ကာဗာနီကို ေခၚယူႏိုင္ခဲ့တာနဲ႔ပတ္သက္ၿပီး ဝန္ခံခဲ့တဲ့ ဆိုးလ္ရွား

မန္ယူႏိုက္တဒ္အသင္းဟာ လက္ရွိမွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေနတဲ့ တိုက္စစ္မႈး အီဒင္ဆင္ကာဗာနီ ကို အလြတ္ကစားသမားအေနနဲ႔ ေခၚယူခဲ့ၿပီးေနာက္ ဆိုးလ္ရွားက ကာဗာနီ ရဲ႕ အရည္အေသြးေတြကို အထူးခ်ီးက်ဴးလ်က္ရွိပါတယ္။ ဆိုးလ္ရွားအေနနဲ႔ လာမယ့္ ဇန္နဝါရီ မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ အီဟာလို ကို ‌ကာဗာနီ နဲ႔အစာထိုးခဲ့တာျဖစ္ၿပီး ဥ႐ုေဂြးတိုက္စစ္မႈးက အသင္းမွာ အဓိကက်တဲ့ ေနရာကေန ပါဝင္လာမွာျဖစ္ပါတယ္။ ကာဗာနီ က ဥေရာပတစ္လႊားမွာ ဂိုးသြင္းစြမ္းရည္ထက္ျမက္တဲ့ ေခတ္ေဟာင္းတိုက္စစ္မႈး ျဖစ္ၿပီး လီဝန္ေဒါစကီး (၃၃) ႏွစ္၊အဂြဲ႐ိုး(၃၂)ႏွစ္ တို႔နဲ႔ တန္းတူ ဂိုး(၃၀၀) ေက်ာ္ရွိတဲ့ဝါရင့္တိုက္စစ္မႈးမ်ိဳးျဖစ္ပါတယ္။

ဆိုးလ္ရွားက “အီဒင္ဆင္ က မယုံၾကည္ႏိုင္စရာေကာင္းတဲ့ ဝါရင့္ကစားသမားျဖစ္သလို အလုပ္အေပၚမွာ ေပးဆပ္မႈ႕အျပည့္နဲ႔ ကစားတတ္သူပါ။သူ႔ရဲ႕ကလပ္နဲ႔ႏိုင္ငံအတြက္ ဂိုးသြင္းမွတ္တမ္းက မယုံႏိုင္စရာေကာင္းသလို က်ေနာ့္အေနနဲ႔သူ႔ကိုအသင္းမွာေပါင္းထည့္ႏိုင္လို႔တကယ္ပဲ ဂုဏ္ယူမိပါတယ္။သူကအသင္းကို စြမ္းအင္၊ေခါင္းေဆာင္မႈ႕နဲ႔ တိုက္ပြဲဝင္စိတ္ဓာတ္ေတြေပါင္းထည့္ေပးႏိုင္ၿပီး အေရးႀကီးဆုံးအစိတ္အပိုင္းကေတာ့ ဂိုးမ်ားစြာရယူေပးႏိုင္တာပါပဲ။ကလပ္အသင္းတိုင္းမွာလည္းဆုဖလားေတြရခဲ့ၿပီး သူ႔ရဲ႕ကစားသမားမွတ္တမ္းကလည္း သိပ္ကို အထင္ႀကီးစရာေကာင္းပါတယ္” လို႔ဆိုပါတယ္။

ကာဗာနီဟာ အသက္ (၃၃) ႏွစ္ရွိၿပီျဖစိေပမယ့္ပြဲ(၅၅၆) ပြဲမွာဂိုး (၃၄၀) ရရွိထားၿပီး သူ႔ရဲ႕ ဂိုးသြင္းမွတ္တမ္းအရ တစ္ရာသီကို ပုံမွန္ ဂိုး (၂၀) အထက္ ရရွိေအာင္စြမ္းေဆာင္ထားသူလည္းျဖစ္ပါတယ္။ ကာဗာနီ မွာ မယူံႏိုင္စရာေကာာင္းတဲ့စြမ္း‌ရည္ေတြအျပင္ လူငယ္တိုင္း အတြက္ အတုယူအားက်ေစမယ့္ အခ်က္လက္ေတြရွိတာေၾကာင့္ ဆိုးလ္ရွားက-

“က်ေနာ့္အသင္းမွာ ရွိတဲ့ လူငယ္တိုင္းအတြက္ သူက စံျပကစားသမားျဖစိလာပါလိမ့္မယ္။ၿပီးခဲ့တဲ့ဆယ္ႏွစ္အတြင္း ဥေရာပရဲ႕ထိပ္တန္းဂိုးသြင္းရွင္ဆီကေန ေလ့လာသင္ယူရတာထက္ ‌ဘာကပိုၿပီးေကာင္းႏိုင္မွာလည္း။အီဒင္ဆင္ က ေအာင္ျမင္မႈ႕အတြက္ ဘာလုပ္ရမယ္ဆိုတာ ေကာင္းစြာသိသလို သူနဲ႔လက္တြဲၿပီးေရွ႕ဆက္ဖို႔လည္း မေစာင့္ႏိုင္ေအာင္ပါပဲ” လို႔ခ်ီးက်ဴးခဲ့ပါေသးတယ္။

Unicode

မန်ယူနိုက်တဒ်အသင်းဟာ လက်ရှိမှာ စာချုပ်သက်တမ်း ကုန်ဆုံးနေတဲ့ တိုက်စစ်မှုး အီဒင်ဆင်ကာဗာနီ ကို အလွတ်ကစားသမားအနေနဲ့ ခေါ်ယူခဲ့ပြီးနောက် ဆိုးလ်ရှားက ကာဗာနီ ရဲ့ အရည်အသွေးတွေကို အထူးချီးကျူးလျက်ရှိပါတယ်။ ဆိုးလ်ရှားအနေနဲ့ လာမယ့် ဇန်နဝါရီ မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အီဟာလို ကို ‌ကာဗာနီ နဲ့အစာထိုးခဲ့တာဖြစ်ပြီး ဥရုဂွေးတိုက်စစ်မှုးက အသင်းမှာ အဓိကကျတဲ့ နေရာကနေ ပါဝင်လာမှာဖြစ်ပါတယ်။ ကာဗာနီ က ဥရောပတစ်လွှားမှာ ဂိုးသွင်းစွမ်းရည်ထက်မြက်တဲ့ ခေတ်ဟောင်းတိုက်စစ်မှုး ဖြစ်ပြီး လီဝန်ဒေါစကီး (၃၃) နှစ်၊အဂွဲရိုး(၃၂)နှစ် တို့နဲ့ တန်းတူ ဂိုး(၃၀၀) ကျော်ရှိတဲ့ဝါရင့်တိုက်စစ်မှုးမျိုးဖြစ်ပါတယ်။

ဆိုးလ်ရှားက “အီဒင်ဆင် က မယုံကြည်နိုင်စရာကောင်းတဲ့ ဝါရင့်ကစားသမားဖြစ်သလို အလုပ်အပေါ်မှာ ပေးဆပ်မှု့အပြည့်နဲ့ ကစားတတ်သူပါ။သူ့ရဲ့ကလပ်နဲ့နိုင်ငံအတွက် ဂိုးသွင်းမှတ်တမ်းက မယုံနိုင်စရာကောင်းသလို ကျနော့်အနေနဲ့သူ့ကိုအသင်းမှာပေါင်းထည့်နိုင်လို့တကယ်ပဲ ဂုဏ်ယူမိပါတယ်။သူကအသင်းကို စွမ်းအင်၊ခေါင်းဆောင်မှု့နဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေပေါင်းထည့်ပေးနိုင်ပြီး အရေးကြီးဆုံးအစိတ်အပိုင်းကတော့ ဂိုးများစွာရယူပေးနိုင်တာပါပဲ။ကလပ်အသင်းတိုင်းမှာလည်းဆုဖလားတွေရခဲ့ပြီး သူ့ရဲ့ကစားသမားမှတ်တမ်းကလည်း သိပ်ကို အထင်ကြီးစရာကောင်းပါတယ်” လို့ဆိုပါတယ်။

ကာဗာနီဟာ အသက် (၃၃) နှစ်ရှိပြီဖြစိပေမယ့်ပွဲ(၅၅၆) ပွဲမှာဂိုး (၃၄၀) ရရှိထားပြီး သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းအရ တစ်ရာသီကို ပုံမှန် ဂိုး (၂၀) အထက် ရရှိအောင်စွမ်းဆောင်ထားသူလည်းဖြစ်ပါတယ်။ ကာဗာနီ မှာ မယူံနိုင်စရာကောာင်းတဲ့စွမ်း‌ရည်တွေအပြင် လူငယ်တိုင်း အတွက် အတုယူအားကျစေမယ့် အချက်လက်တွေရှိတာကြောင့် ဆိုးလ်ရှားက-

“ကျနော့်အသင်းမှာ ရှိတဲ့ လူငယ်တိုင်းအတွက် သူက စံပြကစားသမားဖြစိလာပါလိမ့်မယ်။ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း ဥရောပရဲ့ထိပ်တန်းဂိုးသွင်းရှင်ဆီကနေ လေ့လာသင်ယူရတာထက် ‌ဘာကပိုပြီးကောင်းနိုင်မှာလည်း။အီဒင်ဆင် က အောင်မြင်မှု့အတွက် ဘာလုပ်ရမယ်ဆိုတာ ကောင်းစွာသိသလို သူနဲ့လက်တွဲပြီးရှေ့ဆက်ဖို့လည်း မစောင့်နိုင်အောင်ပါပဲ” လို့ချီးကျူးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *