၂၀၁၉ က နယူးကာဆယ် နဲ့ ရင်ဆိုင်ခဲ့တဲ့ အသင်းကို နတ်ရေကန်ထဲ ပစ်ချလိုက်တဲ့ ဆိုးလ်ရှား

မန်ယူနိုက်တဒ် ရဲ့ နယူးကာဆယ်ကို (၄-၁) နဲ့ အနိုင်ရခဲ့တဲ့ ပွဲက ရလာဒ်ပိုင်းထက် ပိုမိုရင်ခုန်ဖို့ကောင်းခဲ့တာက အသင်းရဲ့ လူအင်အား တောင့်တင်းမှု့ ဖြစ်ပါတယ်။ ဆိုးလ်ရှား ရဲ့ ပွဲထွက်အခင်းကျင်းဟာ ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံးအသင်းအဖြစ် ဗိုလ်ဝင်ခံနိုင်တဲ့ အရည်အချင်းမျိုး ရှိသလို အရံခုံမှာတော့ အချိန်မရွေး ဝင်လာပြီးမတူညီတဲ့ တိုက်စစ်ကစားဟန်တွေနဲ့ အသင်းကို ဂိုးတွေရယူပေးနိုင်တဲ့ ကစားသမားတွေ အပြည့်အဝ ပိုင်ဆိုင်နေပါတယ်။ …

Read More

ရာဖေးလ်ဗာရန်းပြောပြမယ့် နတ်ဆိုးတို့ရဲ့ အိမ်မက်ပြဇာတ်ရုံအောက် နားခိုခြင်း

ရာဖေးလ်ဗာရန်းပြောပြမယ့် နတ်ဆိုးတို့ရဲ့ အိမ်မက်ပြဇာတ်ရုံအောက် နားခိုခြင်း ယူနိုက်တဒ် ရဲ့ ရာဖေးလ်ဗာရန်း ခေါ်ယူမှု့ ခရီးရှည်ကြီး ဟာ ယနေ့မှာတော့ တရားဝင်အဆုံးသတ်ခဲ့ပြီးနောက် သူ့ရဲ့ဆယ်စုနှစ်တစ်ခုကြာ အောင်မြင်ခဲ့ခြင်း တွေရဲ့ နောက်ကွယ်ကအဖြစ်ပျက် တွေအပြင် ယူနိုက်တဒ် ထံပြောင်းရွှေ့ဖို့ စဉ်းစားဆုံးဖြတ်ခဲ့တဲ့ အခြေအနေတွေ နဲ့ပက်သက်လို့ အသင်းနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြန်လည်ရှင်းပြခဲ့ပါတယ်။ ဗာရန်း ရဲ့ အပြောင်းရွှေ့ ဟာ ဆယ်စုနှစ်တစ်ခုအတွင်း …

Read More

ပရီးမီးယားလိဂ် မုန်တိုင်းကြားမှာ မွေးဖွားလာတဲ့ နတ်ဘုရားတစ်ပါး (ဆောင်းပါး)

ဘရူနို ရဲ့ 19-20 ခြေစွမ်း ကအံအားသင့်စရာကောင်းတယ်ဆိုရင်တောင် ဒါဟာ စပို့တင်းနဲ့ ရာသီဝက် ပြီးတော့ လိဂ်အသစ်မှာ ကစားသမားအသစ်ရဲ့စန်းထမှု့ တို့ ရှိနေလို့ မသိသာတဲ့ အခြေအနေတစ်ရပ်အဖြစ် ချောင်ထိုး ခဲ့တဲ့ အခြေအနေကို မမြင်ချင်ယောင် ဆောင်ခဲ့ကြရပါတယ်။ ၂၀၂၀-၂၀၂၁ ရာသီမှာတော့ ဘရူနိုအပေါ် မျက်လုံးအစုံ ဟာ ဒေါက်ထောက် ကြည့်နေခဲ့ပြီး သူ့ရဲ့ ပယ်နယ်တီ တစ်ကြိမ်လွဲတာ …

Read More

မန်ယူ ပြန်လာပြီလို့ အခိုင်အမာဆိုလိုက်တဲ့ ရာဖေးလ်ဒါဆေးဗား

ဆာအဲလက်စ်ဖာဂူဆန်လက်ထက်က ယူနိုက်တက်အသင်းရဲ့အကောင်းဆုံး ညာနောက်ခံလူဖြစ်တဲ့ ရာဖေးလ်ဒါဆေးဗားကတော့ အသင်းဟောင်းအနေနဲ့ အောင်မြင်မှုတွေကို ပြန်လည်ရယူဖို့ တာဆူနေပြီလို့ အခိုင်အမာဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နည်းပြကြီးဆာအဲလက်စ် ဖာဂူဆန်မရှိတော့တဲ့နောက်ပိုင်း နာမည်ကျော်နည်းပြတွေတယောက်ပြီးတယောက် လဲလှယ်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ဆုဖလားးကို ဆွတ်ခူးနိုင်ခြင်းမရှိတော့ပါဘူး။ ဒါပေမယ့် အိုလီဂန်နားဆိုးလ်ရှားလက်ထက်မှာတော့ အရင်ကနဲ့မတူတဲ့ ပြုပြင်းပြောင်းလဲမှုတွေ ပြုလုပ်နေပြီး ကစားသမားခေါ်ယူရေးပိုင်းမှာ အောင်မြင်တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ အခုလည်းလာမယ့်ရာသီ ဆုဖလားစိန်ခေါ်ဖို့အတွက် ဆန်ချို ဗာရိန်းလို ကမ္ဘာ့အဆင့်ကစားသမားတွေကို …

Read More

အပြောင်းရွှေ့တွေနဲ့တပြိုင်နက် အဓိကကွင်းလယ်လူကို စာချူပ်သစ်ချူပ်ဆိုမယ့် ယူနိုက်တဒ်

ယူနိုက်တဒ် ရဲ့ ဒီနွေအပြောင်းရွှေ့ခြေလှမ်းတွေက ခပ်စိတ်စိတ်နဲ့ သွက်သွက်လျှောက်လှမ်းလိုဟန်တူပါတယ်။ဆိုးလ်ရှား ဟာ ဘောလုံးပိုင်းဆိုင်ရာတိုးတက်ရေး အစီမံတွေကို တာဝန်ယူခွင့်ရပြီးနောက် အားကစားဒါရိုက်တာ၊နည်းစနစ်ဒါရိုက်တာ တွေ နဲ့ ပေါင်းစပ်ထားတဲ့ အပြောင်းရွှေ့ညှိနှိုင်းရေးအဖွဲ့ဟာ ကစားသမားအသစ်ခေါ်ယူရေးတွေအတွက် ပြင်းထန်တဲ့ ဖိအားတွေကို ရင်ဆိုင်ကာ အပြင်းထန် ကြိုးပမ်းနေတဲ့တပြိုင်နက် မှာပဲ တစ်ဖက်မှာလည်း အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေကိုလည်း စာချူပ်သစ် တွေချူပ်ဆိုဖို့ပြင်ဆင်လာပါတယ်။ ပြင်ပ အခြေအနေတွေကိုသာမက အသင်းရဲ့အတွင်းစည်းအခြေအနေတွေကိုလည်းလက်လွှတ်မခံပဲ …

Read More

ပဲလေ့စ်နဲ့ပွဲအပြီး အ၀တ်လဲခန်းက သရဲနီတို့ရဲ့အခြေအနေကို ရှင်းပြခဲ့တဲ့ မာတစ်ခ်ျ

ယူနိုက်တက်အသင်းကတော့ ပဲလေ့စ်ကို ရင်ဆိုင်ခဲ့ရမှာ ပထမအကျော့ ရှုံးကြွေးကို မဆပ်နိုင်ခဲ့ပဲ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ချယ်ဆီးအသင်းကို ဂိုးမရှိသရေဖြစ်ခဲ့သလို မနေ့ညမှာလည်း ပဲလေ့စ်ကို သရေသာ ကစားနိုင်ခဲ့တာကြောင့် ဇယားထိပ်ဆုံးက မန်စီးတီးအသင်းထက် ရမှတ်ပိုမို လျော့ကျခဲ့တာကြောင့် ဖလားလမ်းကြောင်းနဲ့ သွေဖယ်နေပြီဖြစ်ပါတယ်။ ယမန်နေ့ညက မာတစ်၊ ရပ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ ကန်ချက်တွေ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် …

Read More

မြန်မာလူမျိုးတွေအတွက် ကျန်းမာရေးနဲ့ညီတဲ့ အကောင်းဆုံး နံနက်စာ Breakfast ကို အကြံပြုခြင်း

နံနက်ခင်းမှာ ဒယ်အိုးထဲ သံလွင်ဆီ ထမင်းစားတဇွန်း ထည့်ပြီး ပူလာရင် နနွင်း လက်ဘက်ရည်တဇွန်း ထည့်ပါ၊ နနွင်းဟာ ဆီထဲမှာပဲ ပျော်ဝင်ပါတယ်၊ ရေမှာ မပျော်ပါဘူး။ နနွင်းပျော်သွားရင် ငရုတ်ကောင်း နဲနဲထည့်ပါ။ ငရုတ်ကောင်းထဲမှာပါတဲ့ Piperine ဓါတ်ပေါင်းကသာ နနွင်းကို လူ့သွေးကြောထဲ ပို့ပေးနိုင်တယ်။ နနွင်းကို ဒီအတိုင်း သောက်ရင် အူက မစုတ်နိုင်ပါဘူး။ စားသမျှ နနွင်းရဲ့ …

Read More

ကာဗာနီကို ခေါ်ယူနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ဝန်ခံခဲ့တဲ့ ဆိုးလ်ရှား

မန်ယူနိုက်တဒ်အသင်းဟာ လက်ရှိမှာ စာချုပ်သက်တမ်း ကုန်ဆုံးနေတဲ့ တိုက်စစ်မှုး အီဒင်ဆင်ကာဗာနီ ကို အလွတ်ကစားသမားအနေနဲ့ ခေါ်ယူခဲ့ပြီးနောက် ဆိုးလ်ရှားက ကာဗာနီ ရဲ့ အရည်အသွေးတွေကို အထူးချီးကျူးလျက်ရှိပါတယ်။ ဆိုးလ်ရှားအနေနဲ့ လာမယ့် ဇန်နဝါရီ မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အီဟာလို ကို ‌ကာဗာနီ နဲ့အစာထိုးခဲ့တာဖြစ်ပြီး ဥရုဂွေးတိုက်စစ်မှုးက အသင်းမှာ အဓိကကျတဲ့ နေရာကနေ ပါဝင်လာမှာဖြစ်ပါတယ်။ ကာဗာနီ …

Read More

နောက်ဆုံးအပြောင်းအရွှေ့များပါဝင်တဲ့ နံနက်ခင်း ယူနိုက်တက် သတင်းတိုများ

ယူနိုက်တက်အသင်းဟာ အသက်(27)နှစ်အရွယ်ဘယ်နောက် ခံလူ တဲလက်စ်ကို ပြောင်းရွှေ့ကြေး ယူရို(15.4)သန်း + အပိုဆု ကြေး ယူရို(3)သန်း ဖြင့်ပေါ်တိုအသင်းမှခေါ်ယူလိုက်ပြီးဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ  Peñarol အသင်းမှ ဥရုဂွေး လူငယ်ကစားသမား Facundo Pellistri (၁၈ နှစ်) အား ၅ နှစ်စာချုပ် + ၁ နှစ်ဖြင့် တရားဝင် ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ …

Read More

အပြောင်းရွှေ့နောက်ဆုံးရက်မှာ အလုပ်များနေတဲ့ယူနိုက်တဒ်

မန်ယူနိုက်တဒ်အသင်းရဲ့အပြောင်းအရွှေ့နောက်ဆုံးရက်က‌တော့ အတော်လေး အလုပ်ရှုပ်နေသလို ကာရင်တန် ဟာ ဆေးစစ်မှုး လေးခုအထိ ပြုလုပ်ပြင်ဆင်ထားတယ်လို့သိရပါတယ်။ လက်ရှိမှာ ကာဗာနီ နဲ့ တဲလက်စ် ကို ဆေးစစ်နေပြီး နောက်ထပ် ကစားသမား နှစ်ယောက်ကို ချက်ချင်းဆေးစစ်မှု့ ခံယူနိုင်ဖို့ အဒ်ဝုဒ်ဝဒ်က ညွှန်ကြားထားသလို ယူနိုက်တဒ် မီဒီယာ အဖွဲ့ကယနေ့မှာ အလုပ်အရှုပ်ဆုံးနေ့တစ်နေ့နဲ့ကြုံတွေ့နေပါတယ်။ တော့တင်ဟမ် အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ယူနိုက်တဒ်အမှု့ဆောင်ချုပ် အဒ်ဝုဒ်ဝဒ် …

Read More