီးမားလာရပါတယ်။

ယူနိုက်တဒ် အနေနဲ့ ဒီပွဲကို အတော်လေး အနိုင်ရဖို့ လိုအပ်နေတာကြောင့်လည်း ပွဲစတာ နဲ့ ဖိအားပေးတိုက်စစ်ဆင်ခဲ့သလို လန်းဆန်းနေတဲ့ ကစားသမားအများစုနဲ့ ပွဲထွက်လာတာကြောင့်လည်း အတော်လေးဖိဖိစီးစီး ကစားနိုင်ခဲ့ပါတယ်။ ပထမ ငါးမိနစ်အတွင်းမှာပဲ မာစီရယ် ရဲ့ အပိုင်ခေါင်းတိုက် ချက်က ဂိုးပေါက်နဲ့ လွဲချော်ခဲ့သလို ကာဗာနီ ရဲ့ ခေါင်းတိုက်ချက်ကိုလည်း မိနစ် (၂၀) မှာ ပဲ ပစ်ဖိုဒ့် ကာကွယ်နိုင်ခဲ့လို့ အဲဗာတန် အတွက် သက်သာရာရစေခဲ့ပါတယ်။ ယူနိုက်တဒ် ကစားသမားတွေက ဒီနေ့ပွဲမှာ ပြိုင်ဘက်ရဲ့ Low block ကို ကျော်လွန်ဖို့အတွက် ခပ်မြန်မြန်ပေးပို့ နိုင်ရန်ကြိုးပမ်းခဲ့သလို အတော်လေးလည်းအလုပ်ဖြစ်ခဲ့ပါတယ်။

အဲဗာတန် အနေနဲ့ တန်ပြန်တိုက်စစ်ကိုသာ အဓိက အားပြုကစားလိုတာကြောင့် ယူနိုက်တဒ် ခံစစ်ကို ပထမပိုင်းမှာ ထိထိရောက်ရောက် မထိုးဖောက်နိုင်ပဲ ဂရေး ရဲ့ ကန်ချက် ကနေသာ ဒဟေးယား ကာကွယ်ခဲ့တဲ့ တစ်ကြိမ်သာ ပထမပိုင်းမှာ ထိထိမိမိရှိခဲ့ပါတယ်။ပထမပိုင်းပြီးခါနီးမှာတော့ ဂရင်းဝုဒ် ရဲ့ အကွက်မြင်တဲ့ပေးပို့မှု့ကနေ ဘရူနို က အစောပိုင်းထဲက မြင်ထားတဲ့ မာစီရယ် ရဲ့ နေရာလွတ်ထဲ မျှောချပေးခဲ့တာကနေ ပြင်သစ်သားအတွက် ပထမဆုံး ဂိုးကို ရရှိစေခဲ့ကာ ယူနိုက်တဒ်အတွက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ယူနိုက်တဒ် ကစားသမား တွေရဲ့ အချိတ်ဆက်မိမှု့ က အတော်လေးအားရစရာကောင်းခဲ့ ပြီး အဲဗာတန် ကိုထိထိရောက်ရောက် ထိုးဖောက် နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ယူနိုက်တဒ် က ကစားပုံကောင်းကောင်းနဲ့ ဆက်လက် ကစားနိုင်ခဲ့ပြီး အဲဗာတန်ကိုဖိအားပေးနိုင်ပေမယ့် ဒုတိယမြောက် ဦးဆောင်ဂိုးတော့ရရှိဖိူ့ခက်ခဲနေလို့ အဲဗာတန် အတွက် အခွင့်အရေးတချို့ ရရှိလာပါတယ်။

ယူနိုက်တဒ် အနေနဲ့ ဒုတိယဂိုးကို မြန်မြန်ဆန်ဆန် ရရှိစေရန် အတွက် ရော်နယ်ဒို နဲ့ ဆန်ချို ကို ပြောင်းလဲထည့်သွင်းခဲ့ပေမယ့် ချေပဂိုးကတော့ အဲဗာတန် အသင်းသာ ရရှိသွားပါတယ်။ ယူနိုက်တဒ်ရဲ့ထောင့်ကန်ဘောအခွင့်အရေးကနေ တန်ပြန်တိုက်စစ်လွတ်သွားတာကို ဖရဒ်ရဲ့ညံဖျင်းလွန်းတဲ့ လူကပ်ကစားပုံနဲ့ ဖျတ်ထုတ်ပုံမသေသပ်တာကနေ ဂရေး က ရရှိသွားပြီး ဒွန်ကော်ရေး ကတဆင့် တောင်ဆန်က လွတ်လွတ်ကျွတ်ကျွတ် ရရှိသွားပြီးနောက် ချေပဂိုးစတင်ရရှိသွားပါတယ်။ယူနိုက်တဒ်ဖက် က အလျှင်အမြန်ပဲပေါဂ့်ဘာ ကိုထပ်ပြီးထည့်သွင်းပေးမယ့် (၈၅) မိနစ်မှာ ဂိုးရသွားတာက အဲဗာတန်သာ ဖြစ်ပြီး VAR ကြောင့်ငါ မီနာလူကျွံနေလို့ ဂိုးကနေ ပယ်ဖျတ်ပေးခဲ့ရတာဖြစ်ပါတယ်။ယူနိုက်တဒ်အနေနဲ့ အနိုင်ဂိုး ထပ်မံရရှိဖို့ ကြိူးစားခဲ့ပေမယ့် ထပ်မံရရှိခဲ့ခြင်းမရှိလို့ ဆိုးလ်ရှား ချစ်တဲ့ ဖရဒ်ပေးတဲ့ တစ်မှတ်သာ ရရှိခဲ့ရင်း…….

Leave a Reply

Your email address will not be published. Required fields are marked *