သူ႔ကိုမေ၀ဖန္ခင္မွာပဲ ေဝဖန္မယ့္သူေတြ စတင္စိန္ေခၚလိုက္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္

ယူႏိုက္တ‌ဒ္ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ က သူ႔အေပၚေဝဖန္ဖို႔ေစာင့္ေနတဲ့သူေတြကို ေဝဖန္မႈ႕မလုပ္ခင္မွာပဲ အေကာင္းဆုံးပုံစံနဲ႔တုံျပန္သြားမယ္လို႔ စတင္စိန္ေခၚလိုက္ပါတယ္။ ေပၚတူဂီစတားဟာ အိုးထရဒ့္ဖိုဒ့္ ကို ေရာက္ေရာက္ျခင္းမွာပဲ အေကာင္းဆုံး ေျခစြမ္းေတြနဲ႔အတူ ပရိတ္သတ္‌အခ်စ္ေတာ္ျဖစ္လာခဲ့ၿပီး လက္ရွိမွာလည္း ေပါဂ့္ဘာ နဲ႔တြဲဖက္ကာ အသင္းရဲ႕အေကာင္းဆုံး ကြင္းလယ္ကို ဖန္တီးတည္ေဆာက္ေနသူျဖစ္ပါတယ္။သို႔ေပမယ့္ ကစားသမားဘဝမွာ အနိမ့္အျမင့္ အတက္အက် ေတြရွိတာေၾကာင့္ သူေျခလွမ္းတစ္ခ်က္မွားတာနဲ႔ ေဝဖန္မယ့္သူေတြရွိေနတာကို နားလည္ထားၿပီး သူတို႔မေဝဖန္ႏိုင္ခင္မွာပဲ အေကာင္းဆုံးျပန္လာခဲ့မယ္လို႔ ႀကဳံးဝါးလိုက္တာျဖစ္ပါတယ္။

ဘ႐ူႏိုက ” ကမာၻ႔အေကာင္းဆုံးအသင္းေတြထဲကတစ္သင္းမွာကစားေနရၿပီဆိုရင္ ဒီအသင္းရဲ႕ သမိုင္း၊ဒီအသင္းရဲ႕႐ိုးရာေတြကိုေလးစားမႈ႕ရွိဖို႔လိုအပ္ပါလိမ့္မယ္။ဒီလိုအသင္းမွာကစားေနၿပီဆိုထဲကဖလားေတြအတြက္ပဲ ၿပိဳင္ပြဲဝင္ရမယ္ဆိုတာနားလည္ထားရပါမယ္။ဖလားေတြကသာ အေရးႀကီးဆူံးပါပဲ။မန္ခ်က္စတာမွာ ဘယ္ေလာက္ပဲေကာင္းေအာင္ကစားေနေန ဒါကအေရးမႀကီးပါဘူး။ အေရးႀကီးတာက ပြဲအႏိုင္ရဖို႔နဲ႔ဖလားရရွိဖို႔ပါပဲ။”

“က်ေနာ္နဲ႔ပက္သက္ရင္လူတိုင္းကသိပ္ကို သေဘာက်ေနၾကမွာပါ။ဒါကလည္း က်နာ့္ရဲ႕ အစေကာင္းခဲ့မႈ႕ေတြေၾကာင့္ပါပဲ။ဒီအခ်ိန္မွာ က်ေနာ့္ဖက္က ေျခတစ္လွမ္းမွားလိုက္တာနဲ႔ ဒီေကာင္က မန္ယူႏိုက္တဒ္မွာ ကစားဖို႔မသင့္ေတာ္ဘူးဆိုတဲ့မွတ္ခ်က္ေတြထြက္လာမွာက်ေနာ္သိပါတယ္။”

“သူကမန္ယူႏိူက္တဒ္မွာကစားဖို႔မသင့္ေတာ္ဘူး၊ ငါတို႔သူ႔ေနရာအတြက္အျခားသူဝယ္ရလိမ့္မယ္ ဆိုတာမ်ိဳးေတြ ေျပာဆိုၾကပါလိမ့္မယ္။ဒီအေျခေနေတြေရာက္မလာေစဖို႔က်ေနာ္ပိုတိုးတက္ဖို႔ လိုအပ္ပါတယ္။ဒါကလည္း ေဝဖန္မယ့္သူေတြအတြက္မဟုတ္ပါဘူး။က်ေနာ့္ကိုယ္က်ေနာ္ပိုၿပီးတိုးတက္ဖို႔လိုအပ္လို႔ပါပဲ”။လို႔ဆိုပါတယ္။

unicode

ယူနိုက်တ‌ဒ် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် က သူ့အပေါ်ဝေဖန်ဖို့စောင့်နေတဲ့သူတွေကို ဝေဖန်မှု့မလုပ်ခင်မှာပဲ အကောင်းဆုံးပုံစံနဲ့တုံပြန်သွားမယ်လို့ စတင်စိန်ခေါ်လိုက်ပါတယ်။ ပေါ်တူဂီစတားဟာ အိုးထရဒ့်ဖိုဒ့် ကို ရောက်ရောက်ခြင်းမှာပဲ အကောင်းဆုံး ခြေစွမ်းတွေနဲ့အတူ ပရိတ်သတ်‌အချစ်တော်ဖြစ်လာခဲ့ပြီး လက်ရှိမှာလည်း ပေါဂ့်ဘာ နဲ့တွဲဖက်ကာ အသင်းရဲ့အကောင်းဆုံး ကွင်းလယ်ကို ဖန်တီးတည်ဆောက်နေသူဖြစ်ပါတယ်။သို့ပေမယ့် ကစားသမားဘဝမှာ အနိမ့်အမြင့် အတက်အကျ တွေရှိတာကြောင့် သူခြေလှမ်းတစ်ချက်မှားတာနဲ့ ဝေဖန်မယ့်သူတွေရှိနေတာကို နားလည်ထားပြီး သူတို့မဝေဖန်နိုင်ခင်မှာပဲ အကောင်းဆုံးပြန်လာခဲ့မယ်လို့ ကြုံးဝါးလိုက်တာဖြစ်ပါတယ်။

ဘရူနိုက ” ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းမှာကစားနေရပြီဆိုရင် ဒီအသင်းရဲ့ သမိုင်း၊ဒီအသင်းရဲ့ရိုးရာတွေကိုလေးစားမှု့ရှိဖို့လိုအပ်ပါလိမ့်မယ်။ဒီလိုအသင်းမှာကစားနေပြီဆိုထဲကဖလားတွေအတွက်ပဲ ပြိုင်ပွဲဝင်ရမယ်ဆိုတာနားလည်ထားရပါမယ်။ဖလားတွေကသာ အရေးကြီးဆူံးပါပဲ။မန်ချက်စတာမှာ ဘယ်လောက်ပဲကောင်းအောင်ကစားနေနေ ဒါကအရေးမကြီးပါဘူး။ အရေးကြီးတာက ပွဲအနိုင်ရဖို့နဲ့ဖလားရရှိဖို့ပါပဲ။”

“ကျနော်နဲ့ပက်သက်ရင်လူတိုင်းကသိပ်ကို သဘောကျနေကြမှာပါ။ဒါကလည်း ကျနာ့်ရဲ့ အစကောင်းခဲ့မှု့တွေကြောင့်ပါပဲ။ဒီအချိန်မှာ ကျနော့်ဖက်က ခြေတစ်လှမ်းမှားလိုက်တာနဲ့ ဒီကောင်က မန်ယူနိုက်တဒ်မှာ ကစားဖို့မသင့်တော်ဘူးဆိုတဲ့မှတ်ချက်တွေထွက်လာမှာကျနော်သိပါတယ်။”

“သူကမန်ယူနိူက်တဒ်မှာကစားဖို့မသင့်တော်ဘူး၊ ငါတို့သူ့နေရာအတွက်အခြားသူဝယ်ရလိမ့်မယ် ဆိုတာမျိုးတွေ ပြောဆိုကြပါလိမ့်မယ်။ဒီအခြေနေတွေရောက်မလာစေဖို့ကျနော်ပိုတိုးတက်ဖို့ လိုအပ်ပါတယ်။ဒါကလည်း ဝေဖန်မယ့်သူတွေအတွက်မဟုတ်ပါဘူး။ကျနော့်ကိုယ်ကျနော်ပိုပြီးတိုးတက်ဖို့လိုအပ်လို့ပါပဲ”။လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *