စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္‌ခဲ့တဲ့ ေတာ္မေနးကို အထူးသတိေပးလိုက္တဲ့ဘာဘာေတာဗ့္

ဘာဘာေတာဗ့္ကေတာ့ ယူႏိုက္တဒ္နဲ႔အတူ ၂၀၂၅ အထိရွိေနေစမယ့္ ကာလရွည္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့ မက္ေတာ္မေနး ကို လက္ရွိႀကိဳးစားအားထုတ္မႈ႕ေတြအတိုင္းပဲ ဆက္လက္ လုပ္ေဆာင္သြားဖို႔သတိေပးလိုက္ပါတယ္။ ကစားသမားေတြဟာ ျမင့္မားတဲ့လစာနဲ႔အတူ ကာလရွည္ၾကာ အနာဂတ္ေသခ်ာမယ့္ စာခ်ဳပ္ ေတြ ရရွိၿပီးရင္ ကစားပြဲအေပၚအာ႐ုံစူးစိုက္မႈ႕ေတြကေလ်ာ့က်သြားတတ္တာေၾကာင့္ ဘာဘာေတာဗ့္ က ေတာ္မေနးလိုအရည္အခ်င္းရွိၿပီး အလားလာေကာင္းတဲ့ ကစားသမား မ်ိဳးကို ေျခစြမ္းက်ဆင္းသြားမွာ စိုးရိမ္ေနတာပဲ ျဖစ္ပါတယ္။

ဘာဘာေတာဗ့္က “အခုခ်ိန္ကစေကာ့ရဲ႕စာခ်ဳပ္ကိုသက္တမ္းတိုးဖို႔အေကာင္း‌ဆုံးအခ်ိန္လို႔ က်ေနာ္တို႔ထင္ပါတယ္။စေကာ့က အသင္းမွာ ပုံကစားခြင့္ရေနၿပီး သူ႔ရဲ႕တိုးတက္မႈ႕ကလည္း ေကာင္းမြန္တဲ့အေနထားတစ္ရပ္မွာ ရွိေနပါတယ္။ဒီစာခ်ဴပ္သက္တမ္းတိုးျမႇင့္လိုက္တာက ယူႏိုက္တဒ္အေနနဲ႔လည္း စေကာ့အေပၚ ႀကီးမားတဲ့ ယုံၾကည္ခ်က္ရွိေနတယ္ဆိုတာကိုျပသလိုက္တာပါပဲ။ကလပ္အေနနဲ႔ ဒီကာလရွည္ၾကာစာခ်ဳပ္ကေန အနာဂတ္မွာစေကာ့အေပၚ မွီခိုလိမ့္မယ္လို႔ ထုတ္ျပန္လိုက္တာပါ။”

” စေကာ့က သိပ္ကိုငယ္႐ြယ္ေသးၿပီး အခုမွ ၂၀ ေက်ာ္ပဲရွိေသးတာပါ။ဒါေပမယ့္ ကလပ္က သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈ႕အေပၚမွာတန္ဖိုးထားၿပီးႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္ဆိုေပးခဲ့တာက သူ႔အတြက္ သိပ္ကိုဂုဏ္ယူစရာျဖစ္ေနပါလိမ့္မယ္။စေကာ့အေနနဲ႔ လက္ရွိမွာ ကလပ္ကေပးလာတဲ့ အခြင့္အေရးကိုအသူံးခ်ၿပီး သူကဘာေၾကာင့္ ဒီစာခ်ဳပ္နဲ႔ထိုက္တန္လည္းဆိုတာကိုသက္ေသျပရပါေတာ့မယ္။အရင္ကထက္ ပိုေကာင္းလာဖို႔လိုအပ္သလို ပြဲထဲမွာအရင္ကထက္လည္းပိုၿပီးအားထုတ္ႀကိဳးပမ္းဖို႔လိုလာပါၿပီ။”

“ဒါမွလည္းသူ႔အေနနဲ႔ ပုံမွန္ပြဲထြက္ခြင့္တစ္ေနရာကိုပိုင္ဆိုင္ႏိုင္ပါလိမ့္မယ္။စေကာ့အေနနဲ႔ဆိုရင္ေတာ့ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ကတကယ္ကိုပဲထိုက္တန္ပါတယ္။ကြင္းထဲမွာဆိုရင္လည္း သူကေဘာလုံးရွိသည္ျဖစ္ေစ၊ ေဘာလုံးေနာက္လိုက္ေနရသည္ျဖစ္ေစ ယုံၾကည္ခ်က္အျပည့္ပါပဲ။သူကလက္ရွိမွာ သူ႔ေနရာနဲ႔အသားတက်ျဖစ္ေနၿပီး သူ႔ကစားပုံကိုလည္းထိန္းထားႏိုင္ပါၿပီ။သူ႔ရဲ႕ႀကံခိုင္မႈ႕နဲ႔ကစားပုံေတြအရ အနာဂတ္မွာ မန္ယူႏိုက္တဒ္ရဲ႕ အသင္းေခါင္းေဆာင္ျဖစ္လာႏိုင္တဲ့ စိတ္ဓာတ္နဲ႔အရည္အခ်င္းေတြကိုျမင္ေနရပါတယ္” ဟု သုံးသပ္ေျပာၾကားသြားခဲ့ပါတယ္။

unicode

ဘာဘာတောဗ့်ကတော့ ယူနိုက်တဒ်နဲ့အတူ ၂၀၂၅ အထိရှိနေစေမယ့် ကာလရှည်စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့ မက်တော်မနေး ကို လက်ရှိကြိုးစားအားထုတ်မှု့တွေအတိုင်းပဲ ဆက်လက် လုပ်ဆောင်သွားဖို့သတိပေးလိုက်ပါတယ်။ ကစားသမားတွေဟာ မြင့်မားတဲ့လစာနဲ့အတူ ကာလရှည်ကြာ အနာဂတ်သေချာမယ့် စာချုပ် တွေ ရရှိပြီးရင် ကစားပွဲအပေါ်အာရုံစူးစိုက်မှု့တွေကလျော့ကျသွားတတ်တာကြောင့် ဘာဘာတောဗ့် က တော်မနေးလိုအရည်အချင်းရှိပြီး အလားလာကောင်းတဲ့ ကစားသမား မျိုးကို ခြေစွမ်းကျဆင်းသွားမှာ စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။

ဘာဘာတောဗ့်က “အခုချိန်ကစကော့ရဲ့စာချုပ်ကိုသက်တမ်းတိုးဖို့အကောင်း‌ဆုံးအချိန်လို့ ကျနော်တို့ထင်ပါတယ်။စကော့က အသင်းမှာ ပုံကစားခွင့်ရနေပြီး သူ့ရဲ့တိုးတက်မှု့ကလည်း ကောင်းမွန်တဲ့အနေထားတစ်ရပ်မှာ ရှိနေပါတယ်။ဒီစာချူပ်သက်တမ်းတိုးမြှင့်လိုက်တာက ယူနိုက်တဒ်အနေနဲ့လည်း စကော့အပေါ် ကြီးမားတဲ့ ယုံကြည်ချက်ရှိနေတယ်ဆိုတာကိုပြသလိုက်တာပါပဲ။ကလပ်အနေနဲ့ ဒီကာလရှည်ကြာစာချုပ်ကနေ အနာဂတ်မှာစကော့အပေါ် မှီခိုလိမ့်မယ်လို့ ထုတ်ပြန်လိုက်တာပါ။”

” စကော့က သိပ်ကိုငယ်ရွယ်သေးပြီး အခုမှ ၂၀ ကျော်ပဲရှိသေးတာပါ။ဒါပေမယ့် ကလပ်က သူ့ရဲ့ကြိုးစားအားထုတ်မှု့အပေါ်မှာတန်ဖိုးထားပြီးနှစ်ရှည်စာချုပ် ချုပ်ဆိုပေးခဲ့တာက သူ့အတွက် သိပ်ကိုဂုဏ်ယူစရာဖြစ်နေပါလိမ့်မယ်။စကော့အနေနဲ့ လက်ရှိမှာ ကလပ်ကပေးလာတဲ့ အခွင့်အရေးကိုအသူံးချပြီး သူကဘာကြောင့် ဒီစာချုပ်နဲ့ထိုက်တန်လည်းဆိုတာကိုသက်သေပြရပါတော့မယ်။အရင်ကထက် ပိုကောင်းလာဖို့လိုအပ်သလို ပွဲထဲမှာအရင်ကထက်လည်းပိုပြီးအားထုတ်ကြိုးပမ်းဖို့လိုလာပါပြီ။”

“ဒါမှလည်းသူ့အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာကိုပိုင်ဆိုင်နိုင်ပါလိမ့်မယ်။စကော့အနေနဲ့ဆိုရင်တော့ စာချုပ်သစ်ချုပ်ဆိုဖို့ကတကယ်ကိုပဲထိုက်တန်ပါတယ်။ကွင်းထဲမှာဆိုရင်လည်း သူကဘောလုံးရှိသည်ဖြစ်စေ၊ ဘောလုံးနောက်လိုက်နေရသည်ဖြစ်စေ ယုံကြည်ချက်အပြည့်ပါပဲ။သူကလက်ရှိမှာ သူ့နေရာနဲ့အသားတကျဖြစ်နေပြီး သူ့ကစားပုံကိုလည်းထိန်းထားနိုင်ပါပြီ။သူ့ရဲ့ကြံခိုင်မှု့နဲ့ကစားပုံတွေအရ အနာဂတ်မှာ မန်ယူနိုက်တဒ်ရဲ့ အသင်းခေါင်းဆောင်ဖြစ်လာနိုင်တဲ့ စိတ်ဓာတ်နဲ့အရည်အချင်းတွေကိုမြင်နေရပါတယ်” ဟု သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *